အ ပိုင်း (၅) ကို အ ဆုံး အ ထိ ဖတ် လျှင်
(၁)
ယ ခင် July 19 ၂၀၂၁ တွင် ကျွနု်ပ် တင် ခဲ့ သော ဆောင်း ပါး တွင် ဖော် ပြ ထား ခဲ့သည့် ကို ဗစ် ၁၉ လူ နာ များ အ တွက်၊ Dexamethasone/ Prednisolone အ သက် ကယ် ကု ထုံး တွင် ဖော် ပြ ထား ခဲ့ သော Dexamethasone/Prednisolone တို့ ၏ သောက် ဆေး ပ မာ ဏ များ၊( အ ကြော ထိုး ဆေး မ ဟုတ် **)၊ သောက် ရန် အ ညွှန်း များ သည်၊ ရမ်းကု အပ် ပုန်း ဆ ရာ ဝန် တစ် ယောက် မှ ရမ်း သမ်း ရေး သား ပြီး၊ နာ မည် ကြီး ရုံ သက် သက် ရေး သား ဖော် ပြ ထား သော အ ရာ များ မ ဟုတ် သည် ကို လည်း၊ ယှဉ် တွဲ ဖော် ပြ ထား သော၊ ကျိုး ကြောင်း ဆင် ခြင် မှု (logical thinking ) နှင့် က မ္ဘာ အသိ အ မှတ် ပြု ပု ဂ္ဂ လိ က နှင့် အ စိုး ရ ကျန်း မာ ရေး ဌာ န များ မှီ ငြမ်း အ ကိုး အ ကား အ ချက် များ အား ဖြင့် သိ ပ္ဗံ နည်း ကျ ငြင်း ဆို သက် သေ ပြ ရာ ရောက် သည်။

(၂) Dexamethasone အ ကြော ဆေး ထိုး ဆေး မ ရ သော၊ ဝေး လံ ခေါင် ဖျား သည့် ဒေ သ များ ၊ ဆေး မှူး များ နှင့် public health supervisor (PHS) များ အ နေ ဖြင့် အ ကြောဆေး ရှာ မ ရ သော အ ခြေ အ နေ များ၊ ခို ကိုး ရာ မဲ့ ဖြစ် နေ သော လူ နာ များ တွင်၊ ဂွေး ဒေါက် ရွက်၊ ရေ နွေး ရှူ ခြင်း ထက် ပို မို ထိ ရောက် သော၊ Dexamethason/Prednisolone သောက် ဆေး အ သက် ကယ် ကု ထုံး ဖြင့် ကြိုး စား အ သက် ကယ် နိုင် ကြောင်း ကို သိ နိုင် မည်။ အ နည်း ဆုံး၊ အောက် ဆီ ဂျင် ရှူ ခြင်း နှင့် Dexamethasone/Prednisolone အ သက် ကယ် ကု ထုံး ဖြင့် ပေါင်း စပ် ကု သလျှင် အ သက် ပို မို ရှင် ခွင့် ရှိ ကြောင်း သိ နိုင် မည်။

(၃) ကို ဗစ် ကယ် ဆယ် ကု သ ရေး ဌာ န များ တွင် သာ မ က၊. ဝေး လန် ခေါင် ဖျား သော ဒေ သ များ တွင် ပါ။ ဆေး မှူး၊ သူ နာ ပြု၊ ဆေး ဝါး ကျွမ်း ကျင် ပု ဂ္ဂိုလ် များ အ နေ ဖြင့်၊ ယ ခု ဆောင်း ပါး တွင် ဖော် ပြ ထား သော၊ ဆေး ပ စ္စည်း များ နှင့် ၊ လို အပ် မည့် ကိ ရိ ယာ တန် ဆာ ပ လာ ရှိ ပါ က၊ ဆေး ခန်း ငယ်၊ လူ နာ ၏ နေ အိမ် များ တွင် ပါ ၊ တတ် နိုင် သ လောက်၊အ သက် ကယ် ကု သ မှု ပေး နိုင် မည် ဆို သည့်၊ သ တင်း အ ချက် အ လက်ကို ဝေ မျှ ခြင်း ဖြစ် ကြောင်း ကို သိ မြင် နိုင် မည်။

(၄) Dexamethasone/Prednisolone အ သက် ကု ထုံး ကို ဗ ဟို ပြု ၍၊ အောက် ဆီ ဂျင် ရှူ ပြီး၊ ကု လျှင် အ သက် ရှင် သန် ရန် အ မှန် တ ကယ် အ ခွင့် အ လမ်း ပို များ ပြီး၊. လက် တွေ့ အ သက် ကယ် နိုင် ကြောင်း ကို လည်း သိ လာ မည့် အ ပြင် ၊ အ ခြား သော အ ကျိုး ရှိ စေ နိုင် မည့် ဆေး များ ဖြင့် ပေါင်း စပ် ကု သ နိုင် လျှင် လည်း ၊ ပို မို ကောင်း မွန် ကြောင်း ကို သိ မြင် နိုင် မည်။

(၅) ကို ဗစ် ၁၉ လူ များ ကို ပို မို ကယ် ဆယ် ကု သ နိုင် ရန်၊ အ ခြား သော အ သုံး ဝင် အ ကျိုး ရှိ မည့် ဆေး ဝါး များ အ ကြောင်း နှင့် အ သုံး ပြု ပုံ အသုံး ပြု နည်း များ ကို၊ အ ချိန် တို အ တွင်း သိ ရှိ လေ့ လာ နို်င် မည်။ အ ထူး သ ဖြင့် ဝေး လန် ခေါင် ဖျား သော ဒေ သ များ တွင် ရှိ သော၊ ဆေး မှူး များ၊ ကျန်း မာ ရေး မှူး များ၊ သူ နာ ပြု များ အ တွက် ဦး တည် ဝေ မျှ သော သ တင်း အ ချက် အ လက် ဖြစ် သည် ကို သိ ရှိ နိုင် မည်။ ထိုး ဆေး များ မ ရှိ သည့် အ ချိန် တွင် ပင်၊ သောက် ဆေး သာ ရ နိုင် မည့် အ ခြေ အ နေ များ တွင် သောက် ဆေး များ သက် သက် နှင့် အောက် ဆီ ဂျင် အိုး ရှိ ရုံ ဖြင့် ၊ ကို ဗစ် ၁၉ လူ နာ များ ကို အ သက် ကယ် ကု သ နိုင် မည် ဖြစ် ကြောင်း ကို သိ ရှိ နိုင် မည်။

(၆) ကျွနု်ပ် ရေး သား ဖော် ပြ အပ် သော၊. ယ ခု ဆောင်း ပါး အ ပိုင်း (၅) အပါ အ ဝင်၊ အပိုင်း (၁) မှ အ ပိုင်း (၅) အ ထိ ပိုင် နို်င် စွာ သိ ရှိ နား လည် မည် ဆို ပါ က၊ ကို ဗစ် ၁၉ ကပ် ရော ဂါ တန် ပြန် ကာ ကွယ်၊ ကယ် ဆယ် ကု သ ရေး စ နစ် တစ် ခု ကို တည် ဆောက် လည် ပတ် နိုင် မည် သာ မ က၊ ခေတ် ပေါ် Tele-medicine ဗ ဟို ပြု၊ကျန်း မာ ရေး စ နစ် သစ် တစ် ခု ကို ပါ အောင် မြင် စွာ လည် ပတ် တည် ဆောက် နိုင် မည် ဖြစ် ကြောင်း၊ သိ ရှိ နိုင် မည်။

အ ပိုင်း ( ၅)
အ ပိုင်း ( က)
မြန် မာ နိုင် ငံ. အ တွက် အ ရေး ပေါ် ကို ဗစ် ၁၉ ကု ထုံး များ နှင့် ၄င်း တို့ ၏ နောက် ကွယ် မှ ယျေ ဘု ယျ သ ဘော တ ရား များ

လူ နာ များ ကို သည်း ထန် မှု အ ဆင့် ၁၊၂၊ ၃၊ ခွဲ ခြား သတ် မှတ် မှု ကို အ ပိုင်း (၁) တွင် ဖော် ပြ ခဲ့ သည်။

သည်း ထန် မှု အ ဆင့် (၁) လူ နာ များ ကို ကယ် ဆယ် ကု သ ရေး ဌာ န ခွဲ ( ၁) မှ နေ ၍ ဆ ရာ ဝန် များ ၊ ဆေး မှူး များ မှ အ ဝေး ရောက် ကု သ မှု နှင့် ကာ ကွယ် မှု အ ကြံ ဉာဏ် များ ကို မည် သို့ ပေး သင့် သည် ကို အ ပိုင်း (၂) တွင် ဖော် ပြ ခဲ့ သည် ။

ယ ခု အ ပိုင်း ( ၅ ) တွင်၊ သည်း ထန် မှု အ ဆင့် ၂ နှင့် ၃ လူ နာ များ ကို မည် သို့ ကု သ သင့် သည် ကို ယျေ ဘု ယျ အား ဖြင့် ဖော် ပြ မည် ဖြစ် သည်။

သည်း ထန် မှု အ ဆင့် ( ၂ ) လူ နာ များ ကို
ဈေး အ သက် သာ ဆုံး နှင့် အ သက် အ ကယ် နိုင် ဆုံး ကု ထုံး မှာ အောက် ပါ အ တိုင်း ဖြစ် သည်။

Dexamethasone/ Prednisolone အ ရေး ပေါ် အ သက် ကယ် ကု ထုံး

အ သက် ရှူ အ တော် အ သင့် သာ ကြပ် သော
အ သက် ရှူ နှုန်း တစ် မိ နစ် လျှင် ၂၂ နှင့် ၂၅ ကြား ရှိ သော
အောက် ဆီ ဂျင် % SpO2 ၉ ၄ နှင့် ၈၄ ကြား ရှိ သော
သည်း ထန် မှု အ ဆင့် (၂) လူ နာ များ ကို
Dexamethasone ၆ မီ လီ ဂရမ် အား အ ကြော ဆေး ကို ၂၄ နာရီ လျှင် တစ် ကြိမ် ထိုး ၍ စ တင် ကု သ သင့် သည်။

လူ နာ မှ အ ကြော ဆေး မ ထိုး ချင် ပါ က သို့ မ ဟုတ် အ ကြော ဆေး အ ဆင် မ ပြေ လျှင်၊ Dexamethasone သောက် ဆေး ကို အ သုံး ပြု သင့် သည်။ ( ကျွနု်ပ် july 19 တွင် တင် ခဲ့ သော အ ကြောင်း အ ရာ မှာ Dexamethasone သောက် ဆေး ဖြစ် သည်။ ထို့ ကြောင့် dose ပ မာ ဏ နှင့် ဆေး သောက် သည့် အကြိမ်၊ သောက် နည်း များ ခြား နား မှု ရှိ နေ သည်။ )
ထို အ ခါ Dexamethasone သောက် ဆေး ၈ မီ လီ ဂရမ် အား ကို ၂၄ နာရီ ကြာ တိုင်း တစ် ခါ သို့ မ ဟုတ်၊.
၎ မီ လီ ဂရမ် အား ကို ၁၂ နာ ရီ ခြား တစ် ခါ၊. တစ် နေ့ ၂ ကြိမ် သောက် ရန် စီ စဉ် ပေး သင့် သည်။
အ ဘယ် ကြောင့် ဆို သော် သောက် ဆေး တွင် အ ကြော ဆေး နှင့် နှိုင်း ယှဉ် ပါ က၊ သွေး ထဲ သို့ ရောက် နိုင် သော ဆေး ပ မာ ဏ bioavailability သည် ၇၀ နှင် ၈၀ % ကြား တွင် သာ ရှိ သည့် အ တွက် ဖြစ် သည်။
ထို့ ကြောင့်. အ ကြော ဆေး ပ မာ ဏ ၆ မီ လီ ဂရမ် ထက် ၂ မီ လီ ဂရမ် ပို ၍၊၊ သောက် ဆေး တွင် ၈ မီ လီ ဂရမ် စဉ်း စား တွက် ချက် ၍ သိ ပ္ဗံ နည်း ကျ ပေး ခြင်း ဖြစ် သည်။

မှီ ငြမ်း အ ကိုး အ ကား။
Reference: US National Library of MedicineNational Institutes of Health
https://www.ncbi.nlm.nih.gov/pmc/articles/PMC4168382/
ကိုး ကား ချက်။. ။
In healthy individuals, bioavailability of oral dexamethasone has been reported to be between 70% and 78% [9,10]. However, extrapolation of bioavailability established in healthy individuals to patients hospitalized with pneumonia might be inaccurate due to potentially impaired absorption caused by delayed gastric emptying or altered first pass metabolism [11,12].

