အ သေး စိတ် လုပ် ငန်း တာ ဝန် များ စ တည် ခွဲ ဝေ တည် ဆောက် လည် ပတ် ရန် အ တွက် ယျေ ဘု ယျ အ ချက် များ ကို အ ကြံ ပြု တင် ပြ ပါ မည်။
၁။ လူ နာ ပြု စု ကယ် ဆယ် ကု သ ရေး အတွက် ယျေ ဘု ယျ အား ဖြင့် ဌာ န တစ် ခု အ တွင်း ဌာ န ငယ် များ (sector) ၃ ခု ခွဲထား သင့် သည်။
ထို နည်း တူ စွာ အ ဖွဲ့ (Team )၃ ဖွဲ့ ခွဲ ထား သင့် သည်။
ဥ ပ မာ။ ။
က) ဌာ န ခွဲ ၁ နှင့် အ ဖွဲ့ ၁
ခ) ဌာ န ခွဲ ၂ နှင့် အ ဖွဲ့ ၂
ဂ) ဌာ န ခွဲ ၃ နှင့် အ ဖွဲ့ ၃
က) ဌာ န ခွဲ ၁ နှင့် အ ဖွဲ့ ၁ သည် သည်း ထန် မှု အ ဆင့် (၁) လူ နာ များ ကို ပြု စု စောင့် ရှောက် မည့် ဌာ န နှင့် အ ဖွဲ့ ဖြစ် သည်။
ခ) ဌာ န ခွဲ ၂ နှင့် အ ဖွဲ့ ၂ သည် သည်း ထန် မှု အ ဆင့် (၂) လူ နာ များ ကို ပြု စု စောင့် ရှောက် မည့် ဌာ န နှင့် အ ဖွဲ့ ဖြစ် သည်
ဂ) ဌာ န ခွဲ ၃ နှင့် အ ဖွဲ့ ၃ သည် သည်း ထန် မှု အ ဆင့် (၃) နှင့် သေ မင်း နှင့်စစ် ခင်း အ သက် လု နေ ရ သည့် လူ နာ မျး ကို ပြု စု စောင့် ရှောက် မည့် ဌာ န နှင့် အ ဖွဲ့ ဖြစ် သည်။
အ သေး စိပ် ရှင်း လင်း ချက်
ဌာ န ခွဲ ၁ နှင့် အ ဖွဲ့ ၁
ဌာ န ခွဲ ၁ သည် သည်း ထန် မှု အ ဆင့် ၁ လူ နာ များ၊ အိမ် တွင် သီး သန့် ခွဲ ခြား အ ခန်း အောင်း နေ သော လူ နာ များ ၊ ကို တယ် လီ ဖုန်း၊ ဗီ ဒိ ယို ဖုန်း များ နှင့် ဆက် သွယ် ဆွေး နွေး အ ကြံ ပေး ကု သ ပေး မည့် အ ဖွဲ့ ၁ မှ အ ဖွဲ့ ဝင် များ ၏ စ တည်း ချ ရာ နေ ရာ ဖြစ် သင့် သည်။
ဥ ပ မာ။ ။ ဗ ဟို အဆင့် စင် တာ ဌာ န ခွဲ ၁ (Tertiary Centers) , မြို့ ကြီး များ ပေါ် ရှိ ပ ရ ဟိ တ စင် တာ ဌာ န ခွဲ ၁ ( City helth centers )၊ မြို့နယ် ကျန်း မ ရေး ဌာ န ခွဲ ၁ (Township Health Centers)
အ ဖွဲ့ ၁ ကို အောက် ပါ အ ဖွဲ့ ဝင် များ နှင့် ဖွဲ့ စည်း သင့် သည်။
၁)ကု သ ဆွေး နွေး ပေး သူ ဆ ရာ ဝန် များ သို့ မဟုတ်
ကျွမ်း ကျင် အောင် လေ့ ကျင့် ထား သော ဆေး မှူး များ
၂)၂၀ စု ကြီး ကြပ် သူ များ
၃) ကု သ ရေး ဆိုင် ရာ၊ ဆေး ဝါး၊ ပ စ္စည်း ကိ ရိယာ များ ကို ကန် ထ ရိုက် စ နစ် ဖြင့် ပါ ဝင် ပံ့ ပိုး မည့် လုပ် ငန်း ရှင် များ၊ နှင့် ဝန် ထမ်း များ သို့ မ ဟုတ်
