၁။ ကို ဗစ် ၁၉ လူ နာ များ အား အုပ် စု ခွဲ ခြင်း
ကို ဗစ် ၁၉ လူ နာ များ ကို အောက် ပါ အ တိုင်း အ ဆင့် ခွဲ ခြား သတ် မှတ် အုပ် စု ခွဲ နိုင် သည်။
သာ မန် အ နံ့ ပျောက်၊ ဖျား ၊ ချောင်း ဆိုး သော လူ နာ ကို သည်း ထန် မှု အ ဆင့် (၁) လူ နာ
အ သက် ရှူ အ နည်း ငယ် ကြပ် သော လူ နာ သို့မ ဟုတ် SpO2 ၉၄ နှင့် ၈၄ ကြား ရှိ နေ သော လူ နာ ကို သည်း ထန် မှု အ ဆင့် (၂) လူ နာ
အ သက် ရှူ အ လွန် ကြပ် သော လူ နာ (သို့ မ ဟုတ် ) SpO2 ၈၃ အောက် ကျ ဆင်း နေ သော လူ နာ ကို သည်း ထန် မှု အ ဆင့် (၃) လူ နာ
ဟူ ၍ သည်း ထန် မှု အ ဆင့် များ ခွဲ ခြား နိုင် ပြီး၊ အုပ် စု ခွဲ သင့် သည်။
၂။ ဌာ န ခွဲ နှင့် အ ဖွဲ့ များ ဖွဲ့ စည်း ခြင်း
လူ နာ ပြု စု ကယ် ဆယ် ကု သ ရေး အတွက် ယျေ ဘု ယျ အား ဖြင့် ဌာ န တစ် ခု အ တွင်း ဌာ န ငယ် များ (sector) ၃ ခု ခွဲထား သင့် သည်။
ထို နည်း တူ စွာ အ ဖွဲ့ (Team )၃ ဖွဲ့ ခွဲ ထား သင့် သည်။
ဥ ပ မာ။ ။
က) ဌာ န ခွဲ ၁ နှင့် အ ဖွဲ့ ၁
ခ) ဌာ န ခွဲ ၂ နှင့် အ ဖွဲ့ ၂
ဂ) ဌာ န ခွဲ ၃ နှင့် အ ဖွဲ့ ၃
အ ဓိ ပ္ပါယ် ဖွင့် ဆို ချက် များ
က) ဌာ န ခွဲ ၁ နှင့် အ ဖွဲ့ ၁ သည် သည်း ထန် မှု အ ဆင့် (၁) လူ နာ များ ကို ပြု စု စောင့် ရှောက် မည့် ဌာ န နှင့် အ ဖွဲ့ ဖြစ် သည်။
ခ) ဌာ န ခွဲ ၂ နှင့် အ ဖွဲ့ ၂ သည် သည်း ထန် မှု အ ဆင့် (၂) လူ နာ များ ကို ပြု စု စောင့် ရှောက် မည့် ဌာ န နှင့် အ ဖွဲ့ ဖြစ် သည်
ဂ) ဌာ န ခွဲ ၃ နှင့် အ ဖွဲ့ ၃ သည် သည်း ထန် မှု အ ဆင့် (၃) နှင့် သေ မင်း နှင့်စစ် ခင်း အ သက် လု နေ ရ သည့် လူ နာ များ ကို ပြု စု စောင့် ရှောက် မည့် ဌာ န နှင့် အ ဖွဲ့ ဖြစ် သည်။
မှတ် ချက်။ ။
သည်း ထန် မှု အ ဆင့် များ အ ကြောင်း ကို အ ပိုင်း (၁) တွင် လည်း ကောင်း၊ ယ ခု အ ပိုင်း (၄) ၏ အ စ တွင် လည်း ကောင်း၊ ရှင်း လင်း ထား ပါ သည်။
ဌာ န ခွဲ ၁ နှင့် အ ဖွဲ့ ၁ တည် ဆောက် ဖွဲ့ စည်း လည် ပတ် ပုံ များ ကို အ ပိုင်း ( ၃) တွင် ရှင်း လင်း အ ကြံ ပြု တင် ပြ ခဲ့ သည်။
၃။ ဌာ န ခွဲ ၂/၃ နှင့် အ ဖွဲ့ ၂/၃ အ သေး စိပ် ရှင်း လင်း ချက် များ
ယခု အ ပိုင်း (၄) တွင် ဌာ န ခွဲ ၂/၃ နှင့် အ ဖွဲ့ ၂/၃ ၏ အ သေး စိတ် လုပ် ငန်း တာ ဝန် များ စ တည် ခွဲ ဝေ တည် ဆောက် လည် ပတ် ရန် အ တွက် ယျေ ဘု ယျ အ ချက် များ ကို အ ကြံ ပြု တင် ပြ မည်။
က။ ။ ဌာ န ခွဲ ၂ ( sector 2 ) သည်၊ ကို ဗစ် ၁၉ ကူး စက် ခံ ထား ရ သော၊ သည်း ထန် မှု အ ဆင့် (၂) လူ နာ များ ကို လက် ခံ ကြို ဆို ပြီး၊ ကယ် ဆယ် ကု သ ပေး မည့် ဌာ န ဖြစ် သည်။
ယျေ ဘု ယျ အား ဖြင့်အ တွင်း လူ နာ များ ကို ကု သ ပေး သော ဌာ န နှင့် အ လား တူ သည်။
သည်း ထန် မှု အ ဆင့် (၂) လူ နာ များ အ ခြေ အ နေ ပို ဆိုး လာ ၍ သည်း ထန် မှု အ ဆင့် (၃) လူ နာ များ အ ဖြစ် အ ဆင့် တက် သွား လျှင်၊ ဌာ န ခွဲ (၃) သို့ အ လျှင် အ မြန် လွှဲ ပြောင်း ရ မည် ဖြစ် သည်။
အ ကယ် ၍ ဌာ န ခွဲ (၃) တွင် ကု တင် များ ပြည့် နေ လျှင်၊ ထပ် မံ မ တိုး ချဲ့ ရ သေး လျှင်၊ ဌာ န ခွဲ (၂) အ တွင်း တွင် ပင်၊ လို အပ် သော ကယ် ဆယ် ကု သ ရေး ဆိုင် ရာ ပ စ္စည်း ကိ ရိ ယာ များ ကို ယူ ဆောင် တပ် ဆင် ပြီး၊ ဌာ န ခွဲ (၃) ၏ ကယ် ဆယ် ကု သ ရေး ဝန် ဆောင် မှု ကို ပေး ရ မည် ဖြစ် သည်။
ခ။ ။ ဌာ န ခွဲ ၃ (Sector 3)သည်၊ ကို ဗစ် ၁၉ ကူး စက် ခံ ထား ရ သော၊ သည်း ထန် မှု အ ဆင့် (၃) လူ နာ များ နှင့် သေ မင်း နှင့်စစ် ခင်း အ သက် လု နေ ရ သည့် လူ နာ များ ကို လက် ခံ ကြို ဆို ပြီး၊ ကယ် ဆယ် ကု သ ပေး မည့် ဌာ န ဖြစ် သည်။
လို အပ် လာ ပါ က၊ အ သည်း အ သန် လူ နာ ဌာ န ခွဲ ( ICU ) အ ဖြစ် လဲ အ သုံး ပြု နိုင် မည့် နေ ရာ ဖြစ် သည်။
သည်း ထန် မှု အ တင့် (၃) လူ နာ များ တွင်၊ သ တိ လစ် မည့် အ ခြေ အ နေ များ ၊ စ ကား အ ပြန် အ လှန် ပြော ဆို ရာ တွင် အ ပေါက် အ လမ်း မ တည့် ခြင်း များ ဖြစ် လာ ခြင်း၊ အောက် ဆီ ဂျင် ပေး နေ သော် လည်း သွေး ထဲ ရှိ အောက် ဆီ ဂျင် ရာ ခိုင် နှုန်း ပ မာ ဏ ၅၀ အောက် ကျ လာ ခြင်း များ ဖြစ် လာ ပါ က၊ အ လို အ လျောက် အ သက် ကူ ရှူ စက် (Ventilator ) နှင့် ချိတ် ဆက် ကု သ ပေး ရ မည့် နေ ရာ ဖြစ် သည် ။
ဆို လို သည် မှာ သေ မင်း နှင့် စစ် ခင်း အ သက် လုနေ ရ သည့်၊ အ သည်း အ သန် လူ နာ ခန်း (ICU) ဟူ ၍ သီး သန့် မ ရှိ တော့ ဘဲ၊ ကု တင် ဘေး တွင် အ သင့် ရှိ နေ သော ( သို့ မဟုတ် )( ဆေး စ တို ခန်း တွင် သိမ်း ဆည်း ထား သော )
အ လို အ လျောက် အ သက် ကူ ရှူ စက် (Ventilator ) ကို စ တင် နှိုး ၍ ချိတ် ဆက် ပေး ရန် ဖြစ် သည်။
အ သည်း အ သန် လူ နာ ကို အ လို အ လျောက် အ သက် ကူ ရှူ စက် (Ventilator)နှင့် ချိတ် ဆက် ပေး ရန် အ တွက်၊ လေ ပြွန် အ တွင်း သို့ ထည့် သော လေ ပိုက် (endotracheal tube ) ထည့် ရန် လို အပ် သည်။
မှတ် ချက်။ ။ ထို သို့ လေ ပြွန် အ တွင်း သို့ ထည့် သော လေ ပိုက် (endotracheal tube ) ထည့် ရန်၊ မေ့ ဆေး ဆ ရာ ဝန် တစ် ဦး နှင့် ကူ ညီ ထောက် ပံ့ ပေး မည့် သူ အ သည်း အ သန် လူ နာ ဌာ န (ICU) ဆိုင် ရာ ကျွမ်း ကျင် သူ နာ ပြုဆ ရာ မ နှစ် ဦး အ နည်း ဆုံး လို အပ် မည်။
မှတ် ချက်။ ။ မြန် မာ နိုင် ငံ တွင်၊ ကို ဗစ် ၁၉ အ သည်း အ သန် လူ နာ များ အ တွက် အ လို အ လျောက် အ သက် ကူ ရှူ စက် (Ventilator)နှင့် ချိတ် ဆက် ၍ ကု သ ပေး သည့် ကု ထုံး သည်၊ စက် ဈေး ကြီး ခြင်း၊ ပ ညာ ရှင် လို အပ် ခြင်း၊ နေ့စဉ် ကုန် ကျ စား ရိတ် များ ခြင်း တို့ ကြောင့် မ ဖြစ် နိုင် ဟု လူ အ များ က ထင် ကြေး ပေး ကြ သည်။
သို့ သော်၊ alibaba.com ပင် ရင်း မှ၊ ဗ ဟို အ ဖွဲ့ အ စည်း သို့ မ ဟုတ် အ စိုး ရ မှ တိုက် ရိုက် ဝယ်ယူ မည် ဆို လျှင် တစ် လုံး လျင် ဒေါ် လာ ၃၀၀၀ သို့ မ ဟုတ် မြန် မာ ငွေ ကျပ် သိန်း ၃၀ နှင့် ၅၀ ပတ် ဝန်း ကျင် ဖြင့် ဝယ် ယူ ရ ရှိ နိုင် သည်။
အ မြတ် ကြိး စား ကြား ခံ ပွဲ စား တ တိ ယ အုပ် စု မ ခံ ဘဲ ၊ အ မှန် တ ကယ် လို အပ် နေ သော ဌာ န ခွဲ ၃ ( sector 3) အ တွက်၊ မှန် ကန် စွာ ကြီး ကြပ် ဆောင် ရွက် မည် ဆို ပါ က ဖြစ် နိုင် သည်။ ဖြစ် နိုင် အောင် ကြိုး စား လျှင် ကို ဗစ် ၁၉ အ သည်း အ သန် လူ နာ များ ကို ပို မို ကယ် တင် နိုင် မည်။
စက် ပစ္စည်း အ ပြင်၊ ကျွမ်း ကျင် ပ ညာ ရှင် နှင့် နည်း ပ ညာ လည်း လို အပ် သည်။
လေ ပြွန် အ တွင်း သို့ ထည့် သော လေ ပိုက် (endotracheal tube ) ထည့် ပုံ ထည့် နည်း များ ကို အောက် ပါ ပ ညာ ပေး video တွင် လေ့ လာ နိုင် သည်။