Prednisolone နှင့် အ စား ထိုး ကု သ ခြင်း

Dexamethason မ ရ ပါ က Prednisolone ကို Dexamethasone နေ ရာ တွင် အ စား ထိုး သုံး နိုင် သည်။
Dexamethasone 0.75 mg သို့ မ ဟုတ် ၁ မီ လီ ဂရမ် ဝန်း ကျင် သည် Prednisolone 5 mg ခန့်. နှင့် ညီ မျှ သည်
မှီ ငြမ်း အ ကိုး အ ကား
Reference: Up to Date
https://www.uptodate.com/contents/image/print?imageKey=ENDO%2F64138&topicKey=ANEST%2F94256&source=outline

ထို့ ကြောင့်၊ Dexamethasone ၆ မီ လီ ဂရမ် သည် Prednisolone ၃၀ မီ လီ ဂရမ် နှင့် ညီ မျှ ပြီး
Dexamethasone 8 မီ လီ ဂ ရမ် သည် Prednisolone ၄၀ မီ လီ ဂရမ် နှင့် ညီ မျှ သည်။

ထို့ ကြောင့် Dexamethasone မ ရှိ လျှင် Prednisolone ကို
အောက် ပါ အ တိုင်း အ စား ထိုး တိုက် သင့် သည်။
Prednisolone သောက် ဆေး ၅ မီ လီ ဂရမ် အား ၈ လုံး ကို ၂၄ နာရီ ကြာ တိုင်း တစ် ခါ
သို့ မ ဟုတ်၊.
၅ မီ လီ ဂရမ် အား ၅ လုံး ကို ၁၂ နာ ရီ ခြား တစ် ခါ၊. တစ် နေ့ ၂ ကြိမ် သောက် ရန် စီ စဉ် ပေး သင့် သည်။

မှီ ငြမ်း အ ကိုး အ ကား
Reference: Up to Date
https://www.uptodate.com/contents/prednisone-drug-information/print

Usual dosage range:
Oral: 10 to 60 mg/day given in a single daily dose or in 2 to 4 divided doses; Low dose: 2.5 to 10 mg/day; High dose: 1 to 1.5 mg/kg/day (usually not to exceed 80 to 100 mg/day).

ဘာ ကြောင့် Prednisolone ၅ မီ လီ ဂရမ် ၅ လုံး ကို ၁၂ နာ ရီ တစ် ခါ ပေး သ လဲ။ ( ဗ ရမ်း ပ တာ ပေး ခြင်း မ ဟုတ် )
Prednisolone ၏ ဆေး အာ နိ သင် အ ရှိန် သည် တစ် ခါ သွေး ထဲ ရောက် လာ သည် နှင့် ၁၆ နာ ရီ ခွဲ မျ ၂၂ နာ ရီ ခန့် ပေး နိုင် သည်။
သို့သော် ၃ နာ ရီ သို့ မဟုတ် ၄ နာ ရီ ကြာ လျှင် ပ မာ ဏ စု စု ပေါင်း ၏ တစ် ဝက် ကို ခ န္ဓာ ကိုယ် မှ စွန့် ထုတ် ပယ် ဖျက် ခံ ရ သည်။
ထို့ ကြောင့် ရော ဂါ ပို သည်း ထန် သည့် လူ နာ များ အ တွက်၊ ထိ ရောက် သည့် ဆေး အာ နိ သင် ပ မာ ဏ အ ပြည့် နီး ပါး လျော့ မ သွား စေ ဘဲ ရှိ နေ စေ ရန်၊ ပ မာ ဏ အ နည်း ငယ် ထပ် တင် ၍၊ အ ကြိမ် ရေ ခွဲ ၍ ပေး ခြင်း က ပို ၍ အ ကျိုး ရှိ နိုင် သည်။
၁၂ နာရီ လျှင် တစ် ကြိမ် သောက် မည့် လူ နာ သည်၊ တစ် နေ့ ၂ ကြိမ် သောက် ဖြစ် မည် ဖြစ် သည်။ ထို့ ကြောင့်၊ Prednisolone ၅ မီ လီ ဂရမ် အား ၅ လုံး စု စုပေါင်း ၂၅ မီ လီ ဂရမ် အား ပေး ခြင်း မှာ ၊ ၂၄ နာ ရီ အ တွင်း ၅ဝမီ လီဂရမ် အား သောက် သည် နှင့် ညီ မျှ မည် ဖြစ် ပြီး၊ အ ကြိမ် ခွဲ သောက် ခြင်း ကြောင့် လျော့ နည်း သွား မည့် ဆေး အာ နိ သင် ပ မာ ဏ ကို ကာ မိ စေ ရန် အ နည်း ငယ် ပိုး ထား ပေး ခြင်း ဖြစ် သည်။

နောက် ထပ် တစ် ချက် မှာ၊. မြန် မာ နိုင် ငံ အ တွင်း သို့ သွင်း လာ သော Dexamethasone နှင့် Prednisolone များ ၏ အာ နိ သင် သည် စံ ချိန် မ ညီ၊ မ ပြည့် ဝ သည် က များ သည်။. (ဤ သည် မှာ ဆေး ကုန် သည် ပွဲ စား များ ၏ အ မြတ် များ လို သော လော ဘ၊ Myanmar FDA မှ ကြီး ကြပ် သူ များ ၏ လာဘ် ထိုး ခံ ထိုင် ကြည့် ခွင့် ပြု သည့် အား နည်း ချက် ဖြစ် သည်။ )

မှီ ငြမ်း အ ကိုး အ ကား
Reference: Drugs. Com
https://www.drugs.com/medical-answers/long-prednisone-stay-patients-system-after-course-3069825/

You could expect a dose or prednisone to stay in your system for 16.5 to 22 hours.
The elimination half life of prednisone is around 3 to 4 hours. This is the time it takes for your body to reduce the plasma levels by half. It usually takes around 5.5 half lives for a drug to be completely eliminated from your system.

သည်း ထန် မှု အ ဆင့် ( ၃ ) လူ နာ များ အ တွက် ရှင်း လင်း တင် ပြ ချက်။

အ သက် ရှူ အ ရမ်း ကြပ် နေ သော
အ သက် ရှူ နှုန်း တစ် မိနစ် လျှင်၂၅ ကြိမ် အ ထက် ရှိ သော
အောက် ဆီ ဂျင် % SpO2 ၈၄ နှင့် ၇၄ ကြား သို့ မ ဟုတ် ၇၄ ထက် နိမ့် သော
သည်း ထန် မှု အ ဆင့် (၃) လူ နာ များ ကို
Dexamethasone ၆ မီ လီ ဂရမ် အား အ ကြော ဆေး ကို ၁၂ နာရီ လျှင် တစ် ကြိမ်၊ အ ကြိမ် ရေ တိုး ကာ ထိုး ၍ ဆက် လက် ကု သ သင့် သည်။

လူ နာ မှ အ ကြော ဆေး မ ထိုး ချင် ပါ က သို့ မ ဟုတ် အ ကြော ဆေး အ ဆင် မ ပြေ လျှင်၊ သောက် ဆေး ကို အ သုံး ပြု သင့် သည်။
ထို အ ခါ Dexamethasone သောက် ဆေး 4 မီ လီ ဂရမ် အား ကို က နာ ရီ ခြား တစ် ခါ၊. တစ် နေ့ ၃ ကြိမ် သောက် ရန် စီ စဉ် ပေး သင့် သည်။
သို့ မ ဟုတ်
လူ နာ အ ခြေ အ နေ ဖြည်း ဖြည်း ချင်း ပို မို ဆိုး ရွား ကျ ဆင်း နေ ပါ က
Dexamethasone သောက် ဆေး ၈ မီ လီ ဂရမ် အား ကို ၁၂ နာ ရီ ခြား တစ် ခါ၊. တစ် နေ့ ၂ ကြိမ် သောက် ရန် စီ စဉ် ပေး သင့် သည်။

Dexamethasone မ ရှိ လျှင် Prednisolone ကို
အောက် ပါ အ တိုင်း အ စား ထိုး တိုက် သင့် သည်။
Prednisolone သောက် ဆေး ၅ မီ လီ ဂရမ် အား ၊ ၅ လုံး ကို ၈ နာ ရီ ခြား တစ် ခါ၊.(တစ် ခါ သောက် ၅ လုံး ) တစ် နေ့ ၃ ကြိမ် သောက် ရန် စီ စဉ် ပေး သင့် သည်။

မှတ် ချက်။. ။
Dexa / Prednisolone သောက် ဆေး ပ မာ ဏ များ လွန်း နေ သည် ဟု ထင် ပါ သလား
လို တို ရှင်း မှတ် ချက် (၁)။ ။ ယျေ ဘု ယျ စည်း မျဉ်း၊ ၂၄ နာရီ အ တွင်း စု စု ပေါင်း Dexa ပ မာ ဏ ၂၀ မီ လီ ဂရမ် မ ကျော် လျှင် ပေး ၍ ရ သည်။

မှီ ငြမ်း အ ကိုး အ ကား
Reference : up to date
https://www.uptodate.com/contents/dexamethasone-systemic-drug-information
Dexamethasone Usual dosage range: Oral, IV, IM: 4 to 20 mg/day given in a single daily dose or in 2 to 4 divided doses; High dose: 0.4 to 0.8 mg/kg/day (usually not to exceed 40 mg/day).