ဗ ဟို/ အ စိုး ရ/အ ဖွဲ့မှ တိုက် ရိုက် ပံ့ ပိုး သော ဆေး ဝါး နှင့် ပ စ္စည်း ကိ ရိ ယာ တင် သွင်း ဖြန့် ဝေ ရေး ဌာ န (central supply chain) များ
၎) လို အပ် မည့် ကု သ ရေး ဆိုင် ရာ၊ ဆေး ဝါး၊ ပ စ္စည်း ကိ ရိယာ များ ကို သည်း ထန် မှု အ ဆင့် (၁) လူ နာ များ ထံ သို့ ပို့ ဆောင် ပေး မည့် မြန် ချော ပို့ Delivery အ ဖွဲ့ ဝင် များ
၅)လို အပ် ချက် များ ကို တတ် နိုင် သ မျှ ကူ ညီ ပံ့ ပိုး ပေး မည့်၊ လူ နာ များ ၏ မိတ် ဆွေ များ ဆွေ မျိုး များ၊မိ သား စု ဝင် များ၊ ရပ် မိ ရပ် ဖ များ၊ ပ ရ ဟိ တအ ဖွဲ့ များ ၊ အ လှူ ရှင် များ
အ ဖွဲ့ ၁ အ တွက် လို အပ် မည့် ပ စ္စည်း ကိ ရိ ယာ များ မှာ
က) ခေတ် ပေါ် တယ် လီ ဖုန်း ၊ ဗွီ ဒီ ယို ဖုန်း ခေါ် ဆို နိုင် သော တယ် လီဖုန်း
ခ) အ ခ မဲ့ အင် တာ နက် ဝန် ဆောင် မှု နှင့် ပ စ္စည်း ကိ ရိယာ ၊wifi /cellular data packages
ဂ) သယ် ယူ ပို့ ဆောင် ရေး ယာဉ် ငယ် များ ( စက် ဘီး၊ ဆိုင် ကယ်၊ ထ ရပ် ကား ငယ် များ light trucks )
အ သေး စိပ် လုပ် ငန်း ဆောင် တာ များ
၁)ဆ ရာ ဝန် များ နှင့် ဆေး မှူး များ တို့ ၏ တာ ဝန် များ
ဆ ရာ ဝန် များ နှင့် ဆေး မှူး များ တို့ သည်…
(က) ဗ ဟို အ ဆင့် ( Tertiary )စင် တာ များ ၊ သို့ မဟုတ်၊ မိ မိ တို့ ၏ နေ အိမ် တွင် သာ နေ ပြီး၊ ၂၀ စု ကြီး ကြပ် သူ များ တင် ပြ လာ သော အိမ် တွင်း အောင်း လူ နာ များ သို့ မဟုတ် သည်း ထန် မှု အ ဆင့် ၁ လူ နာ များ ကြုံ တွေ့ ခံ စား နေ ကြ ရ သော ဝေ ဒ နာ ပြ သ နာ များ ကို ဖြေ ရှင်း ကု သ အ ကြံ ပေး ရ မည်။
(ခ) ထို သို့ အကြံ ဉာဏ် ပေး ရာ တွင် တယ် လီ ဖုန်း သို့ မ ဟုတ် ဗွီ ဒီ ယို တယ် လီဖုန်း ဖြင့် ဆက် သွယ် ၍ အ ဝေး ရောက် ကျန်း မာ ရေး စောင့် ရှောက် မှု ပေး ရ မည်။
သည်း ထန် မှု အ ဆင့် ၁ လူ နာ များ တွင် ကိုယ် ပိုင် ဖုန်း ရှိ ပါ က တိုက် ရိုက် ခေါ် ဆို ၍ လည်း ကောင်း၊
ကိုယ် ပိုင် ဖုန်း မ ရှိ ပါ က ၂၀ စု ကြီး ကြပ် သူ ၏ ဖုန်း သို့ တစ် ဆင့် ခံ ခေါ် ဆို ဆက် သွယ် ၍ လည်း ကောင်း ဆောင် ရွက် နိုင် သည်။