ယ ခု ကဲ့ သို့ ကပ် ဆိုက် နေ ချိန်၊ ကျန်း မာ ရေး ပ ညာ ရှင် များ ရှား ပါး နေ ချိန် တွင်၊ တွင် ကျွမ်း ကျင် သော မေ့ ဆေး ဆ ရာ ဝန် အ နေ ဖြင့်၊ လေ ပြွန် အ တွင်း သို့ ထည့် သော လေ ပိုက် (endotracheal tube )ထည့် သွင်း ပုံ ထည့် သွင်း နည်း ကို၊ ကယ် ဆယ် ကု သ မှု တွင် ပါ ဝင် ကြ မည့် (တက် ကြွ သော၊ ဖြတ် ထိုး ဉာဏ် ကောင်း သော) ကျန်း မာ ရေး လုပ် သား များ အား ဆင့် ပွါး ပို့ ချ လေ့ ကျင့် ပေး သင့် သည်။ သို့ မှ သာ ဌာ န ခွဲ များ ကို ပို မို ချဲ့ ထွင် တည် ဆောက် နိုင် မည် ဖြစ် သည်။
ဂ။ ။ ဌာ န ခွဲ ၂ နှင့် ၃ တည် ဆောက် ချဲ့ ထွင် ရန် အ ခြေ ခံ လို အပ် ချက် များ
ဌာ န ခွဲ ၂ နှင့် ဌာ န ခွဲ ၃ ၏ တည် ဆောက် ပုံ အ ပြင် အ ဆင် များ ၏ ယေ ဘု ယျ လို အပ် ချက် များ ကို အ ပိုင်း ၂ တွင် တင် ပြ ထား ပြီး ဖြစ် သည်။
ဃ။ ။ လုပ် ဆောင် ချက် ပို မို ကောင်း မွန် နိုင် စေ ရန် ဦး စား ပေး တည် နေ ရာ ရွေး ခြယ် ခြင်း။
ပို မို ထိ ရောက် မြန် ဆန် သော ကု သ ရေး အ တွက်၊ ဌာ န ခွဲ တစ် ခု မှ တစ် ခု သို့ လူ နာ လွှဲ ပြောင်း မှု ပြု လုပ် ရာ တွင်၊ မြန် ဆန် အ ဆင် ပြေ စေ ရန် အ ရေး ကြီး သည်။
ထို့ ကြောင့်၊ ဌာ န ခွဲ ၂ နှင့် ဌာ န ခွဲ ၃ သည် မြို့ အ ဆင့် ဆေး ရုံ များ၊ ခ ရိုင် အ ဆင့် ဆေး ရုံ များ၊ တိုင်း နှင့် ပြည် နယ် ဆေး ရုံ များ၊ ပု ဂ္ဂ လိ က ဆေး ရုံ ဆေး ခန်း များ၊ အ နီး တွင် တိုး ချဲ့ ဆောင် များ အ ဖြစ် စီ စဉ် တည် ဆောက် နိုင် လျှင် ပို ကောင်း သည်။
င။ ။ ကို ဗစ် ၁၉ နှင့် မ သက် ဆိုင် သည့် အ ခြား သော လူ နာ များ အ တွက်၊ ကု တင် နေ ရာ၊ နှင့် ကျန်း မာ ရေး ပ ညာ ရှင်၊ ဝန် ထမ်း အ ရေ အ တွက်၊ ဆေး ဝါး ပ စ္စည်း ကိ ရိ ယာ အ ရင်း အ မြစ် များ ကို ကြို တင် မြော် မှန်း တွက် ချက် ဖယ် ထုတ် ထား ခြင်း
(က) ဆေး ရုံ များ အ တွင်း ဌာ န ခွဲ ၂ နှင့် ဌာ န ခွဲ ၃ ကို ကု တင် နေ ရာ အ ပို များ ရှိ ပါ က တည် ဆောက် ဖန် တီး နိုင် သော် လည်း၊ ကို ဗစ် ၁၉ မ ဟုတ် သော အ ခြား သော ကျန်း မာ ရေး အ ခြေ အ နေ များ ကို ခံ စား နေ ရ သော အ ရေး ကြီး လူ နာ များ မ နစ် နာ စေ ရန် ရာ ခိုင် နှုန်း အ ချိုး တစ် ခု သတ် မှတ် တည် ဆောက် ချဲ့ ထွင် သင့် သည်။ ယျေ ဘု ယျ အား ဖြင့် ၅၀% သတ် မှတ် သင့် သည်။
ဥ ပ မာ။ ။ တိုက် နယ် ဆေး ရုံ အား ဥ ပ မာ ပေး မည်။
ကု တင် ၁၀၀ ရှိ သော တိုက် နယ် ဆေး ရုံ တစ် ခု တွင် ကု တင် ၅၀ ကို၊ ကိုဗစ် ၁၉ လူ နာ များ အား ကယ် ဆယ် ကု သ ရေး အ တွက် သတ် မှတ် ထား သင့် သည်။
ကျန် ကု တင် ၅၀ ကို ကို ဗစ် ၁၉ မ ဟုတ် သော အ ခြား သော ကျန်း မာ ရေး အ ခြေ အ နေ များ ခံ စား နေ ရ သော လူ နာ များ အ တွက် ဖယ် ထား ရမည်။
ကု တင် ၅၀ ထက် ပို သော ကို ဗစ် ၁၉ လူ နာ များ ရောက် ရှိ လာ ပါ က၊ ဆေး ရုံ ဝင်း ထဲ တွင် သို့ မ ဟုတ် အ နီး အနား တွင် ၅၀ ကု တင် ဆန့် သော ဌာ န ခွဲ ၂ နှင့် ကု တင် ၂၅ ခု ဆန့် သော ဌာ န ခွဲ ၃ များ ကို တိုး ချဲ့ တည် ဆောက် သင့် သည်။
ထို့ နောက်၊ ထို တိုက် နယ် ဆေး ရုံ ရှိ သော၊ ဒေ သ ၏ ကို ဗစ် ၁၉ လူ နာ အ သစ် တိုး နှုန်း (incidence)နှင့် သည်း ထန် မှု လူ နာ အ ဆင့် ၁၊ ၂၊ ၃ များ ၏ အ ရေ အ တွက် ပေါ် မူ တည် ၍ သိ ပ္ပံ နည်း ကျ တိုး ချဲ့ တည် ဆောက် ရ မည် ဖြစ် သည်။
မှတ် ချက်။ ။ ကို ဗစ် ၁၉ မ ဟုတ် သော အ ခြား သော ကျန်း မာ ရေး အ ခြေ အ နေ များ ခံ စား နေ ရ သော အ ရေး ကြီး လူ နာ များ ဆို သည် မှာ ကင် ဆာ ရော ဂါ သည် လူ နာ များ၊ ကျောက် ကပ် ဆေး မည့် လူ နာ များ ၊ အ ရေး ပေါ် အူ အ တက် ယောင် ယမ်း ၍ ခွဲ စိတ် ရ မည့် လူ နာ များ ၊ အ ရေး ပေါ် လေ ဖြတ် ၍ ဦး နှောက် နှင့် အာ ရုံ ကြော ထိ ခိုက် သော လူ နာ များ၊ နှ လုံး ရော ဂါ သည် လူ နာ များ ၊ သွေး သွင်း ကု သ ရန် လို အပ် သော လူ နာ များ၊ စ သည် တို့ ဖြစ် သည်။
ထို လူ နာ များ ကို၊ ကို ဗစ် ၁၉ လူ နာ များ နှင့် လုံး ဝ ကင်း ဝေး နိုင် မည့်၊ ကု တင် များ အ ဆောင် များ တွင် ထား ရန် အ ထူး လို အပ် သည်။
ထို့ ကြောင့် ထို လူ နာ များ အ တွက်
ယျေ ဘု ယျ အား ဖြင့်
၁)ကို ဗစ် ၁၉ လုံး ဝ မ ထိ တွေ့ ဘူး သော လူ နာ ဆောင် (Covid Clean ward )
ဥ ပ မာ။ ။ ကို ဗစ် တစ် ခါ မှ ကူး စက် မှု မ ခံ ရသေး သော နှ လုံး ရော ဂါ သည်
၂)ကို ဗစ် ၁၉ ကူး စက် ပြီး ပြန် လည် ကျန်း မာ လာ ပြီး သော ရာ ဇ ဝင် ရှိ သည့် လူ နာ များ အ တွက် လူ နာ ဆောင် (Covid exposed and recovered ward ) ဟူ ၍ ခွဲ ခြား ထား သင့် သည်။
ဥ ပ မာ။ ။ ကို ဗစ် ဖြစ် ပြီး ပျောက် ကင်း ထား သော ရာ ဇ ဝင် ရှိ သည့် နှ လုံး ရော ဂါ သည်
ဤ နှ လုံး ရော ဂါ သည် အ နေ ဖြင့်၊ ကို ဗစ် ၁၉ ကူး စက် ခံ ထား ပြီး ဖြစ် ပါ က၊
ဝေ ဒ နာ လ က္ခ ဏာ လုံး ဝ မ ရှိ တော့ သည် မှာ၊ ၁၄ ရက် မှ ၂၁ ရက် အ ကြာ ရှိ နေ ပြီး၊
ကို ဗစ် ၁၉ ပိုး မ ရှိ ကြောင်း စစ် ဆေး ထား ပြီး သော အ ဖြေ ( test kit လက် လှမ်း မှီ သော ဒေ သ ဖြစ် လျှင် ) ရှိ မှ သာ၊
ကု သ ဆောင် သို့ တက် ရောက် ခွင့် ရှိ မည်။
ကို ဗစ် ၁၉ ကူး စက် မှု ကို လက် ရှိ ခံ စား နေ ရ သော နှ လုံး ရော ဂါ သည် ဖြစ် နေ ပါ က၊ ကို ဗစ် ၁၉ ရော ဂါ လ က္ခာ ဏာ များ ၏ သည့် ထန်း မှု အ ဆင့် (၁) (၂) (၃) ပေါ် မူ တည် ၍၊ ကို ဗစ် ၁၉ ကယ် ဆယ် ကု သ ရေး ဌာ န ၏ ဌာ န ခွဲ (၂) နှင့် (၃) ထံ သို့ ညွှန် လွှဲ ခံ ရ မည် ဖြစ် ပြီး၊
ကို ဗစ် ၁၉ ကယ် ဆယ် ကု သ ရေး ဌာ န တွင်၊ ကို ဗစ် ၁၉ နှင့် ဆိုင် သော ကယ် ဆယ် ကု သ မှု များ အ ပြင်
သက် ဆိုင် ရာ နှ လုံး အ ထူး ကု ဆ ရာ ဝန် ကြီး နှင့် တယ် လီ ဖုန်း၊ ဗွီ ဒီ ယို ဖုန်း ဆက် သွယ် ကု သမှု ဖြင့် လည်း ကောင်း၊
လို အပ် ပါ က ၊ သ မား တော် ကြီး မှ လာ ရောက် ၍၊ လူ ချင်း တွေ့ ဆုံ ကု သ မှု ဖြင့် လည်း ကောင်း
ကု သ မှု များ ကို ရ ရှိ မည် ဖြစ် သည်။
အ ထူး မှတ် ချက်။ ။
ကို ဗစ် ၁၉ ကပ် ဆိုး ၏ သက် ရောက် မှု များ သည် ကို ဗစ် ၁၉ ပိုး ကူး စက် ခံ ထား ရ သူ များ ၏
က)အိမ် တွင်း ပုန်း နိုင် ခြင်း ရှိ မ ရှိ ( Stay at Home Program)
ခ) ထိ ရောက် စွာ ကု သ မှု ရ ရှိ နိုင် ခြင်း ရှိ မ ရှိ
ဂ) တစ် သီး ပု ဂ္ဂ လ ခွဲ ခြား နေ ထိုင် နိုင် ခြင်း ရှိ မ ရှိ ( Home Isolation /Self-Isolation)
ဃ) မ သိ နား မ လည် ရိုး အ သော ပြည် သူ လူ ထု အား ထိ ရောက် စွာ ပ ညာ ပေး နိုင် ခြင်း ရှိ မ ရှိ
င) အာ ဏာ ပိုင် များ၊ ကျန်း မာ ရေး ဝန် ထမ်း များ၊ စောင့် ကြည့် ကြီး ကြပ် သူ များ ၏ ကျော သား ရင် သား မ ခွဲ ခြား ဘဲ
တင်း ကြပ် စွာ အ ရေး ယူ အ ကောင် အ ထည် ဖော် နိုင် ခြင်း ရှိ မ ရှိ
ဟူ သော အ ချက် များ ပေါ် မူ တည် ၍
အ နည်း ဆုံး ၂ လ၊ သို့ မ ဟုတ် ၆ လ မှ ၁ နှစ် အ ထိ ဆက် လက် ရှိ နေ နိုင် မည် ဖြစ် သည်။
က မှ င အ ချက် များ ကို ထိ ရောက် မှန် ကန် စွာ ဆောင် ရွက် နိုင် လျှင် ၂ လ ခန့် အ တွင်း ကို ဗစ် ၁၉ ကပ် ရော ဂါ ကို ထိန်း ချုပ် နိုင် မည်။ သို့ တည်း မ ဟုတ် ပါ က၊ ၆ လ မှ ၁ နှစ် သို့ မ ဟုတ် ၁ နှစ် ထက် ပို မို ၍ ဆိုး ကျိုး သံ သ ရာ ရှည် ၍ အ ကျိုး နည်း ကြ ရ မည် ဖြစ် သည်။
ထို့ ကြောင့် ကပ် ရော ဂါ ကာ လ ရှည် ကြာ လာ သည် နှင့် အ မျှ၊
ကို ဗစ် လူ နာ များ ကို ဦး စား ပေး ကု သ ကယ် ဆယ် ခြင်း သာ လုပ် ဆောင် နေ မည် ဆို ပါ က၊ အ ခြား သော ကျန်း မာ ရေး အ ခြေ အ နေ များ ကြောင့်၊ အ ရေး ပေါ် လာ သော လူ နာ များ ကို လည်း တ ပြိုင် နက် ထဲ တာ ဝန် ယူ ကယ် ဆယ် ကု သ နိုင် ရန် လစ် ဟာ မှု များ ရှိ လာ နိုင် သည်။ ထို သို့ မ ဖြစ် ရ လေ အောင် ၊ ယ ခု အ ချိန် မှ ပင် စ ၍၊ အ ထက် တွင် ဖော် ပြ ခဲ့ သော ၅၀ % သော ကု တင် နေ ရာ နှင့် ကျန်း မာ ရေး ပ ညာ ရှင်၊ ဝန် ထမ်း အ ရေ အ တွက်၊ ဆေး ဝါး ပ စ္စည်း ကိ ရိ ယာ အ ရင်း အ မြစ် များ အား၊ ကို ဗစ် ၁၉ နှင့် မ ဆိုင် သော အ ရေး ပေါ် လူ နာ များ၊ အ တွက် ကြို တင် မြော် မှန်း ဖယ် ထုတ် ပြင် ဆင် ထား ခြင်း ဖြင့် ဆောင် ရွက် သင့် သည်။
စ။ ။
ယျေ ဘု ယျ အား ဖြင့် ကု တင် ၅၀၀ ဆန့် ကို ဗစ် ၁၉ ကယ် ဆယ် ကု သ ရေး ဌာ န တစ် ခု တွင် ရှိ သင့် သော၊ ကျန်း မာ ရေး ပ ညာ ရှင်၊ ဝန် ထမ်း အ မျိုး အ စား များ ၏ အ ရေ အ တွက် နှင့် လုပ် ငန်း ဆောင် တာ များ မှာ အောက် ပါ အ တိုင်း ဖြစ် သင့် သည်။
