ကျန်း မာ ရေး အ ကြောင်း သိ ကောင်း စ ရာ

ကျန်း မာ ရေး သည် အ ရေး ကြီး သည်။
အ ဘယ် ကြောင့် ဆို သော်..
၁) လူ သား ဘ ဝ ဆက် လက် ရှင် သန် ရေး
၂)လူ သား ဘ ဝ အ ဓိ ပ္ဗါယ် ကို ပျော် မွေ့ အ မွှန်း တင် နိုင် ရေး
၃)အ သက် ရှည် ရာ အ နာ မဲ့ ရေး နှင့် ဖြစ် နိုင် ပါ က၊ ထာ ဝ ရ အ သက် ကို ရ ရှိ ပိုင် ဆိုင် နိုင် ရေး တို့ ကို ဖြစ် တည် စေ မည့် အ ခြေ ခံ လို အပ် ချက် ဖြစ် သော ကြောင့် ပင်။
ကျန်း မာ ရေး က ဏ္ဍ သည်၊ ကျွနု်ပ် ၏ တန် ရာ တန် ကြေး သီ အို ရီ အ ရ၊ မြန် မာ နိုင် ငံ တော် ၏ လူ မှု စီး ပွါး စ နစ် ၏ မဏ္ဍိုင် အ မှတ် ၄ ဟု ခေါ် တွင် အပ် သည်။
ယျေ ဘု ယျ အား ဖြင့် ကျန်း မာ ရေး တွင်
စိတ် ကျန်း မာ ရေး
ဇီဝကမ္မ ကျန်း မာ ရေး ဟူ ၍ နှစ် ရပ် ရှိ သည်။
မြန် မာ နိုင် ငံ တွင် ဖြစ် တည် နေ သော အ ခြေ အ နေ များ
ကျန်း မာ ရေး နှင့် ပတ် သက် ၍၊ စံ ပြ ကျန်း မာ ရေး စ နစ် တစ် ခု အား ၊ နိုင် ငံ တော် အ ဆင့် အား ဖြင့် တည် ဆောက် လည် ပတ် မြှင့် တင် နိုင် ရန် လို အပ် နေ သည်။
နိုင် ငံ တော် အ ဆင့် ၊ စံ ပြ ကျန်း မာ ရေး စ နစ်၊ ဗ ဟို မှ၊ မြေ ပြင် ရင် ပြင် များ အ ထိ အ ခိုင် အ မာ မ ရှိ သည့် အ တွက်၊ စံ ချိန် မှီ ကျန်း မာ ရေး စောင့် ရှောက် မှု ကို၊ မြန် မာ နိုင် ငံ အ တွင်း မှီ တင်း နေ ထိုင် ကြ ကုန် သော လူ သား များ အား လုံး တ ပြေး ညီ ရ ရှိ စား သုံး နိုင် ခြင်း မ ရှိ ကြ ပေ။
ပြ သ နာ ဖြေ ရှင်း ချက်။ ။
မြန် မာ နိုင် ငံ အ တွင်း မှီ တင်း နေ ထိုင် ကြ ကုန် သော လူ သား များ၊ နိုင် ငံ သား များ၊ ဧည့် သည် များ အား လုံး တို့ သည်၊ ကျန်း မာ ရေး ကို အ ရေး တ ယူ မြှင့် တင် လို စိတ် ရှိ ကြ ရန် လို အပ် သည်။
ထို့ နောက်၊ စံ ပြ ကျန်း မာ ရေး စ နစ် တစ် ခု အား နိုင် ငံ တော် အ ဆင့် တည် ဆောက် လည် ပတ် မြှင့် တင် နိုင် ရန် အ တွက်၊ အား လုံး ၊ မ ဖြစ် မ နေ၊ ပါ ဝင် ကြ ရ မည်။
စိတ် နေ စိတ် ထား ပြင် ဆင် မှု
မြန် မာ နိုင် ငံ အ တွင်း မှီ တင်း နေ ထိုင် ကြ ကုန် သော လူ သား များ၊ နိုင် ငံ သား များ ၊ ဧည့် သည် များ၊ ထဲ မှ အ များ စု တို့ သည်၊ ကျန်း မာ ရေး နှင့် ပတ် သက် သော အ မှု ကိ စ္စ များ အ ပေါ် ထား ရှိ သည့် စိတ် နေ စိတ် ထား သည်၊ လို အပ် ချက် များ ရှိ နေ သည်။
နေ မ ကောင်း ဖြစ် သော အ ခါ မှ၊ ကျန်း မာ ရေး ပ ညာ ရှင်၊ ဆ ရာ ဝန်၊ ဆေး မှူး ၊သူ နာ ပြု၊ ဆေး ဆ ရာ များ နှင့် ထိ တွေ့ ဆွေး နွေး လို ကြ သည်။
ငွေ ကြေး မ တတ် နိုင် သူ၊ ငွေ ကြေး ချွေ တာ လို သူ များ က၊ စပ် ဆေး ဆ ရာ၊ အပ် ပုန်း များ နှင့် ဆွေး နွေး ကြ သည်။