(ဂ) သည်း ထန် မှု အ ဆင့် ၁ လူ နာ များ အ တွက်၊ လက် ရှိ ခံ စား နေ ရ သော ဝေ ဒ နာ ပြ သ နာ ကို သက် သာ ပျောက် ကင်း စေ ရန် ရည် ရွယ် အ ကြံ ပြု လိုက် သော ဆေး နှင့် ပ စ္စည်း ကိ ရိ ယာ များ စာ ရင်း ကို သက် ဆိုင် ရာ လူ နာ ၏ အ မည်၊ နေ ရပ် လိပ် စာ များ၊ ဆေး သောက် ရန်၊ အ ညွှန်း များ ၊ ပ စ္စည်း ကိ ရိ ယာ များ အ တွက် အ သုံး ပြု ရန် အ ညွှန်း များ ကို၊ အ ပြည့် အ စုံ ယှဉ် တွဲ ထည့် သွင်း ပြု စု ရ မည်။
(ဃ) ထို့ နောက် ကန် ထ ရိုက် စ နစ် ဖြင့် ချိတ် ဆက် ထား သော ဆေး ဆိုင် များ၊ သို့ မ ဟုတ် ဗ ဟို ဆေး သို လှောင် ဖြန့် ဖြူး ရေး ဆေး ဆိုင် များ သို့ အ ဆို ပါ စာ ရင်း များ ကို အင် တာ နက် သုံး ၍ e-mail ဖြင့် ဆက် သွယ် လှမ်း ပို့ ရ မည်။ e-mail မ သုံး လို ပါ က sms, viber, telegram, messenger group စ သည် တို့ကို လည်း အ သုံး ပြု သင့် သည်။
၂)ထို အ ခါ သက် ဆိုင် ရာ ဆေး ဆိုင်၊ ဆေး နှင့် ပ စ္စည်း ကိ ရိ ယာ၊ ဖြန့်ဖြူး ရေး ဌာ န များ မှ၊ တာ ဝန် ရှိ သူ အ ဖွဲ့ ဝင် များ မှ၊ လူ နာ အ တွက် လို အပ် နေ သည့် ဆေး နှင့် ပ စ္စည်း ကိ ရိ ယာ များ ကို မိ မိ တို့ ဆိုင် ၏ ဆေး ဗီ ဒို ၊ စ တို ခန်း ထဲ မှ ရှာ ဖွေ ယူ ထုတ် စီ စဉ် ပြီး၊ သက် ဆိုင် သူ လူ နာ အ မည်၊ ရပ် ကွက် ကျေး ရွာ လိပ် စာ အ ညွှန်း များ တပ် ခါ၊ စ နစ် တ ကျ ထုပ် ပိုး ပြင် ဆင် ပေး ထား ရ မည်။
၃) ထို သို့ စ နစ် တ ကျ ထုပ် ပိုး ထား ပြီး သော ဆေး နှင့် ပ စ္စည်း ကိ ရိယာ များ ကို၊ မြန် ချော ပို့ စ နစ် ဖြင့်၊ နေ့ ချင်း ရောက် ၊ အ မြန် သယ် ယူ ပို့ ဆောင် မည့် သယ် ယူ ပို့ ဆောင် ရေး အ ဖွဲ့ ဝင် များ မှ၊ လာ ရောက် ယူ ဆောင် ကြ ရ မည် ။
ထို့ နောက် သက် ဆိုင် ရာ လူ နာ များ ထံ သို့ စက် ဘီး၊ ဆိုင် ကယ်၊ ထ ရပ် ကား ငယ် များ ကို အ သုံး ပြု ၍၊ အ မြန် ဆုံး ပေး ပို့ ကြ ရ မည်
မှတ် ချက်။ ။ အ ရေး ကြီး သော အ ဓိ က ဆေး ဝါး များ ကို ဗ ဟို မှ ထိန်း ချုပ် တွက် ချက် ၍၊ လို အပ် နေ သော နေ ရာ ဒေ သ များ ရှိ ဆေး ဆိုင် များ၊ ဆေး နှင့် ပ စ္စည်း ကိ ရိယ ဖြန့် ဖြူး ရေး ဌာ န ခွဲ များ သို့ အ ချိန် မှီ ပ မာ ဏ အ ရေ အ တွက် လုံ လောက် စွာ ပေး ပို့ နေ ရ မည်။ သို့ မှ သာ၊ စဉ် ဆက် မ ပြတ် ကွန် ယက် ချိတ် ဆက် ဖြန့် ဖြူး မှ သာ အ မှန် တ ကယ် အ ရေး တ ကြီး လို အပ် နေ သော လူ နာ များ ထံ သို့ အ ချိန် မှီ လုံ လောက် စွာ ဖြင့် ပေး ပို့ နိုင် မည်။ ( အ မှန် တ ကယ် ရော ဂါ ဝေ ဒ နာ ခံ စား နေ ရခြင်း မ ဟုတ် ဘဲ၊ စိတ် ပူ ပန် ၍ အ တင်း လိုက် လံ ဝယ်ယူ စု ဆောင်း သူ များ ကြောင့်၊ အ မှန် တ ကယ် လို အပ် နေ သော လူ နာ များ သွယ် ဝိုက် သေ ဆုံး ရ ခြင်း ကို ကာ ကွယ် နိုင် မည်။ )
ထို သို့ ပူ ပန် နေ သူ များ အား မ ပူ ပန် ရန်၊ နှင့် သူ တို့ အ မှန် တ ကယ် လို အပ် ချိန် တွင် အ လုံ အ လောက် ရ ရှိ နိုင် စေ မည့် ဆေး နှင့် ပ စ္စည်း ကိ ရိ ယာ ၊ များ ကို ဗ ဟို မှ တွက် ချက်၊ တင် သွင်း ဖြန့် ဖြူး ပေး နေ သည့် စ နစ် အ ခိုင် အ မာ ရှိ ကြောင်း သက် သေ သာ ဓ က များ ပြ ၍၊ စိတ် အေး ငြိမ် သက် သွား အောင် ဆောင် ရွက် ရ မည်။
ဗ ဟို မှ ကွန် ယက် ဖွဲ့ ထိန်း ချုပ် ခြင်း ဖြစ် သည့် အ တွက်၊ တောင် ကြောင် များ ၊ ဝိ သ မ လော ဘ သား များ ကို ထိ ရောက် စွာ နှိပ် ကွပ် အ ရေး ယူ နိုင် မည် ဖြစ် သည်။
၎) ၂၀ စု ကြိး ကြပ် သူ များ ၏ တာ ဝန် များ
(က)၂၀ စု ကြိး ကြပ် သူ များ သည် မိ မိ တာ ဝန် ယူ စောင့် ကြည့်၊ စောင့် ရှောက် ရ သော၊ အိမ် ထောင် စု ၂၀ စု အ တွင်း ရှိ၊ သည်း ထန် မှုအ ဆင့် (၁) လူ နာ များ အ နေ ဖြင့်၊ ကို ဗစ် ၁၉ ကြောင့် သော် လည်း ကောင်း၊ အ ခြား သော ကျန်း မာ ရေး အ ခြေ အ နေ တစ် ခု ကြောင့် သော် လည်းကောင်း၊ ကြုံ တွေ့ ခံစား နေ ရ သော ဝေ ဒ နာ ပြ သ နာ များ အ တွက်၊ ဆ ရာ ဝန် များ၊ ဆေး မှူး များ နှင့် တိုက် ရိုက် ဖြစ် စေ၊ မိ မိ ထံ မှ တစ် ဆင့် ခံ ဖြစ် စေ ၊ ဆက် သွယ် ချိတ် ဆက် တင် ပြ ပြီး၊ ကု သ ရေး ဆိုင် ရာ အ ကြံ ဉာဏ် များ ကို ရ ယူ နိုင် ရန် ကူ ညီ ရ မည်။
(ခ) သည်း ထန် မှု အ ဆင့် (၁) လူ နာ များ အိမ် တွင်း အောင်း မှု (Home Quarantine/ Self-Isolation )အား အောင် မြင် စွာ ဆောင် ရွက် နိုင် ရန်၊ လူ နာ ၏ မိတ် ဆွေ များ၊၊ ရပ် မိ ရပ် ဖ များ ၊ ပ ရ ဟိ တ အ ဖွဲ့ များ ၊ သက် ဆိုင် ရာ ဒေ သ တွင်း သြ ဇာ ညောင်း သော အ ဖွဲ့ အ စည်း ပု ဂ္ဂိုလ် များ (ဥ ပ မာသံဃာ တော် များ၊ ဘုန်း တော် ကြိး များ၊ father , brother, မော် လ ဝီ များ ) နှင့် ပူး ပေါင်း ၍၊ ကျော သား ရင် သား ခွဲ ခြား မှု မ ရှိ ဘဲ တင်း ကြပ် စွာ ပူး ပေါင်း ဆောင် ရွက် ရ မည်။