ဌာ န ခွဲ ၂ နှင့် ၃ ၏ ကု တင် အ ရေ အ တွက် အ ချိုး မှာ ၇၀% နှင့် ၃၀% ဟု စံ အ ဖြစ် သတ် မှတ် လျှင်
ဌာ န ခွဲ ၂ တွင် ကု တင် ၃၅၀
ဌာ န ခွဲ ၃ တွင် ကု တင် ၁၅၀ ရှိ မည် ဖြစ် သည်။
ဌာ န ခွဲ ၂ နှင့် ၃ အ ဖွဲ့ အ တွက် ယျေ ဘု ယျ အား ဖြင့် ကြည့် လျှင် ကျန်း မာ ရေး ပ ညာ ရှင် အ မျိုး အ စား များ နှင့် အ ရေ အတွက် အောက် ပါ အ တိုင်း လို အပ် မည်။
၁) အ ဆုပ် ရင် ခေါင်း အ ထူး ကု ဆ ရာ ဝန် = ၂ ဦး
၂) အ ထွေ ထွေ ရော ဂါ ကု ဆ ရာ ဝန် = ၁၀ ဦး
၃) မေ့ ဆေး ဆ ရာ ဝန် – ၁၀ ဦး
သို့ မဟုတ်
ICU သို့ မဟုတ် Endotracheal tube နှင့် Respiratory apparatus/equipment များ ကို အ သုံး ပြု ရာ တွင် ကျွမ်း ကျင် သူ နာ ပြု = ၂၀ ဦး
၎) သူ နာ ပြု တ က္က သိုလ် သင် တန်း ဆင်း သူ နာ ပြု ၂၅ ဦး
သို့ မ ဟုတ်
စောင့် ကြည့် ထိန်း ညှိ ကု သ ပေး မည့် အ ကူ ကျန်း မာ ရေး ဝန် ထမ်း = ၂၅ ဦး
၅)လူ နာ အ တင် အ ချ အ ရွှေ့ လုပ် သား = ၂၅ ဦး
အ ဖွဲ့ ၂ နှင့် ၃ အား ဖွဲ့ စည်း ထား ပုံ
အ ဖွဲ့ ၂ ကို ဖွဲ့ စည်း ရာ တွင်၊ မေ့ ဆေး ဆ ရာ ဝန် မှ လွဲ ၍ ကျန် ကျန်း မာ ရေး ပ ညာ ရှင် များ ပါ ဝင် မည် ဖြစ် သည်။
အ ဖွဲ့ ၂ မှ ကျန်း မာ ရေး ပ ညာ ရှင် များ သည် ၊ ဌာ န ခွဲ ၂ အ တွင်း မှ သည်း ထန် မှု အ ဆင့် ၂ လူ နာ များ ကို ကယ် ဆယ် ကု သ ပေး ရ မည် ဖြစ် သည်။
အ ဖွဲ့ ၃ ကို ဖွဲ့ စည်းရာ တွင် မေ့ ဆေး ဆ ရာ ဝန် အ ပါ အ ဝင် ဖော် ပြ ထား သော ကျန်း မာ ရေး ပ ညာ ရှင် အား လုံး ပါ ဝင် မည်။
အ ဖွဲ့ ၃ မှ ကျန်း မာ ရေး ပ ညာ ရှင် များ သည် ၊ ဌာ န ခွဲ ၃ အ တွင်း မှ သည်း ထန် မှု အ ဆင့် ၃ လူ နာ များ ကို ကယ် ဆယ် ကု သ ပေး ရ မည် ဖြစ် သည်။ သည်း ထန် မှု အ ဆင့် ၃ လူ နာ များ ၊ သေ မင်း နှင့် စစ် ခင်း ရ မည့် အ သည်း အ သန် လူ နာ များ အ ဖြစ် အ ဆင့် တက် ဆိုး ရွား လာ ပါ က၊ မေ့ ဆေး ဆ ရာ ဝန် တစ် ဦး ၊ ICU ကျွမ်း ကျင်သူ နာ ပြု ၂ ဦး နှင့် အ ဖွဲ့ က လေ ပြွန် ပိုက် ထည့် ခြင်း၊ အ လို အ လျောက် အ သက် ကူ ရှူ စက် (Ventilator )ချိတ် ဆက် ကု သ ပေး ရ မည်။
ဆ။ ။ ယျေ ဘု ယျ၊ လုပ် ငန်း ဆောင် တာ များ
လုပ် ဆောင် ရ မည့် ယျေ ဘု ယျ လူ နာ ကို တာ နှင့် တာ ဝန် များ မှာ အောက် ပါ အ တိုင်း ဖြစ် သည်
အ ဆုပ် ရင် ခေါင်း အ ထူး ကု ဆ ရာ ဝန် = ၂ ဦး ၏ ယျေ ဘု ယျ တာ ဝန် များ
အ ဆုပ် ရင် ခေါင်း အ ထူး ကု ဆ ရာ ဝန် = ၂ ဦး သည် တစ် ဦး လျှင် လူ နာ အ ယောက် ၂၅၀ စီ ကို မ နက် ည Video Consultation ဖြင့် စစ် ဆေး အ ကြံ ပြု ပေး ရမည်။
စင် တာ သို့ ပ ထ မ ဆုံး ရောက် ရှိ လာ မည့် စစ် ဆေး စမ်း သပ် မှု ကို လူ တွေ့ လုပ် ဆောင် ရန် လို အပ် သည်။
အ ထွေ ထွေ ရော ဂါ ကု ဆ ရာ ဝန် = ၁၀ ဦး ၏ ယျေ ဘု ယျ တာ ဝန် များ
အ ထွေ ထွေ ရော ဂါ ကု ဆ ရာ ဝန် = ၁၀ ဦး သည် လူ နာ အ ယောက် ၅၀ စီ ၏ အ ချိန် နှင့် တ ပြေး ညီ ပြောင်း လဲ နေ သော လူ နာ များ ၏ သာ မန် အ ခြေ အ နေ များ ကို စောင့် ကြည့် ကု သ ပေး ပြီး
အ ထူး လို အပ် လာ မည့် ကု သ မှု များ ကို အ ထူး ကု ဆ ရာ ဝန် ထံ သို့ ဆက် သွယ် တင် ပြ ၍၊
ကု သ မှု ဆုံး ဖြတ် ချက် များ ကို အ ကောင် အ ထည် ဖော် စီ မံ ခန့် ခွဲ လုပ် ဆောင် ရ မည်။
မေ့ ဆေး ဆ ရာ ဝန် = ၁၀ ဦး သို့ မ ဟုတ် မေံ ဆေး ဆ ရာ ဝန် ၁၀ ဦး မှ သင် ကြား ပြ သ လေ့ ကျင့် ပေး ထား သော သူ နာ ပြု ၂၅ ဦး ၏ ယျေ ဘု ယ တာ ဝန် များ
မေ့ ဆေး ဆ ရာ ဝန် ၁၀ ဦး နှင့် သူ နာ ပြု ၂၅ ဦး သည် endotracheal tube ထည့် ၍၊ ventilator နှင့် ချိတ် ဆက် ရန် လု အပ် သော ကို စ် ၁၉ အ သည်း အ သန် လူ နာ များ ကို တာ ဝန် ယူ ရ မည်။
မေ့ ဆေး ဆ ရာ ဝန် တစ် ဦး နှင့် သူ နာ ပြု ၂ ဦး လျှင် အ ဖွဲ့ တစ် ဖွဲ့ အ ဖြစ် ရပ် တည် ပြီး ကို ဗစ် ၁၉ အ သည်း အ သန် လူ နာ ၁၅ ဦး ကို အ နည်း ဆုံး ကို တာ ဝန် ယူ ၍၊ endotracheal tube ထည့် ခြင်း၊ ventilator နှင့် ချိတ် ဆက် ခြင်း များ ကို ဆောင် ရွက် ရ မည်။
ထို့ နောက် ဌာ န ခွဲ ၂ နှင့် ၃ နှစ် ခု ပေါင်း တွင် ရှိ သော လူ နာ များ အား လုံး ၏ အ သက် ရှူ လမ်း ကြောင်း အ ခြေ အ နေ ကို ကို စောင့် ကြည့် မှု စောင့် ရှောက် မှု များ ကို ကျွမ်း ကျင် သူ နာ ပြု = ၂၅ ဦး သည် တစ် ဦး လျှင် လူ နာ ၂၀ ယောက် စီ ကို အ ချိန် နှင့် တစ် ပြေး ညီ တောက် လျှောက် စောင့် ကြည့် ခြင်း၊