မှတ် ချက် (၂) ။. ။
သည်း ထန် မှု အ ဆင့်(၃) လူ နာ များ သည်၊ သည်း ထန် မှု အ ဆင့် (၂) လူ နာ များ နှင့် မ တူ၊ အောက် ဆီ ဂျင် % ပ မာ ဏ အ လျှင် အ မြန် ကျ ဆင်း နေ တတ် ၍၊ အ သက် အ န္တ ရာယ် နှင့် အ လွန် နီး သော ကြောင့်၊. ၊ ၂၄ နာ ရီ အ တွင်း ပေး သော ဆေး ပ မာ ဏ များ ကို တိုး မြှင့် ပေး သင့် သည်။
General Guideline အ ရ ၆ မီ လီ ဂရမ် ဟု ဇွတ် အ တင်း အော် ၍ ၆ မီ လိ ဂ ရမ် သာ ပေး ၍၊ လူ နာ အောက် ဆီ ဂျင် % ဆက် ကျ နေ သည် ကို ထိုင် ကြည့် နေ ပါ က၊. လူ နာ ကို စာ အုပ် ကြီး အ တိုင်း ဝိ နည်း လွတ် ကု ၍၊ ပေး သေ လိုက် ရ မည် ဖြစ် သည်။ Guide line အ တိုင်း ကု တယ် နော် လူ နာ ရော ဂါ ကျွမ်း လို့ သေ သွား တာ နော် လို့ ပြော မယ့်. အစား၊ သေ မင်း နှင့် စစ် ခင်း နေ ရ သည့် လူ နာ အ တွက် တစ် ခု ခု လုပ် ပေး သင့် သည်။ ဆို လို သည် မှာ လူ နာ အ ခြေ အ နေ၊ ကို ဗစ် ၁၉ ရော ဂါ ၏ သက် ရောက် မှု အ ခြေ အ နေ များ ပေါ် မူ တည် ၍၊ လို တိုး ပို လျှော့၊ ဉာဏ် ကွန့် ပြီး ၊ ကု သ ပေး သင့် သည်။

ကျွန်ုပ် ၏ အ တွေ့ အ ကြုံ အ ရ၊
အောက် ဆီ ဂျင် ၅၀% အ ထိ ကျ သော လူ နာ ကို ၆ မီ လီ ဂရမ် အ ကြော ဆေး တစ် မျိုး တည်း ဖြင့် ကု သ ခဲ့ သော ကြောင့် လူ နာ ကို ဆုံး ရှုံး သွား ရ သည့် မြန် မာ ဆ ရာ ဝန် အ ချို့ နှင့် နှီး နှော ဖ လှယ် သိ မြင် ခဲ့ ပြီး ဖြစ် သည်။

အောက် ဆီ ဂျင် ၇၀ % ၊ ၆၀ % အ ထိ ကျ ခဲ့ သော မြန် မာ နိုင် ငံ. အ တွင်း ရှိ လူ နာ များ ကို Dexamethasone သောက် ဆေး 4 မီ လီ ဂရမ် အား ကို ၁၂ နာ ရီ ခြား တစ် ခါ၊. တစ် နေ့ ၂ ကြိမ် သောက် ရာ မှ၊ ပို မို ဆိုး ရွား လာ မှု ကြောင့် တစ် ခါ သောက် ၄ မီ လီ ဂရမ် အား ကို ၈ နာ ရီ ခြား တစ် ခါ၊ တစ် နေ့ ၃ ကြိမ် သောက် ရန် Teleconsultaton ဖြင့် ညွှန် ကြား ဆွေး နွေး ၍ ၊ နေ့ စဉ် တိုး တက် လာ မှု များ ကို စောင့် ကြည့် အောင် မြင် ပြီး အ သက် ကယ် နိုင် ထား ခဲ့ သည်။

အောက် ဆီ ဂျင် ၄၀% အ ထိ ကျ နေ သော မြန် မာ နိုင် ငံ အ တွင်း လူ နာ များ ကို Prednisolone သောက် ဆေး ၅ မီ လီ ဂရမ် အား ၊ ၅ လုံး ကို ၈ နာ ရီ ခြား တစ် ခါ၊.(တစ် ခါ သောက် ၅ လုံး ) တစ် နေ့ ၃ ကြိမ် သောက် ရန် Teleconsultaton ဖြင့် ညွှန် ကြား ဆွေး နွေး ၍ ၊ နေ့ စဉ် တိုး တက် လာ မှု များ ကို စောင့် ကြည့် အောင် မြင် ပြီး အ သက် ကယ် နိုင် ထား ခဲ့ သည်။
( သက် သေ ပြ စေ လို လျှင် messenger မှ ဆက် သွယ် မေး မြန်း နို်င် သည်။ )

Dexamethasone/ Prednisolone သောက် ပုံ သောက် နည်း
သည်း ထန်း မှု အ ဆင့် (၃) နဲ့ အ သည်း အ သန် ဖြစ် နေ တဲ့ လူ နာ တွေ မှာ၊
Dexamethasone/Prednisolone သောက် ဆေး ဖြစ် ပါ က၊ အ စာ စား ပြီး ချက် ချင်း ဖြစ် စေ၊. အ စာ မ စား၊ အ စာ အိမ် ထဲ တွင် အ စာ မ ရှိ ဘဲ ဖြစ် စေ သောက် နိုင် သည်။

ဆို လို သည် မှာ၊ Dexamethasone/Prednisolone သောက် ဆေး သည်၊ အ စာ အိမ် ကို Aspirin, Analgesic ကဲ့ သို့ သော အက် ဆစ် ဓါတ် ပါ သည့် ဆေး များ ကဲ့ သို့ တိုက် ရိုက် ဒဏ် ရာ ရ အောင် ဒု က္ခ မ ပေး ပေ။
Dexamethasone/Prednisolone ကို အူ လမ်း ကြောင်း မှ တစ် ဆင့် သွေး ထဲ သို့ ရောက် သော အ ခါ တွင် မှာ မှ၊ အ စာ အိမ် ထဲ သို့ ဝင် လာ သော သွေး လွှတ် ကြော မှ တစ် ဆင့် ၊ အ စာ အိမ် ၏ နံ ရံ ရှိ အ ကာ အ ကွယ် ပေး သော အ မြှေး ပါး ၏ လုပ် ဆောင် ချက် ကို ပိတ် ပင် လေ သည်။
ထို အ ခါ တွင် အ လို အ လျောက် ထွက် လာ သော၊ အ စာ ခြေ ရည် မှ အ လွယ် တ ကု၊ အ ကာ အ ကွယ် ပေး သော အ မြှေး ပါး ကို ကျော် လွှား ၍ အ စာ အိမ် နံ. ရံ ကို ခြေ ဖျက် ဒဏ် ရာ ရ စေ ခြင်း ဖြစ် သည်။ ထို့ ကြောင့် Dexamethasone/Prednisolone ၏ အ စာ အိမ် နံ ရံ ကို ဒဏ် ရာ ရ စေ သော သွယ် ဝိုက် ဘေး ထွက် ဆိုး ကျိုး သည်၊ ( Aspirin, Diclofenac အ နာ သက် သာ ဆေး များ ကဲ့ သို့။ တိုက် ရိုက် အ စာ အိမ် နံ ရံ ကို လောင် မြိုက် ပျက် ဆီး စေ ခြင်း မ ရှိ။ ထို့ ကြောင့် အ စာ မ ရှိ ဘဲ နှင့် လဲ သောက် ၍ ရသည်။ အ ထူး သ ဖြင့် dexa ပ မာ ဏ သွေး ထဲ အ မြန် ဆုံး အ များ ဆုံး ရောက် အောင် လို အပ် နေ သော အ သည်း အ သန် လူ နာ များ တွင် အ စာ မ ပါ ဘဲ တိုက် သင့် သည်။ )

Reference : Mayo Clinic
https://www.mayoclinic.org/drugs-supplements/dexamethasone-oral-route/precautions/drg-20075207?p=1

Dexamethasone/Prednisolone အ သက် ကယ် ကု ထုံး ကြာ မြင့် သင့် သော အ ချိန် နှင့် ရပ် တန့် ပုံ ရပ် တန့် နည်း
Dexamethasone/ Prednisilone အ ရေး ပေါ် အ သက် ကယ် ကု ထုံး ကို
ယျေ ဘု ယျ အား ဖြင့် ၁၀ ရက် ပေး သင့် သည်။

သို့ သော် ဆေး အား တုံ့ ပြန် ပုံ တုံ့ ပြန် နည်း မှာ ကို ဗစ် ၁၉ လူ နာ တစ် ဦး နှင့် တစ် ဦး ကွာ ခြား မှု များ ရှိ သည် ကို တွေ့ ရ သည်။
ကိုယ် ခံ အား ကောင်း သော၊ အ သက် ငယ် သော၊ ရော ဂါ အ ခံ မ ရှိ သော ကို ဗစ် ၁၉ လူ နာ များ သည်၊ ၁၀ ရက် မ ပြည့် မည် ပင် ပြန် လည် ကောင်း မွန် လာ သည် ကို တွေ့ ရ သည်။
၃ ရက် ၄ ရက် ခန့် နှင့် အောက် ဆီ ဂျင် % SpO2 ၉ ၅ အ ထက် ပြန် ရောက် ပြီး
အ သက် ရှူ မ ကြပ် တော့ ပေ။
ထို အ ခါ အ နည်း ဆုံး ၄၈ နာ ရီ ခန့် စောင့် ကြည့် ပြိး ၊ လူ နာ အ ခြေ အ နေ တည် ငြိမ် ကောင်း မွန် မှ ဆေး ကို ရပ် တန့် ရန် စဉ်း စား စီ စဉ် သင့် သည်။

ဆေး သောက် ရ သည့် အ ချိန် (ကု ထုံး ကြာ ချိန်) မှာ အ နည်း ဆုံး ၇ ရက် မ ကျော် လျှင်
ဆေး ကို လူ နာ အ နေ ဖြင့် အ သက် ငယ် သော ကြောင့် (အ သက် ၄၅ နှစ် မ ကျော် လျှင်) ခံ နိုင် ရည် ရှိ လျှင် Dexamethasone/ Prednisolone ကို ချက် ချင်း တုံး တိ ရပ် ပစ် ၍ ရ သည်။
သို့ သော် အ ချို့ သော လူ ငယ် လူ ရွယ် များ တွင်
အ လွန် အ မင်း နုံး ခြင်း၊ ပင် ပန်း နွမ်း နယ် ခြင်း
အိပ် ငိုက် ချင်း၊ အိပ် ရာ ထဲ တွင် သာ လှဲ နေ ချင် ခြင်း
ကြောင် တောင် တောင် နား ဝေ တိန် တောင် ဖြစ် ခြင်း
သွေး ပေါင် ထိုး ကျ ခြင်း၊ မူး မေ့ လဲ ချင် သ လို လို ဖြစ် ခြင်း
မူး မေ့ လဲ ခြင်း၊ အ သက် ဆုံး ရှုံး ခြင်း များ ဖြစ် နိုင် သည်။

ထို့ ကြောင့် ထို Dexamethasone ရပ် တန့် မှု မြန် ဆန် လွန်း ခြင်း ကြောင့် ဖြစ် ပေါ် တတ် သော အ ထက် ပါ အ န္တ ရာယ် များ ကို ရှောင် လွှဲ ရန် အ တွက်၊
လူ နာ များ အား လုံး ကို မိ မိ ၏ မိ ခင် ဖ ခင် ညီ အစ် ကို မောင် နှ မ များ ကဲ့ သို့ ပင် သ ဘော ထား ကာ၊. စက် ရုပ် ဆန် သော General Guideline များ ကို စာ အုပ် ကြီး သ ဖွယ် အ သုံး ပြု ၍ ၊ စာ အုပ် ကြီး အ တိုင်း လုပ် ဆောင် ခြင်း ကို ရှောင် သင့် သည်။
လူ နာ သည် သာ အ ဓိ က ဖြစ် သော ကြောင့် ၊ လူ နာ တိုင်း ကို အ ရိပ် တ ကြည့် ကြည့် စိ စစ် ၍၊၊ ဆေး ကို ဖြည်း ညှင်း စွာ ရပ် တန့် သင့် သည်။ ထို့ ကြောင့် လူ နာ မှ ပြန် လည် သ တင်း ပို့ ဆွေး နွေး ခြင်း သည် အ ရေး ကြီး သည်။