(ဂ) သည်း ထန် မှု အ ဆင့် (၁) လူ နာ များ ကို ဗစ် ၁၉ ဝေ ဒ နာ၊ ပြ သ နာ များ ပို မို ပြင်း ထန် လာ ပြီး ၊ သည်း ထန် မှု အ ဆင့် (၂) အ ဆင့် (၃) များ သို့ တက် လာ ပါ က၊ ချက် ချင်း သ တင်း ပေး ပို့ ခြင်း၊
(ဃ) ထောက် ခံ စာ ရေး သား လက် မှတ် ထိုး ခြင်း များ ပြု လုပ် ပြီး၊ လူ နာ ကို သက် ဆိုင် ရာ ကယ် ဆယ် ကု သ ရေး ဌာ န များ သို့ ပို့ ဆောင် ရ မည်။ ထို သို့ ပို့ ဆောင် ရာ တွင် လူ နာ သယ် ယူ ပို့ ဆောင် ရေး အ တွက်
(င) ကာ ကွယ် ရေး ဌာ န ဗ ဟို သို့ သည်း ထန် မှု အ ဆင့် (၁) လူ နာ များ ၏ အ ချက် အ လက် များ ၊ ကျန်း မာ ရေး အ ခြေ အ နေ များ ကို အ ချိန် နှင့် တ ပြေး ညီ နေ့ စဉ် သ တင်း ပေး ပို့ ရ မည်။
၂၀ စု ကြီး ကြပ် သူ များ အ နေ ဖြင့် လုပ် ငန်း ဆောင် တာ များ နိုင် နင်း စွာ ဆောင် ရွက် နိုင် ရန်၊ အ ရန် ၂၀ စု ကြီး ကြပ် သူ များ ကို သင် တန်း ပေး လေ့ ကျင့် မွေး ထုတ် ထား သင့် သည်။
လူ နာ ဝန် ထုပ် ဝန် ပိုး များ လာ သည် နှင့် အ ရန် ၂၀ စု ကြီး ကြပ် သူ များ ကို ဝင် ကူ ရန် ထည့် သွင်း ပေး သင့် သည်။
မှတ် ချက်။ ။ ၂၀ စု ကြီး ကြပ် သူ လူ တစ် ဦး ၏ တာ ဝန် ယူ ဝန် ဆောင် မှု ပေး နိုင် စွမ်း မှာ လူ နာ အ ယောက် ၂၀ သာ ဖြစ် သင့် သည်။ ( ၁:၂၀ သည် လူ တစ် ဦး တစ် ယောက် သည်၊ လူ သား အ ယောက် ၂၀ အ တွက် ဝန် ဆောင် မှု ပေး နိုင် စွမ်း ၏ စံ အ ချိုး ဖြစ် သည် ) မှတ် ချက်။ ။ ပို မို သိ လိုပါ က၊ တန် ရာ တန် ကြေး သီ အို ရီ စာ တမ်း ၊ ဆောင်း ပါး ပို့စ် တွင် လေ့ လာ ရန်
၅)လူ နာ များ ၏ မိတ် ဆွေ များ ဆွေ မျိုး များ၊မိ သား စု ဝင် များ၊ ရပ် မိ ရပ် ဖ များ၊ ပ ရ ဟိ တအ ဖွဲ့ များ ၊ အ လှူ ရှင် များ ၏ လုပ် ဆောင် သင့် သော တာ ဝန် များ
က) မိတ် ဆွေ များ ဆွေ မျိုး များ အ နေ ဖြင့်၊ အ စား အ သောက် များ ချက် ပြုတ် ဝေ မျှ ပေး ခြင်း
ဥ ပ မာ။ ။ တစ် ဖွဲ့ မှ မ နက် စာ ကူ ညီ လျှင်၊ နောက် အ ဖွဲ့ များ က နေ့ လည် စာ၊ ည စာ စ သည် များ ကို အ လှည့် ကျ ချက် ပြုတ် ဝေ မျှ ကူ ညီ ပေး ခြင်း