အ ပြောင်း အ လဲ ရှိ လျှင် အ ထွေ ထွေ ရော ဂါ ကု ဆ ရာ ဝန် ထံ သို့ ချက် ချင်း သ တင်း ပို့ ခြင်း၊
လူ နာ များ အ နေ ဖြင့် ကု သ မှု များ အ ချိန် နှင့် တစ် ပြေး ညီ ချက် ချင်း လက် ငင်း ရ ရှိ နိုင် ရန်၊ ဆေး ထိုး ခြင်း၊ ဆေး ချိတ် ခြင်း၊ ဆေး တိုက် ခြင်း၊ ခန္ဓာ ကိုယ် ပုံ စံ ပြောင်း ခြင်း ၊
တစ် ကိုယ် ရည် သန့်ရှင်း မှု ရှိ စေ ရန် စီ မံ ပေး ခြင်း စ သည် များ ကို ဆောင် ရွက် ပေး ရ မည်။
စောင့် ကြည့် ထိန်း ညှိ ကု သ ပေး မည့် အ ကူ ကျန်း မာ ရေး ဝန် ထမ်း ၂၅ ဦး ၏ ယျေ ဘု ယ တာ ဝန် များ
စောင့် ကြည့် ထိန်း ညှိ ကု သ ပေး မည့် အ ကူ ကျန်း မာ ရေး ဝန် ထမ်း = ၂၅ ဦး သည် တစ် ဦး လျှင် လူ နာ အ ယောက် ၂၀ ကို သူ နာ ပြု ဆ ရာ၊ ဆ ရာ မ များ နှင့် အ တူ၊ လက် တွဲ ဖြည့် ဆည်း ပံ့ ပိုး ကူ ညီ ပေး ရ မည်။
ဥ ပ မာ။ ။ မိ မိ တာ ဝန် ယူ ရ မည့် လူ နာ များ အား အ ချိန် ပြည့် ကူ ညီ စောင့် ကြည့် ပေး ခြင်း
လူ နာ အား လှည့် ပေး ခြင်း၊ နေ ရာ ပြောင်း ခြင်း၊ ထူ ခြင်း
သန့် ရှင်း ပေး ခြင်း
လူ နာ ကု တင် နှင့် ကျန်း မာ ရေး စင် တာ ၏ ပိုး သတ် သန့် စင် မှု ကိ စ္စ များ အား ဆောင် ရွက် ခြင်း
လူ နာ အ တင် အ ချ အ ရွှေ့ လုပ် သား ၂၅ ဦး ၏ ယျေ ဘု ယ တာ ဝန် များ
လူ နာ အ တင် အ ချ အ ရွှေ့ လုပ် သား = ၂၅ ဦး သည် လူ နာ များ အား အ တင် အ ချ အ ရွှေ့ အ ပြောင်း ၊ အိမ် မှ သွား ရောက် ခေါ် ယူ ခြင်း၊ ကျန်း မာ ရေး စင် တာ မှ အိမ် သို့ ပြန် လည် ပို့ ဆောင် ပေး ခြင်း
အောက် ဆီ ဂျင် ဆေး ဝါး စ သည် တို့ ကို ကူ ညီ ရှာ ဖွေ ဝယ် ယူ ပေး ခြင်း
စင် တာ ၏ သန့်ရှင်း ရေး၊ ကု သ ရေး ဆိုင် ရာ ပ စ္စည်း ကိ ရိ ယာ များ ပိုး သတ် သန့် စင် ခြင်း စ သည် များ ကို ဆောင် ရွက် ပေး ရ မည်။
မှတ် ချက်။ ။ အ ထက် ပါ ကျန်း မာ ရေး ပ ညာ ရှင် အ ရေ အ တွက်၊ လူ နာ ကို တာ အ ချိုး အ စား များ မှာ ၊ ကု တင် ၅၀၀ ဆန့် ကို ဗစ် ၁၉ ကယ် ဆယ် ကု သ ရေး ဌာ န တစ် ခု အ တွက် ယျေ ဘု ယျ စံ ပြ ဥ ပ မာ တစ် ခု ဖြစ် သည်။
ကို ဗစ် ၁၉ ကယ် ဆယ် ကု သ ရေး ဌာ န ၏ အ ရွယ် အ စား ပေါ် မူ တည် ၍၊ အ ချိုး ကျ ပြောင်း လဲ ၍ လို တိုး ပို လျှော့ ထိန်း ညှိ မှု များ ပြု ရ မည် ဖြစ် သည်။
ဥ ပ မာ။ ။
ကု တင် ၂၅၀ ဆန့် ကို ဗစ် ၁၉ ကယ် ဆယ် ကု သ ရေး ဌာ န တစ် ခု အ တွက် ဆို လျှင်
ဌာ န ခွဲ ၂ နှင့် ၃ အ ဖွဲ့ အ တွက် ကျန်း မာ ရေး ပ ညာ ရှင် အ မျိုး အ စား များ နှင့် အ ရေ အတွက်
၁) အ ဆုပ် ရင် ခေါင်း အ ထူး ကု ဆ ရာ ဝန် = ၁ ဦး
၂) အ ထွေ ထွေ ရော ဂါ ကု ဆ ရာ ဝန် = ၅ ဦး
၃) မေ့ ဆေး ဆ ရာ ဝန် – ၅ ဦး
သို့ မဟုတ်
ICU သို့ မဟုတ် Endotracheal tube နှင့် Respiratory apparatus/equipment များ ကို အ သုံး ပြု ရာ တွင် ကျွမ်း ကျင် သူ နာ ပြု = ၁၀ ဦး
၎) သူ နာ ပြု တ က္က သိုလ် သင် တန်း ဆင်း သူ နာ ပြု ၁၂ ဦး
သို့ မ ဟုတ်
စောင့် ကြည့် ထိန်း ညှိ ကု သ ပေး မည့် အ ကူ ကျန်း မာ ရေး ဝန် ထမ်း = ၁၂ ဦး
၅)လူ နာ အ တင် အ ချ အ ရွှေ့ လုပ် သား = ၁၂ ဦး
ဇ။ ။ ကျန်း မာ ရေး ပ ညာ ရှင် များ၊ လူ နာ ကို တာ များ နှင့် တာ ဝန် များ အ တိ အ ကျ ခွဲ ဝေ ရေး ဥ ပ မာ။
ကု တင် ၅၀၀ ဆန့် သော ကို ဗစ် ၁၉ ကယ် ဆယ် ကု သ ရေး ဌာ န တစ် ခု တွင်
ဌာ န ခွဲ ၂ တွင် ကု တင် ၃၅၀ ရှိ သည့် အ တွက်၊ သည်း ထန် မှု အ ဆင့် (၂) လူ နာ ၃၅၀ ဦး ကို ကယ် ဆယ် ကု သ ရန် ကျန်း မာ ရေး ပ ညာ ရှင် များ အား ခွဲ ဝေ တာ ဝန် ပေး ပါ က
အ ဆုပ် ရင် ခေါင်း အ ထူး ကု ဆ ရာ ဝန် ၂ ဦး သည်၊ တစ် ဦး လျှင် လူ နာ ၁၇၅ ဦး ကို တာ ဝန် ယူ ရ မည် ဖြစ် သည်
အ ထူး ကု ဆ ရာ ဝန် များ ဖြစ် သည့် အ တွက် ၊ အ ဖွဲ့ ၂ နှင့် အ ဖွဲ့ ၃ နှစ် ခု စ လုံး ကို ဦး ဆောင် တာ ဝန် ယူ ရ မည် ဖြစ် သည်။
အ ထွေ ထွေ ရော ဂါ ကု ဆ ရာ ဝန် ၁၀ ဦး အ နက်၊ ၇ ဦး သည် အ ဖွဲ့ ၂ တွင် ပါ ဝင် ရ မည် ဖြစ် ပြီး၊ တစ် ဦး လျှင် လူ နာ ၅၀ စီ ကို တာ ဝန် ယူ ရ မည်။