Dexamethasone/ Prednisolone ဆေး လျော့ ပုံ လျော့ နည်း။ ။
အ ကြော ဆေး ထိုး နေ လျှင် သောက် ဆေး သို့ ပြောင်း ပြီး လျော့ ရ မည် ။
သောက် ဆေး ကို အ စ က ထဲ က သောက် နေ လျှင် သောက် ဆေး အ တိုင်း ဆက် သောက် ၍ လျှော့ သင့် သည်။
အ ကြော ဆေး ပ မာ ဏ နှင့် သောက် ဆေး ပ မာ ဏ ကို ညီ မျှ အောင် ခြင့် ချိန် သင့် လှ သည်။ (အ ထက် တွင် အ ကိုး အ ကား ဖြင့် ရှင်း ပြ ထား ပြီး ဖြစ် သည် )
အ နည်း ဆုံး တိုက် နေ သော ပ မာ ဏ မှ Dexamethasone ဆို လျှင် ၁ မီ လီ ဂ ရမ် စ လျော့ ၍ လည်း ကောင်း
Prednisolone ဆို လျှင် ၅ မီ လီ ဂရမ် စ လျှော့ ၍ လည်း ကောင်း
အ နည်း ဆုံး ၂ ရက် ဆက် တိုက် ခန့် သောက် နေ ရ မည်။ ပြီး မှ နောက် တစ် ဆင့် ထပ် ဆင်း သင့် သည်။ ဆို လို သည် မှာ Dexa ဆို လျှင် နောက် ထပ် ၁ မီ လီ ဂရမ်၊ Prednisolone ဆို လျှင် နောက် ထပ် ၅ မီ လီ ဂရမ် လျှော့ ရ မည်။ ၂ ရက် ခန့် ထို ပ မာ ဏ အ တိုင်း ဆက် တိုက် သင့် သည်။

ဥ ပ မာ။. ။ Dexamethasone ၈ မီ လီ ဂရမ် ကို မ နက် ၄ မီ လီ ဂရမ်၊ ည ၄ မီ လီ ဂ ရမ် သောက် နေ သော လူ နာ တွင်၊
လူ နာ အ ခြေ အ နေ တည် ငြိမ် ကောင်း မွန် သည် မှာ ၄၈ နာ ရီ ကျော် လာ သည် နှင့်
မ နက် ၃ မီ လီ ဂရမ်၊ ည ၃ မီ လီ ဂရမ် သို့ လျှော့ ၍ ၊ အ နည်း ဆုံး ၂ ရက် တိုက် သင့် သည်။ ၂ ရက် ပြီး မှ နောက် တစ် ဆင့် ထပ် ဆင်း သင့် သည်။

ဥ ပ မာ။. ။ Prednisolone ၂၅ မီ လီ ဂရမ် ကို မ နက် ၂၅ မီ လီ ဂရမ်၊ ည ၂၅ မီ လီ ဂ ရမ် (တစ်ခါ သောက် ၅ မီ လီ ဂရမ် ၅ လုံး ) သောက် နေ သော လူ နာ တွင်၊
လူ နာ အ ခြေ အ နေ တည် ငြိမ် ကောင်း မွန် သည် မှာ ၄၈ နာ ရီ ကျော် လာ သည် နှင့်
မ နက် ၂၀ မီ လီ ဂရမ်၊ ည ၂၀ မီ လီ ဂရမ် သို့ လျှော့ ၍(တစ်ခါ သောက် ၅ မီ လီ ဂရမ် ၄ လုံး ) ၊ အ နည်း ဆုံး ၂ ရက် တိုက် သင့် သည်။ ၂ ရက် ပြီး မှ နောက် တစ် ဆင့် ထပ် ဆင်း သင့် သည်။

ဆေး လျော့ ၊ ဆေး ဖြတ် သည့် နှုန်း သည် ထို လူ နာ အ တွက် မြန် ဆန် လွန်း နေ လျှင်၊ ခံ နို်င် ရည် မ ရှိ ဖြစ် လာ ပြီး၊ အ ထက် တွင် ဖော် ပြ ထား သော ဝေ ဒ နာ ပြ သ နာ များ ဖြစ် ပေါ် ခံ စား လာ သော လူ နာ များ တွင်၊ ယ ခင် ကောင်း မွန် ခဲ့ သော Dexa/Prednisolone ပ မာ ဏ နှင့် သောက် ပုံ သောက် နည်း အ တိုင်း ပြန် တင် ၍ စောင့် ကြည့် ကု သ ရမည်။ ပြီး မှ ၂ ရက် ထက် ပို သော အ ချိန် ၊ ဆို ကြ ပါ စို့၃ ရက် ၊ ၄ ရက် ကို တစ် ခါ ၊တစ် ဆင့် လျော့ ကြည့် ပြီး ကု သ ပေး ရ မည်။

အ ထူး သ တိ ပြု သင့် သည့် အ ချက်။. ။
အ သက် ကြီး သော သက် ကြား အို များ
၇ ရက် ထက် ပို ကြာ အောင် ကု သ ခံ ရ သည့် သူ များ
ဆီး ချို သွေး တိုး ရော ဂါ အ ခံ ရှိ သော သူ များ
ဥ ပ မာ အား ဖြင့်၊ ၁၅ ရက်၊ရက် ၂၀ Dexamethasne ထိုး ထား ရ သူ၊ သောက် နေ ရ သူ များ
ထို သူ များ တွင် ဆေး ပ မာ ဏ တစ် ခါ လျော့ လျင်၊ ၃ ရက် ၊၄ ရက် ခန့် အ ထိ ဆွဲ ဆန့် ပြီး မှ တစ် ဆင့် ခြင်း ၃ ရက်၊၄ ရက် တစ် ခါ တစ် ဆင့် ဆင်း ပြီး မှ ဆေး ကို ရပ် တန့် သင့် သည်။

ရော ဂါ အ ခံ ရှိ သူ ကို ဗစ် ၁၉ လူ နာ များ နှင့် Dexamethasone/Prednisolone အ သက် ကယ် ကု ထုံး

(၁) အ စာ အိမ် ရော ဂါ အ ခံ ရှိ သော ကို ဗစ် ၁၉ လူ နာ များ

အ စာ အိမ် ရော ဂါ အ ခံ ရှိ ရှိ မ ရှိ ရှိ၊ ကို ဗစ် ၁၉ လူ နာ မှာ
Dexa/ Prednisolone ပေး နေ ရင်း ၄ ရက် ၅ ရက် လောက် ဆို ရင် ၊ အ စာ အိမ် နံ ရံ အ တွင်း ပိုင်း မှာ ၊ အစာ ခြေ ရည် အက် ဆစ် ရဲ့ ခြေ ဖျက် မှု ကို ကာကွယ် ပေး တဲ့ အ မြှေး ပါး အ လွှာ လေး တွေ အနည်း ငယ် ပါး လာ တတ် တယ် ( dexa ရဲ့ အ စာ အိမ် နံ ရံ မှာ ပြ တဲ့ နေ ရာ လွဲ ၊အ စွမ်း ဖြစ် ပါ တယ်။ ) ။ အဲ ဒီ အ ခါ ဗိုက် အောင့် တာ အန် တာ ဖြစ် တတ် တယ်။

အဲ ဒီ အ တွက် လူ နာ အတွက် ၃ ရက် မြောက် လောက် ခ ထဲ က Omeprazole ၂၀ မီ လီ ဂရမ် ကို မ နက် တစ် လုံ့း ဖြစ် ဖြစ်၊. မနက် တစ် လုံ့း ညတစ် လုံး ဖြစ် ဖြစ် သောက် ဆေး ပေး ရ မယ် ။

ဗိုက် အောင့် တာ ရှိ ရင် မ နက် ၁ ည ၁ ပေး သင့် တယ်။

ဗိုက် မ အောင့် ရင် တစ် နေ့ တစ် လုံး လောက် ဘဲ၊ အ စာ အိမ် နံ ရံ ကို ကာ ကွယ် ပေး ဖို့ ရည် ရွယ် ချက် အ နေ နဲ့ ပေး ထား လို့ ရ တယ်

 

(၂) သွေး တိုး ရော ဂါ အ ခံ ရှိ သော ကို ဗစ် ၁၉ လူ နာ များ

Dexamethasone / Prednisolone အ သက် ကယ် ကု ထုံး ရ ယူ နေ သော
သွေး တိုး ရော ဂါ အ ခံ ရှိ သော လူ နာ များ တွင်၊ သောက် လက် စ သွေး တိုး ကျ ဆေး၊ သွေး တိုး ထိန်း ဆေး များ ကို သောက် မြဲ အ တိုင်း ဆက် သောက် သွား သင့် သည်။

မှီ ငြမ်း အ ကိုး အ ကား
Reference: JAMA
https://jamanetwork.com/journals/jama/fullarticle/2775280

(၃) ဆီး ချို ရော ဂါ အ ခံ ရှိ သော ကို ဗစ် ၁၉ လူ နာ များ

ဆီး ချို သွေး ချို၊ ရော ဂါ အ ခံ ရှိ သော ကို ဗစ် ၁၉ ကူး စက် ခံ နေ ရ သော လူ နာ များ အ နေ ဖြင့်၊၊ dexa/ prednisolone အ သက် ကယ် ကု ထုံး နဲ့ ကု သ ခံ ရ ဖို့ အ တွက်၊ မ ကြောက် ကြ ပါ နဲ့။
Dexa/Prednisolone ၏ အာ နိ သင် အ ရ၊ သွေး ထဲ မှာ သ ကြား ဓါတ် အ တော် အ တန် တက် တတ် ပါ သည်။
သို့ သော် အဲ ဒါ အ တွက် ပူ စ ရာ မ လို ပါ ။ ကြောက် စ ရာ မ လို ပါ။
ပုံ မှန် ကိုယ် သောက် နေ ကျ ဆီး ချို သွေး ချို ဆေးး တွေ ကို ဆက် သောက် ရန် သာ လို ပါ သည်။
သ ကြား ဓါတ် က ဆေး အ ရှိန် ကြောင့် အ တော် အ တန် တက် တာ ကို ကု သ ဖို့ ၊ Dexa/Prednisolone စ စ ပေး ခြင်း မှာ၊ တတ် နို်င် ရင်၊ အ ဆင် ပြေ ရင်၊
သွေး ထဲ က သ ကြား အ ခြေ အ နေ ကို သိ ဖို့၊ လက် ထိပ် ကို ဖောက် စစ် တဲ့ စက် (Glucometer ) နဲ့ လက် ထိပ် ကို ၂ နာ ရီ ခြား တစ် ခါ လောက် ဖောက် သင့် တယ်။
ဒါ မှ မ ဟုတ် အ စာ စား ပြီး ၂ နာ ရီ အ ကြာ မှာ၊ တစ် နေ့ လျှင် ၃ ကြိမ် အ နည်း ဆုံး ဖောက် သင့် သည်။
သွေး ချို တ ဖြည်း ဖြည်း ချင်း မြင့် တက် နေ မ နေ ကို သိ နိုင် ဖို့ အ တွက် ဖြစ် ပါ တယ်။
များ သော အား ဖြင့်၊ လူ နာ တော် တော် များ များ မှာ၊ dexa/ Prednisolone အ သက် ကယ် ကု ထုံး ရ ယူ နေ ချိန် မှာ၊ အ သက် အ န္တ ရာယ် ရှိ လောက် အောင် အ ရမ်း မြင့် တက် ခြင်း မ ရှိ ဘဲ တစ် နေ ရာ အ ရောက် မှာ တန်း နေ တတ် တာ များ ပါ တယ်။
Dexa/Prednisolone ကို စ လျော့ တာ နဲ့ ပုံ မှန် ပ မာ ဏ ဘက် ကို ပြန် ကျ သွား ပါ တယ်။