ခ) ရပ် မိ ရပ် ဖ များ မှ လို အပ် လာ မည့် အ ရေး ပေါ်အ သုံး အ ဆောင် ပ စ္စည်း များ ကို ပံ့ ပိုး ပေး ခြင်း ၊ စား နပ် ၇ိ က္ခာ လို အပ် ချက် အား ရေ ရှည် တွက် ချက် စု ဆောင်း ရယူ ပေး ခြင်း
ဥ ပ မာ။ ။ ပု ဝါ၊ အ ဝတ် အ ထည်၊ ပန်း ကန် ခွက် ယောက်၊ ဆပ် ပြာ၊ စိတ် ဓါတ် ခွန် အား
ဂ) အ လှူ ရှင် များ အ နေ ဖြင့်၊ မိ မိ အား သန် ရာ ကို မ လှူ ဘဲ၊ ပေါ်ထွက် လာ သော လို အပ် ချက် များ ပေါ် တွင် မှ အ ရေး အ ကြီး ဆုံး လို အပ် ချက် များ ကို စီ စစ် ဖော် ထုတ် ပြီး၊ စ နစ် တ ကျ ရေ ရှည် ကူ ညီ ပေး နိုင် ရန် ဆောင် ရွက် ခြင်း
ဥ ပ မာ။ ။ အောက် ဆီ ဂျင် အိုး များ ကို အိမ် ရောင်း ၍ လှူ ခြင်းထက်၊ အောက် ဆီ ဂျင် ထုတ် လုပ် ဖြန့် ဝေ သော စက် ရုံ ငယ် နှင့် စ နစ် တစ် ခု ကို တည် ဆောက် နိုင် ရန် စု ပေါင်း လှူ ဒါန်း ခြင်း
နှာ ခေါင်း စည်း၊ ပါးစပ် စည်း (Mask) ၊ မျက် နှာ ဖုံး (face-shild)၊ ကို ဗစ် မ ကူး စက် ရန် ဝတ် ဆင် ရ သော ပီ ပီ အီး ဝတ် စုံ များ ကို နိုင် ငံခြား မှ ဝယ် လှူ သည့် အ ပြင်၊ ပြည် တွင်း ဒေ သ တွင်း ကိုယ် တိုင် ချုပ် လုပ် ဖြန့် ဝေ နိုင် ရန် နည်း ပ ညာ ဝယ် ခြင်း၊ စက် ရုံ တည် ခြင်း များ ကို ပူး ပေါင်း လုပ် ဆောင်ခြင်း
အ ပိုင်း (၃) ၏ နိ ဂုံး တွင်
၁) သည်း ထန် မှု အ ဆင့် အ လိုက် လူ နာ များ ကို မည် သည့် ဌာ န နှင့် အ ဖွဲ့ များ က တာ ဝန် ယူ မည် ကို ထင် ရှား စွာ သိ မြင် နိုင် သည်။
၂) သည်း ထန် မှု အ ဆင့် ၁ လူ နာ များ ကို ကို ဗစ် ၁၉ ကယ် ဆယ် ကု သ ရေး ဌာ န များ၊ ၊ ဆေး ရုံ များ သို့ တင် စ ရာ မ လို ဘဲ မိ မိ တို့ ၏ နေ အိမ် တွင် ပင် ၁၄ ရက် သိုက မဟုတ် ၂၁ ရက် အိမ် တွင်း အောင်း စေ ခြင်း၊ အ ဝေး ရောက် တယ် လီ ဖုန်း ၊ဗီ ဒီ ယို တယ် လီ ဖုန်း ကု သ များ ဆောင် ရွက် ပေး ခြင်း ဖြင့် ကာ ကွယ် ကု သ မှု လုပ် ပေး နိုင် သည် ကို သိ မြင် နား လည် နိုင် မည်။ ထို့ အ ပြင် ရပ် ကွက်၊ ကျေး ရွာ တစ် ခု လုံး ၏ မျက် စေ့ အောက် တွင် ရှိ သော ကြောင့်၊ ပို မို ထိ ရောက် သော home quarantine နှင့် self-isolation ကို အောင် မြင် စွာ ဆောင် ရွက် နိုင် မည်။
အ ကျိုး ကျေး ဇူး အား ဖြင့်