အ ဖွဲ့ ၂ တွင် မေ့ ဆေး ဆ ရာ ဝန် မ လို အပ် သေး ။ ဌာ န ခွဲ ၃ တွင် အ သည်း အ သန် လူ နာ များ ဖြစ် ပေါ် ပြည့် လျှံ နေ သည့် အ ပြင်၊ ဌာ န ခွဲ ၂ ရှိ သည်း ထန် မှု အ ဆင့် (၂)လူ နာ များ ၊ အ ဆင့် (၃) ကို ဖြတ် ကျော် ပြီး အ သည်း အ သန် လူ နာ များ ဖြစ် လာ ပါ မှ သာ ဝင် ရောက် တာ ဝန် ယူ ရ မည် ဖြစ် သည်။
ICU ကျွမ်း ကျင် သူ နာ ပြု ၂၅ ဦး အ နက် ၁၈ ဦး ခန့် သည် အ ဖွဲ့ ၂ တွင် တာ ဝန် ကျ နေ မည် ဖြစ် ပြီး၊ တစ် ဦး လျှင် လူ နာ ၂၀ ဦး ကို တာ ဝန် ယူ နေ မည် ဖြစ် သည်။
သူ နာ ပြု တ က္က သိုလ် သင် တန်း ဆင်း သူ နာ ပြု ၂၅ ဦး အ နက် ၁၈ ဦး ခန့် သည် အ ဖွဲ့ ၂ တွင် တာ ဝန် ကျ နေ မည် ဖြစ် ပြီး၊ တစ် ဦး လျှင် လူ နာ ၂၀ ဦး ကို တာ ဝန် ယူ နေ မည် ဖြစ် သည်။
လူ နာ အ တင် အ ချ အ ရွှေ့ လုပ် သား ၂၅ ဦး အ နက် ၁၈ ဦး ခန့် သည် အ ဖွဲ့ ၂ တွင် တာ ဝန် ကျ နေ မည် ဖြစ် ပြီး၊ တစ် ဦး လျှင် လူ နာ ၂၀ ဦး ကို တာ ဝန် ယူ နေ မည် ဖြစ် သည်။
ဌာ န ခွဲ ၃ တွင် ကု တင် ၁၅၀ ရှိ သည့် အ တွက်၊ သည်း ထန် မှု အ ဆင့် (၃) လူ နာ ၁၅၀ ဦး ကို ကယ် ဆယ် ကု သ ရန် ကျန်း မာ ရေး ပ ညာ ရှင် များ အား ခွဲ ဝေ တာ ဝန် ပေး ပါ က
အ ဆုပ် ရင် ခေါင်း အ ထူး ကု ဆ ရာ ဝန် ၂ ဦး သည်၊ တစ် ဦး လျှင် လူ နာ ၇၅ ဦး ကို တာ ဝန် ယူ ရ မည် ဖြစ် သည်
အ ထူး ကု ဆ ရာ ဝန် များ ဖြစ် သည့် အ တွက် ၊ အ ဖွဲ့ ၂ နှင့် အ ဖွဲ့ ၃ နှစ် ခု စ လုံး ကို ဦး ဆောင် တာ ဝန် ယူ ရ မည် ဖြစ် သည်။
အ ထွေ ထွေ ရော ဂါ ကု ဆ ရာ ဝန် ၁၀ ဦး အ နက်၊ ၃ ဦး သည် အ ဖွဲ့ ၃ တွင် ပါ ဝင် ရ မည် ဖြစ် ပြီး၊ တစ် ဦး လျှင် လူ နာ ၅၀ စီ ကို တာ ဝန် ယူ ရ မည်။
ICU ကျွမ်း ကျင် သူ နာ ပြု ၂၅ ဦး အ နက် ၇ ဦး ၈ ဦး ခန့် သည် အ ဖွဲ့ ၃ တွင် တာ ဝန် ကျ နေ မည် ဖြစ် ပြီး၊ တစ် ဦး လျှင် လူ နာ ၂၀ ဦး ကို တာ ဝန် ယူ နေ မည် ဖြစ် သည်။
သူ နာ ပြု တ က္က သိုလ် သင် တန်း ဆင်း သူ နာ ပြု ၂၅ ဦး အ နက် ၇ ဦး ၈ ဦး ခန့် သည် အ ဖွဲ့ ၃ တွင် တာ ဝန် ကျ နေ မည် ဖြစ် ပြီး၊ တစ် ဦး လျှင် လူ နာ ၂၀ ဦး ကို တာ ဝန် ယူ နေ မည် ဖြစ် သည်။
လူ နာ အ တင် အ ချ အ ရွှေ့ လုပ် သား ၂၅ ဦး အ နက် ၇ ဦး ၈ ဦး ခန့် သည် အ ဖွဲ့ ၃ တွင် တာ ဝန် ကျ နေ မည် ဖြစ် ပြီး၊ တစ် ဦး လျှင် လူ နာ ၂၀ ဦး ကို တာ ဝန် ယူ နေ မည် ဖြစ် သည်။
အ ဖွဲ့ ၃ တွင် မေ့ ဆေး ဆ ရာ ဝန် လို အပ် နိုင် သည် ။ အ ဖွဲ့ ၃ တွင် အ နည်း ဆုံး မေ့ ဆေး ဆ ရာ ဝန် ၃ ဦး သည် ပါ ဝင် ၍ ၊ တစ် ဦး လျှင် လူ နာ အ ယေက် ၅၀ ကို စောင့် ကြည့် ပြီး၊ လို အပ် လာ ပါ က လေ ပြွန် ပိုက် ထည့် သွင်း တပ် ဆင် ရန် အ ဆင် သင့် ရှိ နေ ရ မည်။ ဆို လို သည် မှာ၊ ဌာ န ခွဲ ၃ အ တွင်း၊ သည်း ထန် မှု အ ဆင့် (၃)လူ နာ များ ၊ အ ဆင့် (၃) ကို ကျော် လွန် ပြီး အ သည်း အ သန် လူ နာ များ ဖြစ် လာ ပါ က၊ ဝင် ရောက် တာ ဝန် ယူ ရ မည် ဖြစ် သည်။
ကျန် အ ချိန် များ တွင် မေ့ ဆေး ဆ ရာ ဝန် ၇ ဦး သည်၊
သာ မန် သူ နာ ပြု များ ကို ICU ကျွမ်း ကျင် သူ နာ ပြု များ ဖြစ် လာ နိုင် ရန် endotracheal intubation နှင့် ventilator သုံး နည်း များ ကို သင် ကြား လေ့ ကျင့် ပေး ပြီး၊ ကျန်း မာ ရေး ပ ညာ ရှင် အ ရင်း အ မြစ် ကို တိုး ပွါး စေ ရ မည်။
သို့ မှ သာ၊ နိုင် ငံ အ နှံ့ ဒေ သ အ နှံ့ လို အပ် လာ မည့် ကယ် ဆယ် ကု သ ရေး ဌ န များ ကို တိုး ချဲ့ ရာ တွင်၊ ကျွမ်း ကျင် သော သူ နာ ပြု များ ကို စေ လွှတ် အ သုံး ပြု နိုင် မည် ဖြစ် သည်။
ထို့ ကြောင့် အ ထက် ဥ ပ မာ အ ရ
ဌာ န ခွဲ ၂ နှင့် ၃ အ တွက် အ ဖွဲ့ ၂ နှင့် ၃ တွင် မည် သူ မည် ဝါ ၊ ဦး ရေ မည် မျှ၊ ပါ ဝင် သင့်သည် ကို တွက် ချက် နိုင် သည်။
စ်။ ။ စီ မံ ခန့် ခွဲ မှု၊ လုပ် ငန်း ဆောင် ရွက် မှု နှင့် ပြန် လည် စီ စစ် မှု များ အ တွက်၊ ကျန်း မာ ရေး ပ ညာ ရှင် များ၊ အာ ဏာ ပိုင် အ ဖွဲ့ အ စည်း မှ ခေါင်း ဆောင် များ ပူး ပေါင်း ၍ ကော် မ တီ များ ဖွဲ့ ၍ ဆောင် ရွက် ခြင်း
ကို ဗစ် ၁၉ ကို ပြန် လည် တန် ပြန် ခု ခံ ကာ ကွယ် ရေး တွင် ဆ ရာ ဝန် တစ် ဦး တစ် ဖွဲ့( Clinicians, Physicians)၊ ဒေ သ ခေါင်း ဆောင် တစ် ဦး တစ် ဖွဲ့တည်း ဖြင့် အောင် မြင် အောင် ဆောင် ရွက် ရန် ခဲ ယဉ်း မည်။