သွေး ချို ၃၅၀ မ ကျော် ရင် ဘာ မှ လုပ် စ ရာ မ လို ပါ။
ရေ များ များ ပို သောက်၊ ပြီး ဆီး များ များ သွား အောင် ကြိုး စား သင့် ပါ တယ်။
ရေအ ဝင် အ ထွက် ပ မာ ဏ ၊ ကိုက် ညီ မှု ရှိ မ ရှိ လူ နာ ရေ သောက် တိုင်း၊. ဆီး သွား တိုင်း၊ ရေ သန့် ပု လင်း နဲ့ ထည့် ချိန် တာ ခန့် မှန်း တာ လုပ် ပြီး ၊ intake out put ( ရေ အ ဝင် အ ထွက်) ကို မှတ် တမ်း တင် ပြီး အ ထူး ကု ဆ ရာ ဝန်၊. ဆ ရာ ဝန် ၊ ဆေး မှူး များ နဲ့ အ ချိန် နဲ့ တ ပြေး ညီ၊ ဆက် သွယ် ဆွေး နွေး သင့် ပါ သည်။

၃၅၀ ကျော် ရင်၊ ပ ထ မ ဆုံး အ နေ နဲ့၊ သောက် နေ တဲ့ ဆီး ချို သွေး ချို ဆေး တွေ ကို ၊ ဆေး ပ ညာ ရှင် ရဲ့ သုံး သပ် အ ကြံ ပေး မှု နဲ့၊ လို တိုး ပို လျော့ လုပ် ကြည့် သင့် သည် ။
အ စား အ သောက် ကို အ နည်း ငယ် ညှိ သင့် သည်။
အဲ လို လုပ် နေ ရင်း ၄၀၀ ကျော် ဖြစ် လာ ရင် တော့
၊insulin ထိုးပြီး ကု သ သင့် ပြီ ဖြစ် ပါ သည်။

သွေး ထဲ မှာ ရှိ တဲ့ သ တ္တု ဓါတ် သက် စောင့် ဓါတ် တွေ ကို သိ ဖို့ သွေး ဖောက် စစ် တဲ့ metabolic profile ဆို တာ ကို သိ ဖို့၊ သွေး ဖောက် ပြီး ဓါတ် ခွဲ ခန်း ကို ပို့ တာ မျိုး တွေ လုပ် ဖို့ လို လာ ပါ မယ်။
အဲ ဒီ လို အ ခြေ အ နေ မျိုး မှာ ဆို ရင်၊
ဖြစ် နိုင် ရင်၊ ဆီး ချို သွေး ချို အ ထူး ကု နဲ့ ဆက် သွယ် ပြီး၊ အ ချိန် နဲ့ တ ပြေး ညီ ၊ အ ထူး ကု သ မှု ကို လို အပ် မှာ ဖြစ် ပါ သည်။
ဆီး ချို သွေး ချို အ ထူး ကု နဲ့ ဆက် သွယ် လို့ မ ရ ခဲ့ ရင် လည်း sliding scale ကို အ သုံး ပြု ပြီး၊ insulin ကို တွက် ချက် ထိုး ပေး လို့ ရ ပါ တယ်

Sliding scale reference

(၄) နှ လုံး ရော ဂါ အ ခံ ရှိ သော ကို ဗစ် ၁၉ လူ နာ များ
Dexa/Prednisolone ၏ အာ နိ သင် အ ရ၊ သွေး ထဲ တွင် ရေ နှင့် ဆား ဓါတ် ၊. များ သာ မန် ထက် ပို မို ဆု ဆောင်း ဖြစ် တည် လာ နိုင် ပါ သည်။
ထို အ ခါ ပင် ကို နှ လုံး အား နည်း နေ သည့် အ တွက်၊ မော ခြင်း၊ ခြေ ထောက် များ ဖော ယောင် ခြင်း၊ ပက် လက် အိပ် လျှင် ပို မော တက် လာ ခြင်း များ ကို ကြုံ တွေ့ လာ ရ နိုင် သည်။
ယျေ ဘု ယျ အား ဖြင့်၊ အာ နိ သင် မြင့် ဆီး ဆေး Fursosemid. 40mg သို့မဟုတ် 20 mg ( မော ခြင်း ဖော ယောင် ခြင်း အ နည်း အ များ ပေါ် မူ တည် ၍) မ နက် ပိုင်း တွင် တစ် နေ့ တစ် လုံး ၊ တိုက် ခြင်း
Spironolactone 25mg သို့ မ ဟုတ် 50 mg ဆီး ဆေး ကို နေ့ လည် ပိုင်း တွင် တစ် လုံး တစ် ကြိမ် တိုက် ခြင်း
များ ကို၊ လူ နာ ၏ ဆီး ထွက် မှု ပ မာ ဏ နှင့် ဖော ယောင် မှု၊ မော မှု များ တိုး တက် ပြောင်း လဲ မှု များ နှင့် ခြင့် ချိန် ၍ ကု သ ပေး သင့် သည်။

လူ နာ ၏ နှ လုံး ရော ဂါ အ ခြေ အ နေ မှာ၊ ပို မို ရှုပ် ထွေး မှု ရှိ ခြင်း၊
နှ လုံး အ ထူး ကု များ မှ ပေး ထား သော အ ထူး ကု ဆေး ဝါး များ သောက် နေ ပါ က၊ ဖြစ် နိုင် လျှင်၊ နှ လုံး အ ထူး ကု သ မား တော် ထံ ဆက် သွယ်ေ ဆွး နွေး အ ကြံ ဉာဏ် ရ ယူ သင့် သည်။

(၅) ကိုယ် ဝန် ဆောင် မိ ခင် ကို ဗစ် ၁၉ လူ နာ များ
ကိုယ် ဝန် ဆောင် မိ ခင် ကို ဗစ် ၁၉ လူ နာ များ အ နေ နဲ့ Dexa/Prednisolone အ သက် ကယ် ကု ထုံး ကို ရ ယူ တဲ့ နေ ရာ မှာ ၊ မိ ခင် ရော က လေး ပါ အ သက် ရှင် သန် ခွင့် ကို ရ ရှိ နိုင် မယ့် အ ကျိုး. အ မြတ် က၊ ပို များ ပါ တယ်။ က လေး ကို ဆေး က ထိ ခိုက် စေ နိုင် လောက် တဲ့ အ ခြေ အ နေ တွေ မ တွေ့ ရှိ ရ ပါ ဘူး။ ဒါ ကြောင့် လို အပ် လာ ရင် Dexa/Prednisolone ကို အ ခြား ကို ဗစ် ၁၉ လူ နာ များ နည်း တူ သောက် နိုင် ပါ တယ်။

မှီ ငြမ်း အ ကိုး အ ကား
Reference
https://www.dovepress.com/corticosteroids-use-in-pregnant-women-with-covid-19-recommendations-fr-peer-reviewed-fulltext-article-JMDH

(၆) Dexamethasone/ Prednisolone. အ သက် ကယ် ကု ထုံး နှင့် ပတ် သက် ၍၊ အ ခြား သော သိ ထား သင့် သော အ ချက် များ
Dexamethasone/ Prednisolone ကြောင့် အ ရိုး ပွ မှု ဖြစ် နိုင် သည် ဆို သော အ ချက် မှာ၊ ကြောက် လန့် စ ရာ မ ဟုတ် ပါ။
ကို ဗစ် ၁၉ လူ နာ များ အ တွက် Dexa/Prednisolone အ သက် ကယ် ကု ထုံး ၏ ကာ လ မှာ ၇ ရက် မှ ရက် ၃၀ ပတ် ဝန်း ကျင် ခန့် သာ ရှိ သည်။
ဤ မျှ သော အ ချိန် တို အ တွင်း အ ရိုး ပွ ရော ဂါ ဝေ ဒ နာ ဖြစ် ရန် အ ကြောင်း မ ရှိ သည့် အ တွက် စိုး ရိမ် စ ရာ မ လို အပ် ပေ။
အ ရိုး ပွ ရော ဂါ ရှိ နေ သော သွေး ဆုံး ပြီး သား အ မျိုး သ မီး များ ပင် လျှင်၊ အ သက် အ န္တ ရာယ် မှ ကင်း လွတ် ခွင့် ရ မည့် အ ခြေ အ နေ နှင့် အ ရိုး ပွ မှု ပို များ လာ စေ မည့် အ ခြေ အ နေ ကို နှိုင်း ယှဉ် ကြည့် လျှင်၊ အ သက် ရှင် ခွင့် ရ မည့် အ ခြေ. အ နေ ကို ပေး မည့် Dexa/ Prednisolone အ သက် ကယ် ကု ထုံး ကို သာ၊ ရွေး ခြယ် သင့် သည် သာ ဖြစ် သည်။
မှတ် ချက်။. ။ အ ရိုး မ ပွ ခင်၊ မီး သ ဂြို င်္ဟ် စက် အတွင်း ရောက် ၍၊ အ ရိုး ပြာ မ ဖြစ် သွား ဖို့ အ ရေး ကြီး ပေ သည်။

ကို ဗစ် ၁၉ နှင့် ပတ် သက် သော အ ခြား သော ကု ထုံး များ
( Dexamethasone/ Prednisolone အ သက် ကယ် ကု ထုံး တစ် မျိုး ထဲ ၏ အ သက် ကယ် နိုင် စွမ်း သည် အ ခြား သော ဆေး များ ၏ အ သက် ကယ် နိုင် စွမ်း ထက် မြင့် မား ကြောင်း ကို ပ ထ မ နှင့် ဒု တိ ယ ကို ဗစ် လှိုင်း များ တွင် လေ့ လာ ထား ခဲ့ ကြ သ ဖြင့်၊ သက် သေ သာ ဓ က များ ရှိ ထား ပြီ ဖြစ် သည်။
ထို့ ကြောင့် Dexamethasone/ Prednisolone အ သက် ကယ် ကု ထုံး ကို၊ မြန် မာ ကို ဗစ် ၁၉ လူ နာ များ တွင် အ ဓိ က ဦး စား ပေး ၍ အ သုံး ပြု သင့်သည်။ ငွေ ကြေး တတ် နိုင် ခြင်း၊ အ ဆင် ပြေ ခြင်း များ ကြောင့် အ ခြား သော ဆေး များ ရ ရှိ နိုင် ပါ က၊ Dexamethasone/ Prednisolone အ သက် ကယ် ကု ထုံး နှင့် အ တူ ပေါင်း စပ် ထည့် သွင်း ကု သ ပေး သင့် သည်။

မှီ ငြမ်း အ ကိုး အ ကား
Reference
https://www.nejm.org/doi/full/10.1056/NEJMoa2021436

အ ပိုင်း (ခ)
Dexamethasone / Prednisolone အ သက် ကယ် ကု ထုံး နှင့် ပေါင်း စပ် ၍ ငွေ ကြေး တတ် နိုင် လျှင်၊ အ ဆင် ပြေ လျှင်၊ အ သုံး ပြု နိုင် သော အ ခြား သော ကု ထုံး နှင့် ဆေး ဝါး များ မှာ

၁။ Remdesivir
https://www.indiamart.com/proddetail/cipla-cipremi-remdesivir-injection-23374032088.html

၂။ Tocilizumab
https://www.indiamart.com/a1-pharma-and-general-stores/other-products.html

၃။ Enoxaparin
https://www.indiamart.com/proddetail/enclex-40-enoxaparin-injection-40-mg-0-4-ml-21606669230.html

၎။ Rivaroxaban (Xarelto) နှင့် Apixaban ( Eliquis )
https://dir.indiamart.com/impcat/apixaban-tablet.html

၅။ Favipiravir

၆။ အ လို အ လျောက် အ သက် ကူ ရှူ စက် နှင့် ချိတ် ဆက် ကု သ မှု ( Ventilator Treatment )

၇။ အ ဆုပ် အ တု (ECMO=extracorporeal membrane oxygenation)

၁။ Remdesivir
https://www.indiamart.com/proddetail/cipla-cipremi-remdesivir-injection-23374032088.html