( ထွက် ပြေး လွတ် ထွက် ၍ Quarantine ကျိုး ပျက် ခြင်း၊ ပိုး ပြန့် ပွါး ခြင်း များ ကို ပို မို ကာကွယ် နိုင် မည်။ )
( Q center များ ကို ကယ် ဆယ် ကု သ ရေး ဌာ န များ အ ဖြစ် ပြောင်း လဲနိုင် သည့် အ တွက် ပို မို ကု သ မှု များ ပေး နိုင် ပြီး အ သက် ပို မို ကယ် တင် နိုင် မည်။ )
၃) သည်း ထန် မှု အ ဆင့် ၂ နှင့် ၃ လူ နာ များ ကို သာ ကယ် ဆယ် ကု သ ရေး ဌာ န များ သို့ ပို့ ဆောင် သင့် ကြောင်း ကို သိ မြင် နား လည် မည်။
မှတ် ချက်။ ။ မြေ ပြင် သ တင်း များ အ ရ၊ အောက် ဆီ ဂျင် ရာ ခိုင် နှုန်း SpO2 ၈၀ ထက် ကျ သော လူ နာ များ ကို ဆေး ရုံ နှင့် ကု သ ရေး ဌ န များ က လက် မ ခံ ဟူ သော သ တင်း ကို ကြား သိ ရ သ ဖြင့် စိတ် မကောင်း ဖြစ် ရ သည်။ အ ကျိုး ဆက် အား ဖြင့်၊ လူ နာ အ များ အိမ် တွင် ခို ကိုး ရာ မဲ့ သေ ဆုံး နေ ကြ ရ သည်။
ထို့ ကြောင့် သည်း ထန် မှု အ ဆင့် ၁ နှင့် ၃ လူ နာ များ ကို အိမ် တွင် ရ ရှိ သင့် သော အ သက် ကယ် ကု သ မှု များ မ ရ ရှိ ဘဲ သေ ဆုံး ခြင်း ကို ကာ ကွယ် နိုင် မည်။
၎) သည်း ထန် မှု အ ဆင့် ၁ လူ နာ များ ကို ထိန်း သိမ်း စောင့် ရှောက် ရန် ၂၀ စု ကြီး ကြပ် သူ များ ၏ အ ရေး ပါ မှု နှင့် တာ ဝန် များ ကို သိ မြင် နား လည် နိုင် မည်။
၅) စ နစ် ကျ ၍ လူ သား ဆန် သော၊ ဂုဏ် သိ က္ခ ရှိ သော၊ ကျင့် ဝတ် သိ က္ခ နှင့် ညီသော၊ ကာ ကွယ် ကု သ ရေး ဌာ န များ ကို စ နစ် တ ကျ ၊ တက် ညီ လက် ညီ ဝိုင်း ဝန်း တည် ဆောက် လည် ပတ် ၍ ကို ဗစ် ၁၉ ၏ သား ကောင် ဖြစ် နေ သော၊ မြန် မာ နိုင် ငံ အ တွင်း ရှိ လူ သား များ အား လုံး အား ကူ ညီ ကယ် ဆယ် နိုင် မည် ဖြစ် သည်။
မြန် မာ နိုင် ငံ အ တွင်း မှီ တင်း နေ ထိုင် ကြ သော လူ သား များ အ ကျိုး အ တွက်၊ အ ထက် ဖော် ပြ ပါ ယျေ ဘု ယျ အ ကြံ ဉာဏ် များ ကို တိုက် ရိုက် ဖြစ် စေ မှီ ငြမ်း ဉာဏ် ကွန့် ၍ ဖြစ် စေ မည် သူ မ ဆို ရ ယူ အ သုံး ပြု နိုင် ကြ ပါ သည်။
ခင် မင် လေး စား လျက်
ဒေါက် တာ အောင် ခိုင် ဖြိုး
24 July 2021
အ ပိုင်း (၄) တွင် ဌာ န ခွဲ ၂ နှင့် ၃ နှင့် ပတ် သက် သော အ ချက် များ ကို ဆက် လက် အ ကြံ ပြု ဖော် ပြ ပါ မည်။