ထို့ ကြောင့် အောက် ပါ ပ ညာ ရှင် များ ကို ပါ ဝင် စေ ရန် ထည့် သွင်း သင့် သည်။
၁။ ပြည် သူ့ ကျန်း မာ ရေး နှင့် ကာ ကွယ် ကု သ ရေး ပ ညာ ရှင် များ (Professors /Public Health specialists)
ကို ဗစ် ၁၉ ဖြစ် ပွါး နှုန်း ၊ သေ နှုန်း နှင့် ကူး စက် နှုန်း များ ကို လေ့ လာ စစ် တမ်း ပြု စု ရန် နှင့် ကာ ကွယ် ရေး ကိ စ္စ များ ကို ၊ ဦး ဆောင် စီ မံ ဆောင် ရွက် ရန်
ဥ ပ မာ။ ။
(က)ကို ဗစ် ၁၉ ဆေး စစ် ချက် အ တည် ပြု ပြီး လူ နာ များ ၏ သေ ဆုံး နှုန်း နှင့် အ ပြင် သု သာန် တွင် ဆေး စစ် ချက် အ တည် မ ပြု လိုက် ရ သေး ဘဲ သေ ဆုံး ပြီး ရောက် ရှိ လာ သူ များ နှင့် မိ သား စု ဝင် များ၊ အ လောင်း သယ် ဆောင် လာ ပေး သော သူ များ အား တယ် လီ ဖုန်း ဖြင့် စစ် တမ်း များ ကောက် ခြင်း၊ ကို ဟော့( Cohort study) များ ဆောင် ရွက် ခြင်း
(ခ) ရော ဂါ ဗေ ဒ ပ ညာ ရှင် များ (Pathologists)များ နှင့် ပူး ပေါင်း ၍ လူ သေ အ လောင်း များ အား ကျ ဘမ်း ရွေး ခြယ် ပြီး၊ ရင် ခွဲစစ် ဆေး ခြင်း၊ အ ဆုပ် ကို အ သား စ ယူ လေ့ လာ ခြင်း များ အား ဆောင် ရွက် ပြီး၊ စစ် တမ်း ကောက် ခြင်း
(ဂ) ၂၀ စု ကြီး ကြပ် သူ များ ၊ ကျန်း မာ ရေး အ ထောက် အကူ ပြု လုပ် သား များ ကို ကွန် ယက် ဖွဲ့ ပေး ပြီး၊ အိမ် တွင်း အောင်း ခြင်း (Stay At Home Program)၊ အိမ် တွင်း သီး သန့် ခွဲ နေ ခြင်း ( Self-Isolation )and Quarantine ကိစ္စ များ ကို ဦး စီး ဆောင် ရွက် ခြင်း
၂။ ဇီ ဝ ပိုး မွှား ဗေ ဒ ပ ညာ ရှင် များ ( Professors/ Microbiologists )
မြန် မာ နိုင် ငံ အ တွင်း ကူး စက် ဖြစ် ပွါး နေ သော ကို ဗစ် ၁၉ အ မျိုး အ စား များ ကို သိ ပ္ပံ နည်း ကျ အ တည် ပြု ရန်၊ လေ့ လာ ရန် နှင့် သု တေ သ န စာ တမ်း များ ပြု စု မှတ် တမ်း တင် ရန်
၂။ ရော ဂါ ဗေ ဒ ပ ညာ ရှင် များ ( Professors/ Pathologists )
(က) မြန် မာ နိုင် ငံ တွင် ကူး စက် ဖြစ် ပွါး သော ကို ဗစ် ၁၉ လူ နာ များ ၏ ရော ဂါ ဖြစ် စဉ် များ အား၊ လေ့ လာ ပြီး၊ အ ခြား သော နိုင် ငံ များ တွင် ဖြစ် ပွါးသည့် ကို ဗစ် ၁၉ ရော ဂါ များ နှင့် နှီုင်း ယှဉ် လေ့ လာ ပြိး၊
မြန် မာ နိုင် ငံ တွင်း ကို ဗစ် လူ နာ များ ၏ ကု ထုံး များ အား ပို မို ကောင်း မွန် အောင် ဆေင် ရွက် ရန်။
ဥ ပ မာ။ ။ မြန် မာ နိုင် ငံ တွင်း ကူး စက် ဖြစ် ပွါး သော ကို ဗစ် ၁၉ လူ နာ များ တွင်၊ သွေး ခဲ ခြင်း အ မှန် တ ကယ် ရှိ မ ရှိ စီ စစ် ပြီး၊ enoxaparin , aspirin, ကြက် သွန် ဖြူ စ သော သွေး ကြဲ ဆေး များ ကု ထုံး တွင် ထည့် သွင်း သင့် မ သင့်၊ ကို သိ ပ္ပံ နည်း ကျ ဆုံး ဖြတ် ၍ မြန် မာ ကို ဗစ် ၁၉ ကု သ ရေး လမ်း ညွှန် မှု များ ထုတ် ပြန် ရန်
(ခ)လွဲ မှား နေ သော အ ရပ် တွင်း ကု ထုံး များ အား တင်း တင်း ကြပ် ကြပ် ဖော် ထုတ် တား ဆီး ပြီး ၊ ပြည် သူ လူ ထု အား ပ ညာ ပေး ရန်
၃။ ကူး စက် ရော ဂါ အ ထူး ကု ဆ ရာ ဝန် များ( Professors /Infectious disease specialists )
ကို ဗစ် ၁၉ အား လက် ရှိ အ တွေ့ အ ကြုံ များ အ ရ၊ အ ကောင်း ဆုံး အ သက် အ ကယ် နိုင် ဆုံး၊ ကို ဗစ် ၁၉ ကု ထုံး များ ကို၊ စစ် တမ်း ပြု စု မျွှတ် တမ်း တင် ပြီး၊ ပို မို ကောင်း မွန် အောင် ဆက် လက် လုပ် ဆောင် ရန် အ တွက် ဖြစ် သည်။
၎။ ဆေး ဝါး ပ ညာ ရှင် ဆ ရာ ဝန် များ (Professors /Pharmacologists )
(က)အ တည် ပြု ထား ပြီး သော ကို ဗစ် ၁၉ ကု သ ရေး ဆေး ဝါး များ ၏ အ စွမ်း အာ ဏိ သင် ကို လေ့ လာ ခြင်း သု တေ သ န ပြု ခြင်းများ ဆောင် ရွက် ရန်
(ခ)အ သစ် စမ်း သုံး နေ သော ကု ထုံး များ ဆေး ဝါး များ ၏ အ စွမ်း အာ နိ သင် ကို လည်း သု တေ သ န ပြု ရန် အ တွက် ဖြစ် သည်။
၎။ ဆေး ဝါး ကျွမ်း ကျင် ပ ညာ ရှင် ( Professors/Pharmacists )
ဆေး ဝါး များ တင် သွင်း မှု၊ တ ရား မျှ တ သော ဆေး ဝါး ဖြန့် ဖြူး မှု စ နစ် အား တည် ဆောက် ရန် အ တွက် ဖြစ် သည်
၅။ အ သည်း အ သန် လူ နာ ပြု စု ကု သ ရေး ပ ညာ ရှင် များ( ICU specialists and nurses )