နေ ထိုင် ကောင်း သွား သည် နှင့်၊ ကျန်း မာ ရေး နှင့် ပတ် သက် သော ကိ စ္စ များကို မေ့ လျော့ ထား လိုက် ကြ ပြန် သည်။
လူ သား တို့ သည်၊ အ သက် ဆက် လက် ရှင် သန် ရေး အ တွက်၊ နေ့ စဉ် အ စား အ သောက် များ စား သုံး သ ကဲ့ သို့၊ ကျန်း မာ ရေး လိုက် စား မှု သည် လည်း နေ့ စဉ် ဖြစ် ရန် လို အပ် သည်။ ဤ ကဲ့ သို့ စိတ် နေ စိတ် ထား ပြင် ဆင် မှု ကို လုပ် ဆောင် ကြ ရ မည်။
ကျန်း မာ ရေး ဆိုင် ရာ ၊ ငွေ ကြေး စ နစ် ပြင် ဆင် မှု။ ။
ကျန်း မာ ရေး သည် အ ခြေ ခံ လို အပ် ချက် ဖြစ် သည်။ ထို့ ကြောင့် ၊ နိုင် ငံ တော် ဗ ဟို အ စိုး ရ အ နေ ဖြင့်၊ ကျန်း မာ ရေး ဆိုင် ရာ ငွေ ကြေး စ နစ် တစ် ခု ကို ပြင် ဆင် တည် ဆောက် ရန် လို အပ် သည်။
ဥ ပ မာ။ ။ စား ရိတ် မျှ ပေး ကျန်း မာ ရေး စ နစ်
ဤ စ နစ် သည် ၊ မြန် မာ နို်င် ငံ တွင် ကျင့် သုံး ခဲ့ သော ကျန်း မာ ရေး ဆိုင် ရာ ငွေ ကြေး စ နစ် တစ် ခု ဖြစ် သည်။ ၄င်း သည် မြန် မာ နိုင် ငံ ၏ ကျန်း မာ ရေး စ နစ် ကို စံ ပြ ကျန်း မာ ရေး စ နစ် ဖြစ် အောင် ပြောင်း လဲ နိုင် စွမ်း မ ရှိ။
ထို့ ကြောင့် ၊ နိုင် ငံ တော် ဗ ဟို အ စိုး ရ မှ၊ ဦး စီး စီ မံ ကွပ် ကဲ သည့်၊ စံ ပြ ကျန်း မာေ ရး ရန် ပုံ ငွေ စ နစ် ကို ကျင့် သုံး ရ မည်။
အ စီ အ မံ။ ။
စိတ် နေ စိတ် ထား နှင့် ငွေ ကြေး စ နစ် ပေါင်း စပ် ပြင် ဆင် မှု။ ။
ကျန်း မာ ရေး နှင့် ပတ် သက် လျှင်၊ စံ ပြ ကျန်း မာ ရေး စ နစ် သည်၊ မြန် မာ နိုင် ငံ အ တွင်း မှီ တင်း နေ ထိုင် သော လူ သား များ အား လုံး နှင့် သက် ဆိုင် သည် ဟူ သော စိတ် ဓါတ် ကို စ တင် မွေး မြူ ရ မည်။
စံ ပြ ကျန်း မာ ရေး စ နစ် ကို တည် ဆောက် ရာ တွင် ၊ အ ခြေ ခံ အ ဆောက် အ ဦ၊ ပ စ္စည်း ကိ ရိ ယာ၊ နည်း ပ ညာ နှင့် ပ ညာ ရှင် များ ဖြင့် တည် ဆောက် ရ သည်။
စံ ပြ ကျန်း မာ ရေး စ နစ် သည်၊ ကျန်း မာ ရေး စောင့် ရှောက် မှု ဆို်င် ရာ၊ ဝန် ဆောင် မှု နှင့် ကုန် စည် များ ကို ဖန် တီး ထုတ် လုပ် ပေး မည်။
စံ ပြ ကျန်း မာ ရေး စ နစ် ထဲ တွင် ဖြစ် တည် လာ နေ သော၊ အ ခြေ ခံ အ ဆောက် အ ဦ၊ ပ စ္စည်း ကိ ရိ ယာ၊ နည်း ပ ညာ၊ ပ ညာ ရှင် များ အား လုံး သည်၊ မြန် မာ နိုင် ငံအ တွင်း မှီ တင်း နေ ထိုင် သော လူ သား တစ် ဦး ချင်း ၏ အ လုံး စုံ ပိုင် ဆိုင် မှု ဖြစ် သည် ဟူ သော အ တွေး အ မြင် ရှိ သည့်၊ စိတ် နေ စိတ် ထား ကို ပြင် ဆင် ကြရ မည်။
စံ ပြ ကျန်း မာ ရေး စ နစ် ကို ထောက် ပံ့ သည့်၊ ငွေ ကြေး ထည့် ဝင် မှု စ နစ် ကို စ တင် တည် ဆောက် ကြ ရ မည်။
လုပ် ဆောင် ရ မည့် အ ဆင့် လမ်း ညွှန်။ ။
အ ပိုင်း ၂ တွင် ဆက် လက် ဖတ် ရှု ပါ ရန်။