ကို ဗစ် ၁၉ ဗိုင်း ရပ်စ် ပိုး ကို သတ် နိုင် သော ဆေး ဖြစ် သည်။

အ သက် ၁၂ နှင့် အ ထက် ကို ဗစ် သည်း ထန် မှု အဆင့် (၂ ) (၃) နှင့် အ သည်း အ သန် လူ နာ များ တွင် အ ဆင် ပြေ ပါ က သုံး သင့် သည်

ဆီး ချို သွေး ချို သွေး တိုး ၊ နှ လုံးစ သော ရော ဂါ အ ခံ ရှိ သော လူ နာ များ တွင် စော စော သုံး သင့် သည်။

ကို ဗစ် ၁၉ ကူး စက် ကြောင်း စစ် ဆေး သေ ချာ ခြင်း၊ သေ ချာ လောက် သော ကို ဗစ် ၁၉ ရော ဂါ လ က္ခ ဏာ များ ရှိ လာ သော ပ ထ မ တစ် ပတ် အ တွင်း သုံး လျှင် ထိ ရောက် နိုင် သည်။

ကောင်း ကျိုး
ရော ဂါ သည်း ထန် မှု အ နည်း ငယ် နှင့် အ လည် အ လတ် ရှိ သော လူ နာ များ တွင် သေ နှုန်း နှင့် နာ မ ကျန်း ပြင်း ထန် မှု၊ အ ချိန် ကာ လ များ ကို လျော့ ချ ပေး သည်။
အ သည်း အ သန် လူ နာ များ တွင် သိပ် အာ နိ သင် မ ပြ နိုင်။

အ သုံး ပြုပုံ အ သုံး ပြု နည်း

Remdesivir. ဆေး ကို ပ ထ မ စ ထိုး လျှင် ၁၀၀ မီ လီ ဂမ် ၂ လုံး ၊ စု စု ပေါင်း ၂၀၀ မီ လီ ဂရမ် ကို ၊ အ ကြော ဆေး ထိုး ရမည်။
နောက် ရက် များ တွင် ၁၀၀ မီ လီ ဂရမ် တစ် လုံး ကို တစ် နေ့ တစ် ကြိမ် အ ကြော ဆေး ဆက် ထိုး ရ မည်။
ရော ဂါ သည်း ထန် မှု ၊ လူ နာ တိုး တက် ကောင်း မွန် လာ မှု ပေါ် မူ တည် ၍ ၅ ရက် မှ ၁၀ အ ရက် အ ထိ ပေး နိုင် သည်။

Remdesivir ဆေး အ မှုန့် နှင့် ၁၉ မီ လီ လီ တာ ကို ၂၀ စီ စီ သို့ မ ဟုတ် ၅၀ စီ စီ ဆေး ထိုး အပ် ကို သုံး ပြီး၊ မိုး ရေ ကို Remdesivir ဆေး ပု လင်း ထဲ ထိုး ထည့် ပြီး ဖျော် ပါ။
ဆေး မှုန့် များ ပျော် သွား လျှင် 0.9% NaCl ဆား ရည် ကြည် ဗူး ၅၀၀ မီ လီ လီ တာ ကို တစ် ဝက် လျော့ ထား ပါ။ ၂၅၀ မီ လီ လီ တာ ဖြစ် အောင် လုပ် ဆား ရည် ကြည် ကျန် အောင် လုပ် ပါ။
ထို့ နောက် Remdesivir ဆေး ရည် ကို ဆေး ထိုး အပ် ဖြင့် စုပ် ပြီး ဆား ရည် ကြည် ပု လင်း ထဲ သို့ ထိုး ထည့် ပါ။ လှုပ် ပေး ပါ။
( ပ ထ ဆုံး နေ့ တွင် Remdesivir ၂ လုံး ဖျော် ၍ ၂၅၀ မီ လီ ဆား ငံ ရေ ထဲ ကို သာ ထည့် ပါ။ ( ၅၀၀ မီ လီ ဖြစ် စ ရာ မ လို )
ပြီး လျှင် လူ နာ ၏ သွေး ပြန် ကြော အ တွင်း သို့ ချိတ် ဆက် ပြီး
မိနစ် ၃၀ မှ ၁၂၀ မိနစ် အ တွင်း ကုန် အောင်၊ အ စက် ချ ပြီး သွင်း ပါ။
နှုန်း ကို ၄ မီ လီ လီ တာ ကို တစ် မိနစ် အ တွင်း ဝင် မည့် နှုန်း ကို သုံး သင့် သည်။
အ စက် ၂၀ လျှင် တစ် မီ လီ လီ ခန့် နှင့် ညီ မျှ တာ ဖြစ် သော ကြောင့် အ နည်း ဆုံး အ စက် ၈၀ လျှင် ၁ မိနစ် နှုန်း ဖြင့် ချ ရ မည်။
Drip ချိန် နည်း၊ နှုတ် မှ တစ် ထောင့် တစ်၊. တစ် ထောင့် နှစ်၊ တစ် ထောင့်၃ ဟု ရွတ် ဆို ပြီး ချိန် တွင်၊ drip စက် မှ ၄ စက် ကျ အောင် ၊ ဘီး လုံးကို လှည့် ပြီး ချိန် ပါ။ ၁ နာ ရီ ပတ် ဝန်း ကျင် တွင် ဆေး ရည် ကုန် မည် ဖြစ် သည်။
အ စက် ချ နှုန်း မှာ ပုံသေ မဟုတ်။ လူ နာ ၏ ခံ နိုင် ရည် ပေါ် မူ တည် ၍၊ တစ် မိနစ် လျှင် အ စက် ၆၀ နှုန်း ပတ် ဝန်း ကျင် ဖြင့် ထိန်း ညှိ ပေး လျှင် လည်း ရ သည်။
နှ လုံး ရော ဂါ အ ခံ နှင့် ကျောက် ကပ် အား နည်း သူ များ တွင် ပို ၍ နှေး သော နှုန်း ဖြင့် ပေး သင့် သည်။ သို့ သော် ၂ နာ ရီ ထက် ပို မ ကြာ သင့် ပေ။

ဘေး ထွက် ဆိုး ကျိုး
ဆေး ကို မွေး ရာ ပါ မ တည့်  သူ၊ အ လတ် ကျိတ် ဖြစ် သူ များ မှ လွဲ၍
ပြင်း ထန် သော ဘေး ထွက် ဆိုး ကျိုး မ ရှိ ပါ ။
ခေါင်း အ နည်း ငယ် မူး ခြင်း၊
နှ လုံး ခုန် အ နည်း ငယ် မြန် ခြင်း များ ဖြစ် နိုင် သည်။

ဆေး ၏ ဈေး နှုန်း မှန် မှာ အိ န္ဒိ ယ နိုင် ငံ တွင် ထုတ် လုပ် သော ဆေး တစ် လုံး လျှင် ဒေါ် လာ ၃၀ နှင့် ၅၀ ကြား တွင် သာ ရှိ သည်။

မှီ ငြမ်း အ ကိုး အ ကား
Reference
https://www.ncbi.nlm.nih.gov/pmc/articles/PMC7753529/

၂။ Tocilizumab

Dexamethasone/Prednisolone ကဲ့သို့ ယောင် ယမ်း မှု ကို သက် သာ စေ သော ဆေး ဖြစ် ပြီး၊ သွေး ဖြူ ဥ တွင် ရှိ သော IL-6 receptor ဟု ခေါ် သော နေ ရာ ကို ပိတ် ပင် တား မြစ် နိုင် ရန်၊ ဆေး သိ ပ္ဗံ ပ ညာ ရှင် များ က တီ ထွင် ထုတ် လုပ် ထားသော ဆေး ဖြစ် သည်။ ပြင်း ထန် သော အဆုပ် ယောင် ယမ်း မှု ကို ဖြစ် စေ သော IL-6 ဟု ခေါ် သည့် ပ ဋိ ပ စ္စည်း ၏ လုပ် ဆောင် ချက် ကို တား မြစ် ပေး သည်။

အ ဆင် ပြေ သော ငွေ ကြေး တတ် နိုင် သော သူ များ တွင် သုံး သင့် သည်။
Dexamethasone/Prednisolone ထက် အ ဆ ထောင် သောင်း များ စွာ ဈေး ကြီး သည်။

အ သုံး ပြု နည်း

သာ မန် သိပ် မ ပြင်း ထန် သော လူ နာ များ အ တွက်၊ အ နည်း ဆုံး ၄ မှ အ များ ဆုံး ၈ မီ လီ ဂရမ် ( 4-8 mg/kg) နှုန်း ဖြင့် တွက် ချက် သင့် သည်။
ဆေး ကို ကိုယ် ခ န္ဓာ အ လေး ချိန် ဖြင့် အ တိ အ ကျ တွက် ချက် ပြီး အ ကြော ဆေး ထိုး ရ မည် ဖြစ် သည်။
ကို ဗစ် ၁၉ ဝေ ဒ နာ ပြင်း ထန် သူ များ အ တွက် ဆေး ပ မာ ဏ မှာ ၊ ကိုယ် အ လေး ချိန်. ၁ ကီ လို ရှိ တိုင်း ၈ မီ လီ ဂရမ် လို အပ် မည်။

ဥ ပ မာ။. ။ ၇၀ ကီ လို အ လေး ချိန် ရှိ သော ရော ဂါ သည်း ထန် သူ ကို ဗစ် ၁၉ လူ တစ် ဦး တွင် တစ် ခါ ထိုး လျှင် ၅၆၀ မီ လီ ဂရမ် ထိုး ရ မည် ဖြစ် သည်။
ဆေး တစ် ဗူး လျှင် ဆေး ရည် ၄၀၀ မီ လီ ဂရမ် ခန့် ပါ သည်။
ဆေး ရည် ၄ မီ လီ လီ တာ တွင်၊ ၈၀ မီ လီ ဂရမ် ပါ သော ၂၀ မီ လီ လီ တာ အ ရည် ဆေး ဗူး တွင်၊ ၁ မီ လီ လီ တာ တွင် ၂၀ မီ လီ ဂရမ် ပါ သည်။
ထို့ ကြောင့် ၇၀ ကီ လို လေး သော လူ နာ အ တွက် ၅၆၀ မီ လီ ဂရမ် ထိုး ရ မည် ဖြစ်၍၊. ဆေး ၂ ဗူး ဝယ် မှ လောက် မည် ဖြစ် သည်။
၅၆၀ မီ လီ ရမ် အ တွက်၊ ဆေး ၂၈ မီ လီ လီ တာ ကို ၅၀ စီ စီ ဆေး ထိုး အပ် ဖြင့် စုတ် ပြီး၊ ၁၀၀ မီ လီ လီ တာ ရှိ သော၊ ၀.၉ % ဆား ရည် ကြည် ပု လင်း အ တွင်း သို့ ရော ဖျော် ပြီး၊ မှ
.သွေး ပြန် ကြော အ တွင်း သို့ ဖြေး ဖြေး ချင်း drip ဖြင့် တစ် နာ ရီ နှင့် အ ထက် ကြာ မှ ဆေး ကုန် အောင်၊ အ စက် ချ နှုန်း ချိန်၍ ပေး ရ မည် ဖြစ် သည်။ ထို့ ကြောင့် တစ် မိ နစ် လျှင် 6 စက် ၇ စက် နှုန်း ဖြင့် ပေး ရ မည် ဖြစ် သည်။

သို မဟုတ် အ လို အ လျောက် IV ထိုး သော စက် ( syringe pump ) ဖြင့် ပေး ရ မည် ဖြစ် သည်။

တစ် လုံး ထဲ တစ် ကြိမ် သာ ထိုး ရန် လို အပ် သည်။ ငွေ ကြေး တတ် နိုင် လျှင် ၊ ရော ဂါ အ ခြေ အ နေ ဆိုး လျှင်၊ ၂၄ နာရီ အ ကြာ တွင် နောက် တစ် လုံး ထပ် ထိုး ကောင်း ထိုး နိုင် သည်။
Dexamethasone ကု ထုံး နဲ့ တွဲ ၍ ကု ရ မည် ဖြစ် သည်။
ထို့ ကြောင့် သိ သင့် သည် မှာ Dexamethasone. ကု ထုံး သည် သာ ပင် မ ဖြစ် ကြောင်း နား လည် သင့် သည်။

The Panel recommends using tocilizumab (single intravenous [IV] dose of tocilizumab 8 mg/kg actual body weight up to 800 mg) in combination with dexamethasone (6 mg daily for up to 10 days) in certain hospitalized patients who are exhibiting rapid respiratory decompensation due to COVID-19.
diluted in 100 ml sodium chloride 0.9% and administered over 1 hour.
If actual body weight (ABW) is >100kg then the maximum recommended dose is 800mg.