မြန် မာ နိုင် ငံ တွင် အား နည်း နေ သေး သော၊ အ သည်း အ သန် လူ နာ ကု သ ရေး နှင့် ကို ဗစ် ၁၉ အ သည်း အ သန် လူ နာ များ အား ventilator နှင့် ချိတ် ဆက် ကု သ အ သက် ကယ် ဆယ် ရေး အား မြှင့် တင် ရန်
အ ပိုင်း ( ၄ ) ၏ နိ ဂုံး တွင်၊
(၁) ဌာ န ခွဲ ၂ နှင့် ၃ ကို တည် ဆောက် ဖန် တီး အ သုံး ပြု ရာ တွင်၊ ထည့် သွင်း စဉ်း စား သင့် သည့် အ ရေး ကြီး သော အ ချက် များ ကို သိ ရှိ မည်။
ဆို လို သည် မှာ၊ အ ခိုင် အ မာ တည် ဆောက် ထား ပြီး သော ဆေး ရုံ ဆေး ခန်း များ နှင့် ပေါင်း သင့် မ မ ပေါင်း သင့်၊
ထို ဆေး ရုံ ဆေး ခန်း များ အ တနီး တွင် တိုး ချဲ့ သင့် မ သင့် များ ကို ခြင့် ချိန် ဆောင် ရွက် နိုင် မည်။
(၂) ကို ဗစ် ၁၉ လူ နာ များ ကို ကယ် ဆယ် ကု သ မှု တစ် ခု တည်း ကို သာ အာ ရုံ စိုက် နေ မည် ဆိုပါ က၊ အ ခြား သော ကို ဗစ် ၁၉ နှင့် မ သက် ဆိုင် သည့် အ ရေး ကြီး လူ နာ များ နစ် နာ နိုင် သည့် အ တွက်၊ အ မြော် အ မြင် ဖြင့် စ နစ် တစ် ခု တည် ဆောက် လည် ပတ် ဆောင် ရွက် သင့် သည်။
(၃) သည်း ထန် မှု အ ဆင့် ၂ နှင့် ၃ လူ နာ များ ကို ၊ ဌာ န ခွဲ များ အ တွင်း မည် သို့ လက် ခံ ကြို ဆို ကု သ ပေး သင့် သည်၊ လွှဲ ပြောင်း ပေး သင့် သည် များ ကို သိ ရှိ မည်။
(၄) ဌာ န ခွဲ ၂ နှင့် ဌာ န ခွဲ ၃ တို့ ၏ ကု တင် များ ကို၊ လို အပ် လာ လျှင် Ventilator စက် နှင့် ပ စ္စည်း ကိ ရိ ယာ များ ချိတ် ဆက် လိုက် သည် နင့် အ သည်း အ သန် လူ နာ ကု တင် များ အ ဖြစ်၊ ပြောင်း လဲ အ ဆင့် မြှင့် တင် နိုင် ကြောင်း သိ နိုင် မည်။
ဆို လို သည် မှာ၊ တ ကူး တ က၊ အ သည်း အ သန် လူ နာ ဆောင် သီး သန့် တည် ဆောက် နေ စ ရာ မ လို ။ ရှိ ရင်း စွဲ ကု တင် ကို ventilator စက် ချိတ် ဆက် လိုက် ရုံ သာ။ ဖြစ် ကြောင်း ကို သိ ရှိ မည်
(၅) ကို ဗစ် ၁၉ ကယ် ဆယ် ကု သ ရေး ဌာ န ခွဲ ၂ နှင့် ၃ တို့တွင် ယျေ ဘု ယျ လို အပ် မည့် ကျန်း မာ ရေး ပ ညာ ရှင် အ မျိုး အ စား နှင့် အင် အား၊ ယျေ ဘု ယျ တာ ဝန် ထမ်း ဆောင် မှု အ ဆင့် များ၊ တာ ဝန် ယူ ရ မည့် လူ နာ ကို တာ များ ကို သိ ရှိ မည်။
(၆) ကို ဗစ် ၁၉ ကပ် ရော ဂါ ဆိုး အား စ နစ် တ ကျ တန် ပြန် တိုက် ခိုက် အောင် မြင် နိုင် ရန် အ တွက်၊ နိုင် ငံ ခေါင်းေ ဆာင် များ၊ ဒေ သ တွင်း ခေါင်း ဆောင် များ နှင့် အ တူ၊ အ ခြား သော ပ ညာ ရှင် များ လည်း လို အပ် ကြောင်း နှင့်၊
အား လုံး တက် ညီ လက် ညီ၊ အ ချင်း မ များ ၊ အ ငြင်း မ ပွါး ဘဲ၊ အ ပြု သ ဘော ဆောင် ၍၊ အ ပြန် အ လှန် ရို သေ သ မှု များ ဖြင့်၊ ပူး ပေါင်း ဆောင် ရွက် မှ သာ၊
အောင် မြင် မှု ပန်း တိုင် သို့ ရောက် နိုင် မည် ဖြစ် ပြီး၊
မြန် မာ နိုင် ငံ မှ က မ္ဘာ့ ကို ဗစ် ၁၉ ကပ် ရော ဂါ ဆိုး ကြီး အား နိုင် နင်း စွာ ကာ ကွယ် တိုက် ဖျက် နိုင် မည့် အ ကြောင်း ကို က မ္ဘာ သိ အောင် ချ ပြ နိုင် မည် ဖြစ် ပါ တော့ သည်။
မြန် မာ နိုင် ငံ အ တွင်း မှီ တင်း နေ ထိုင် ကြ သော လူ သား များ အ ကျိုး အ တွက်၊ အ ထက် ဖော် ပြ ပါ ယျေ ဘု ယျ အ ကြံ ဉာဏ် များ ကို တိုက် ရိုက် ဖြစ် စေ မှီ ငြမ်း ဉာဏ် ကွန့် ၍ ဖြစ် စေ မည် သူ မ ဆို ရ ယူ အ သုံး ပြု နိုင် ကြ ပါ သည်။
ခင် မင် လေး စား လျက်
ဒေါက် တာ အောင် ခိုင် ဖြိုး
30 July 2021

We would love to hear from you!

Please record your message.

Record, Listen, Send

Allow access to your microphone

Click "Allow" in the permission dialog. It usually appears under the address bar in the upper left side of the window. We respect your privacy.

Microphone access error

It seems your microphone is disabled in the browser settings. Please go to your browser settings and enable access to your microphone.

Speak now

00:00

Canvas not available.

Reset recording

Are you sure you want to start a new recording? Your current recording will be deleted.

Oops, something went wrong

Error occurred during uploading your audio. Please click the Retry button to try again.

Send your recording

Thank you