မှီ ငြမ်း အ ကိုး အ ကား
Reference
https://www.covid19treatmentguidelines.nih.gov/therapies/immunomodulators/interleukin-6-inhibitors/

https://www.nejm.org/doi/full/10.1056/NEJMoa2028700

https://www.ncbi.nlm.nih.gov/pmc/articles/PMC7494278/

မှတ် ချက်။ ။
ဆေး ကို လူ စိတ် ရှိ သော ဆေး ဖြန့် ဖြူး ရောင်း ချ သူ ထံ မှ သို့ မ ဟုတ် ပင် ရင်း မှ တိုက် ရိုက် ဝယ် ပါ။ သိန်း ၅၀၀ သိန်း ၆၀၀ ဖြင့် မ တ ရား ၊ ရောင်း ချ နေ သည် ဟု သိ ရ သည်။

အိ န္ဒိ ယ နိုင် ငံ တွင် ထုတ် လုပ် သော ဆေး တစ် လုံး ၏ တန် ဖိုး မှာ ၊ ပင် ရင်း တိုက် ရိုက် ဒေါ် လာ ၅၀၀ နှင့် ၈၀၀ ကြား တွင် သာ ရှိ သည်။

https://www.indiamart.com/a1-pharma-and-general-stores/other-products.html

၃။ Enoxaparin
ကို ဗစ် ၁၉ ဗိုင်း ရပ်စ် ပိုး သည်၊ သွေး ပြစ် ခြင်း သွေး ခဲ ခြင်း ကို ဖြစ် စေ နိုင် သည်။ သို့ သော် လူ နာ တိုင်း တွင် မဟုတ်။ အ ချို့ သော လူ နာ များ တွင်
(က) ဦး နှောက် သွေး ကြော ပိတ်၊ လေ ဖြတ် ခြင်း
(ခ) သွေး လွှတ် ကြော ပိတ် ခြင်း – ခြေ ချောင်း ၊ လက် ချောင်း လေး များ ညို မည်း ၍ ပုပ် ခြင်း
(ဂ) သွေး ပြန် ကြော ပိတ် ခြင်း- ခြေ သ လုံး အ တွင်း သွေး ပြန် ကြော များ ပိတ် ဆို့ခြင်း ( DVT)
ခြေ ထောက် အ ပေါ် ယံ သွေး ပြန် ကြော များ ပိတ် ဆို့ ယောင် ယမ်း ခြင်း ( SVT)
(ဃ) နှ လုံး သွေး ကြော ပိတ် ခြင်း
စ သည် များ အ ခန့်. မသင့် လျှင် ကံ ဆိုး လျှင် ဖြစ် တတ် သည်။
ထို့ ကြောင့်၊ ဖြစ် နိုင် ပါ က၊ အ ဆင် ပြေ ပါ က၊ ငွေ ကြေး တတ် နို်င် ပါ က D-Dimer ဟု ခေါ် သော သွေး ခဲ မှု ၏ သက် သေ ခံ သဲ လွန် စ ဓါတ် တစ် မျိုး ၏ ပ မာ ဏ ကို စုံ စမ်း သိ ရှိ နို်င် ရန်၊ လူ နာ ၏ သွေး ကို ဖောက် ၍ ဓါတ် ခွဲ ခန်း သို့ ပို့ စစ် သင့် သည်။
သာ မန် ရှိ သင့် သော ပုံ မှန် ပ မာ ဏ ထက် များ နေ လျှင်၊ Enoxaparin ထိုး ဆေး ကို ထိုး ၍၊ သွေး ကြော ပိတ် ခြင်း အ န္တ ရာယ် ကို ကြို တင် ကာ ကွယ် ကု သ သင့် သည်။ အခြားေ သာ သောက် ဆေး များ လည်း ရှိ သည်။ အောက် တွင် ဆက် ဖတ် ပါ။

Enoxaparin ထိုးပုံ ထိုး နည်း
DDimer ပ မာ ဏ ပုံ မှန် မှာ < 250 ng/mL, or < 0.4 mcg/mL.
ဖြစ် သည်
Unit အား ဖြင့် ng ဆို လျှင် ၂၅၀ အောက်
Mcg ဆို လျှင် ၀.၄ အောက် နည်း ရ မည်
ပ မာ ဏ ၂ ဆ ခန့် မြင့် တက် နေ လျှင် သွေး ခဲ မည့် ပြ သ နာ အ တွက် စိုး ရိမ် စ ရာ ရှိ သည်။
ထို့ ကြောင့် သွေး မ ခဲ ရန် ကာ ကွယ် သည့် အ နေ ဖြင့် အ ဆင် ပြေ လျှင်၊ ငွေ ကြေး တတ် နို်င် လျှင် ထိုး သင့် သည်။
သွေး ခဲ ခြင်း ကို ကာ ကွယ် သည့် အ နေ ဖြင့် ထိုး လျင်
ကိုယ် အ လေး ချိန် ၁၀၀ ကီ လို မ ကျော် သူ များ တွင်
4000 IU ကို ဗိုက် ခေါက် ကို ဆူ ထွက် အောင် လုပ် ပြီး၊ တည့် တည့် စိုက် ထိုး သင့် သည်။
ကိုယ် အ လေး ချိန် ၁၀၀ ကီ လို ကျော် လျှင် 6000 IU ထိုး သင့် သည်။
လက် မောင်း အ ရေ ပြား အ ခေါက် တွင် ထိုး လို က ထိုး ၍ ရ သည်။
တစ် နေ့ တစ် ကြိမ် ထိုး ပြီး၊ D-dimer ပ မာ ဏ ပုံ မှန် ဖြစ် ပြီး ၇ ရက် အ ထိ ဆက် ထိုး သင့် သည်။

ခြေ ထောက် သွေး ပြန် ကြော များ တွင် သွေး ခဲ ခြင်း ကို Covid 19 လူ နာ တွင် တစ်ပြိုင် နက် ထဲ ခံ စား နေ ရ လျှင်၊.( ခြေ ထောက် ယောင် ယမ်း ခြင်း၊ ခြေ သ လုံး ကြွက် သား ထဲ မှ နာ ကျင် ခြင်း ၊ ခြေ ထောက် အ ရေ ပြား နီ ရဲ လာ ခြင်း များ ရှိ နေ လျှင် )
ကု သ သည့် ဆေး ပ မာ ဏ ကို ထပ် ပေါင်း တွက် ချက် ထိုး ရ မည်။
ဥ ပ မာ။. ။ ကိုယ် အ လေး ချိန် ၁၀၀ ကီ လို မ ကျော် သော၊ ၇၀ ကီ လို သာရှိ သော ၊ ကို ဗစ် ၁၉ လူ နာ တွင် ခြေ ထောက် သွေး ပြန် ကြော သွေး ခဲ သည့် ဝေ ဒ နာ ပြ သ နာ ဖြစ် နေ ပါ က၊. ကာ ကွယ် သည့် 4000 IU ပ မာ ဏ ကို ဗယ် လက် မောင်း သို့ မ ဟုတ် ဗယ် ဘက် ခြမ်း ဗိုက် ခေါက် တွင် ထိုး ပြီး၊.နောက် ၊ ကု သ ပေး မည့် ဆေး ပ မာ ဏ ကို (70 U/Kg ) နှုန်း ဖြင့် တွက် ပြီး ၄၉ ၀၀ unit ကို တစ် နေ့ နှစ် ကြိမ် ၁၂ နာ ရီ ခြား တစ် ခါ ) ညာဘက် လက် မောင်း သို့ မ ဟုတ် ၊ညာဘက် ခြမ်း ဗိုက် ခေါက်၊သက် သာ လာ သည် အ ထိ၊ D-Dimer ပမာဏ ပုံ မှန် ရောက် ပြီး ၄ ပတ် ကြာ သည် အ ထိ ထိုး ပေး သင့် သည်။

အ ကိုး အကား အ မှီ အငြမ်း
Reference
https://clinicaltrials.gov/ct2/show/NCT04646655

https://emedicine.medscape.com/article/2085111-overview

မှတ် ချက်။. ။
D-dimer ကို စစ် ဆေး ရန် မ ဖြစ် နိုင် သော၊ Enoxaparin ထိုး ဆေး မ ရှိ သော၊ ဝေး လန် ခေါင် ဖျား သည့် အ ရပ် ဒေ သ များ၊ အ ခြေ အ နေ များ တွင်၊ လူ နာ များ အ နေ ဖြင့်၊ ရေ များ များ သောက် ခြင်း၊ ကြက် သွန် ဖြူ စား ခြင်း များ ကို လုပ် ဆောင် သင့် သည်။
Aspirin 75 mg သွေး ကြဲ ဆေး ရ ရှိ နိုင် ပါ က၊ လည်း ဝယ် သောက် သင့် သည်။

Aspirin သောက် ပုံ သောက် နည်း
Aspirin ၇၅ မီ လီ ဂရမ် အား ကို တစ် နေ့ တစ် လုံး၊ အ စာ စား ပြီး ချက် ချင်း သောက် ချ ပါ။ ရက် ၃၀ မှ ရက် ၆၀ ခန့် အ ထိ သောက် သင့် သည်။

ကြက် သွန် ဖြူ စား ပုံ စား နည်း
ရှမ်း ကြက် သွန် ဖြူ အ ရွယ် ၅ မွှာ ခန့် ကို မ နက် ၊ နေ့ လည်၊ ည စာ များ စား လျှင် ထည့် စား သင့် သည်။

ရေ သောက် ပုံ သောက် နည်း
ရေ များ များ သောက် သင့် သည်။ နှ လုံး၊ ကျောက် ကပ် ရော ဂါ အ ခံ မ ရှိ သူ တစ် ဥိး အ နေ ဖြင့်၊ တစ် နေ့ လျှင် ရေ သန့် ဗူး ၃ ဗူး ခန့် ကုန် အောင် သောက် သင့် သည်။

Enoxaparin တန် ဖိုး ။
Enoxaparin ဆေး တန် ဖိုး မှာ အိ န္ဒိ ယ ထုတ် ဆို လျှင် ၆ ဒေါ် လာ နှင့် ၁၀ ဒေါ် လာ ကြား တွင် သာ ရှိ သည်။

https://www.indiamart.com/proddetail/enclex-40-enoxaparin-injection-40-mg-0-4-ml-21606669230.html

၎။ Rivaroxaban (Xarelto) နှင့် Apixaban (Eliquis )
Enoxaparin ကဲ့ သို့ သွေး ကြဲ စေ သော ဆေး များဖြစ် သည်။
သွေး ခဲ ခြင်း ကို ဖြစ် စေ သည် factor. V ဟု ခေါ် သော ဓါတ် ကို တား မြစ် ပေး သည်။
၎င်း တို့ သည်၊ပါး စပ် မှ သောက် ၍ ရ သော သောက် ဆေး များ ဖြစ် သည်။
Enoxaparin အ စား သုံး ၍ ရသည်။

သောက် ပုံ သောက် နည်း
D-dimer. တက် နေ သော ကို ဗစ် ၁၉ လူ နာ များ တွင်၊ D-Dimer ပုံ မှန် ဖြစ် သည် အ ထိ ၊ သွေး ခဲ ခြင်း ကို ကာ ကွယ် ရန်၊ သာ မန် ကို ဗစ် ၁၉ လူ နာ များ တွင် Apixaban 5 mg သို့ မ ဟုတ် Rivaroxaban 20 mg ကို တစ် နေ့ တစ် လုံး သောက် နိုင် သည်။ D-dimer ပုံ မှန် ဖြစ် ပြီး ၇ ရက် ခန့် အ ထိ သောက် သင့် သည်။

သောက် နေ ရင်း ခ န္ဓာ ကိုယ် ကို ၊ မ တော် တ ဆ ထိ ခိုက် မှု မ ရှိ အောင် နေ သင့် သည်။

Rivaroxaban
ကျောက် ကပ် ရော ဂါ အ ခံ ရှိ သူ များ အ နေ ဖြင့် အ ထူး ကု ဆ ရာ ဝန် နှင့် လှမ်း တိုင် ပင် ပြီး မှ သောက် သင့် သည်။ Creatinine Clearance စစ် ၍ ရပါ က စစ် ရ မည်။ ၄င်း တန် ဖိုး ၅၀ ထက် နည်း ပါ က Rivaroxaban ကို 15 mg သာ တိုက် သင့် သည်။

Apixaban5 mg အ နေ ဖြင့် ကျောက် ကပ် ရော ဂါ သည် များ တွင် ပေး ၍ ရသည်။
အ သက် ၈၀ ကျော် သော လူ နာဖြစ် ပါ က၊ 2.5 mg ပေး နိုင် သည်။

မှတ် ချက်။. ။
နို့ တိုက် မိ ခင် များ မ သောက် သင့် ပါ။

အ မှီ အ ငြမ်း အ ကိုး အ ကား များ
Reference

https://medlineplus.gov/druginfo/meds/a611049.html

https://www.xareltohcp.com/nonvalvular-atrial-fibrillation/dosing?&utm_source=google&utm_medium=cpc&utm_campaign=GO-USA-ENG-PS-Xarelto-BC-EX-RN-HCP&utm_content=Rivaroxaban&utm_term=rivaroxaban&gclsrc=ds

https://www.eliquis.com/eliquis/hcp?cid=sem_950910&ovl=isi&gclsrc=ds

https://www.ahajournals.org/doi/10.1161/CIRCULATIONAHA.118.036449

တန် ဖိုး များ အား ဖြင့် အိ န္ဒိ ယ ထုတ်၊Rivaroxaban နှင့် Apixaban တန် ဖိုး မှာ တစ် ဗူး လျှင် ၁၀ နှင့် ၂၀ ဒေါ် လာ ပတ် ဝန်း ကျင် သာ ရှိ သည်။
Reference
https://dir.indiamart.com/search.mp?ss=rivaroxaban+20mg&src=as-context%3Akwd%3Driva%3Apos%3D5%3Acat%3D568%3Amcat%3D226703&prdsrc=1&mcatid=226703&catid=568&countryiso=US

https://dir.indiamart.com/impcat/apixaban-tablet.html

၅။ Favipiravir
Remdesivir နှင့် ဆင် တူ သော Covid 19 ဗိုင်း ရပ် ပိုး သတ် ဆေး ဖြစ် ပြီး၊. စမ်း သပ် ဆဲ ဆေး ဖြစ် သည်။ အ ကြော ဆေး မ ဟုတ် ဘဲ။ သောက် ဆေး ဖြစ် သည်။
Remdesivir ကဲ့ သို့ အာ နိ သင် ကို စမ်း သပ် အ ဖြေ ရှာ ထား မှု သိပ် မ ခိုင် လုံ သေး သော ကြောင့် ၊ Remdesivir ကို သာ ဖြစ် နိုင် လျှင် ဦး စား ပေး ရ ယူ သင့် သည်။ Dexamethasone/Prednisolone အ သက် ကယ် ကု ထုံး နှင့် အောက် ဆီ ဂျင် ကို သာ အရင် ရ ယူ ပြီး ၊ Remdesivir. မ ရ မှ စဉ်း စား သင့် သည်။

မှီ ငြမ်း အ ကိုး အ ကား
Reference
https://www.ncbi.nlm.nih.gov/pmc/articles/PMC7467067/

၆။ အ လို အ လျောက် အ သက် ကူ ရှူ စက် နှင့် ချိတ် ဆက် ကု သ မှု ( Ventilator Treatment )
သည်း ထန် မှု အ ဆင့် (၃) မှ တစ် ဆင့် အ ခြေ အ နေ ပို မို ဆိုး ရွား လာ သော ကို ဗစ် ၁၉ လူ နာ များ အ နေ ဖြင့် ၊ အ သည်း အ သန် လူ နာ များ ဖြစ် လာ သော အ ခါ၊ အ လို အ လျောက် အ သက် ကူ ရှူ စက် နှင့် ချိတ် ဆက် ကု သ မှု ( Ventilator Treatment ) ကို ၊ မိ မိ ရောက် ရှိ နေ သော ကယ် ဆယ် ကု သ ရေး ဌာ န ခွဲ တွင် ရ ယူ နိုင် ရန် စီ စဉ် ပေး ထား ပါ က၊ အ မြန် ရ ယူ သင့် သည်။ သေ မင်း နှင့် စစ် ခင်း နေ ချိန် တွင်၊ အ ချိန် မ ဆွဲ ဘဲ လုပ် သင့် လုပ် ထိုက်၊ ရ သင့် ရ ထိုက် သော၊ ကု သ မှု မှန် သ မျှ ကို ရ ယူ အ မြတ် ထုတ် သင့် သည်။ ရှင် သန် ခွင့် ရှိ ခဲ့ လျှင် အ သက် ဆက် ရှင် ခွင့် ဟူ သော အ ကျိုး အ မြတ် ကို ရ ရှိ မည် ဖြစ် သည်။

အ လို အ လျောက် အ သက် ကူ ရှူ စက် သည်၊ အောက် ဆီ ဂျင် % အ လွန် ကျ ဆင်း ပြီး၊ ဦး နှောက် ဒဏ် ရာ ရ သေ ဆုံး ရန် အ န္တ ရာယ် ရှိ လာ သော လူ နာ များ တွင်၊ အ လို အ လျောက် အ သက် ကူ ရှူ ပြီး၊ အောက် ဆီ ဂျင် ကို အ ဆုပ် များ အ တွင်း သို့ အ လို အ လျောက် မှုတ် သွင်း ပေး သည် ဖြစ် ရာ၊ ကံ ကောင်း လျှင်၊ ကံ တ ရား က ကိုယ့် ဘက် တွင် ပါ လျှင်၊ အ ထူး အ သက် ရှင် ခွင့် တစ် ခု ကို ပေး မည် ဖြစ် သည် ကို သိ ထား သင့် သည်။

ထို့ ကြောင့် သက် ဆိုင် ရာ အ ဖွဲ့ အ စည်း များ မှ ခေါင်း ဆောင် များ အ နေ ဖြင့် အ လို အ လျောက် အ သက် ကူ ရှူ စက်( Ventilator Treatment ) အ တွက် facility, technique နှင့် team များ ဖြစ် တည် လာ ရေး ကို ထည့် သွင်း ဆောင် ရွက် ထား သင့် သည်။

အ မှီ အ ငြမ်း အ ကိုး အ ကား
Reference
https://www.covid19treatmentguidelines.nih.gov/management/critical-care/oxygenation-and-ventilation/

၇။ အ ဆုပ် အ တု (ECMO=extracorporeal membrane oxygenation)
အ ဆင့် အ မြင့် ဆုံး ကု သ ချက် အ ကြောင်း တစ် စေ့ တစ် စောင်း
ကို ဗစ် ၁၉ အ သည်း အ သန် ရော ဂါ သည် များ ထဲ မှ၊ အ ရေး ပါ သော ပု ဂ္ဂိုလ် ထူး များ အ တွက် အ ဆုပ် အ တု ဟု ခေါ် သည့် ECMO= extracorporeal membrane oxygenation စက် ကို သုံး ၍ အ သက် ကို ဆွဲ ဆန့် ရှည် အောင် လုပ် ၍၊ အ သက် ကယ် ကု သ သည့် နည်း ရှိ သေး သည်။
ထို အ ဆုပ် အ တု ECMO စက် ကို လည်း ဝယ် ယူ တင် သွင်း ၍၊ မည် သို့ အ သုံး ပြု အ သက် ကယ် ရ သည် ဆို သည့် နည်း လမ်း ၊ နည်း ပ ညာ များ ကို လည်း၊ ဆောင် ရွက် ထား သင့် သည်။
သို့ မှ သာ၊ မြန် မာ ပြည် တွင်၊ က မ္ဘာ့ အ ဆင့် မှီ၊ ကို ဗစ် ၁၉ ကု သ ရေး ကို လုပ် ဆောင် နိုင် ကြောင်း၊ က မ္ဘာ ကို သိ အောင် ပြ နိုင် မည် ဖြစ် သည်။

အ မှီ အ ငြမ်း အ ကိုး အ ကား
Reference
https://www.uptodate.com/contents/covid-19-extracorporeal-membrane-oxygenation-ecmo

မြန် မာ နိုင် ငံ အ တွင်း မှီ တင်း နေ ထိုင် ကြ သော လူ သား များ အ ကျိုး အ တွက်၊ အ ထက် ဖော် ပြ ပါ ယျေ ဘု ယျ အ ကြံ ဉာဏ် များ ကို တိုက် ရိုက် ဖြစ် စေ မှီ ငြမ်း ဉာဏ် ကွန့် ၍ ဖြစ် စေ မည် သူ မ ဆို ရ ယူ အ သုံး ပြု နိုင် ကြ ပါ သည်။ ဖော် ပြ ထား သော အ ကြောင်း အ ရာ အ ချက် အ လက် များ ၊ ဆို လို ရင်း များ၊ က မ္ဘာ အ သိ အ မှတ် ပြု၊ အ မှီ အ ငြမ်း အ ကိုး အ ကား များ ၊ ကျွနု်ပ် ၏ ဆ ရာ ဝန် ဘ ဝ tele-consulatation to Myanmar အ တွေ့ အ ကြုံ နှင့် စပ် လျဉ်း တင် ပြ ချက် များ ကို သေ ချာ အ ချိန် ပေး ဖတ် ရှု ပြီး မှ ကောက် ချက် ချ နိုင် ကြ ပါ စေ ကြောင်း တင် ပြ အပ် သည်။

ခင် မင် လေး စား လျက်
ဒေါက် တာ အောင် ခိုင် ဖြိုး
www.docakp.com/library
သြ ဂုတ် ၁၃ ၊ ၂၀၂၁

We would love to hear from you!

Please record your message.

Record, Listen, Send

Allow access to your microphone

Click "Allow" in the permission dialog. It usually appears under the address bar in the upper left side of the window. We respect your privacy.

Microphone access error

It seems your microphone is disabled in the browser settings. Please go to your browser settings and enable access to your microphone.

Speak now

00:00

Canvas not available.

Reset recording

Are you sure you want to start a new recording? Your current recording will be deleted.

Oops, something went wrong

Error occurred during uploading your audio. Please click the Retry button to try again.

Send your recording

Thank you