ကယ် ဆယ် ကု သ ရေး ဌာ န ဆို သည် မှာ ကို ဗစ် ၁၉ ကူး စက် ခံ ရ ပြီး ဝေ ဒ နာ ပြင်း ထန် သော သူ များ ကို ကု သ ပေး မည့် နေ ရာ ဖြစ် သည်။
၁။ ကယ် ဆယ် ကု သ ရေး ဌာ န တည် နေ ရာ အား ရွေး ခြယ် ခြင်း
ကို ဗစ် ၁၉ ကူး စက် မှု အ ဖြစ် များ နေ သော မြို့ ပြ ဒေ သ များ ၏
မိုး လုံ လေ လုံ အား က စား ကွင်း များ
ဘု ရား ရှိ ခိုး ဝတ် ပြု သော ခန်း မ ကျယ် များ
ဘု ရား ဆောင်း တန်း ရင် ပြင် နှင့် ဇ ရပ် များ
ကို ရွေး ခြယ် ပါ။
အ ပန်း ဖြေ ပန်း ခြံ နေ ရာ များ
ကုန်း မြင့် နေ ရာ များ ကို လည်း ရွေး ခြယ် သင့် သည်။
အ ဓိ က ရည် ရွယ် ချက် မှာ၊ လေ ဝင် လေ ထွက် ကောင်း မွန် သော နေ ရာ ကျယ် များ ဖြစ် ရန် လို အပ် သည်။
ပို့ ဆောင် ဆက် သွယ် ရေး အ ချက် အ ခြာ ကျ သော နေ ရာ ဖြစ် လျှင် ပို ကောင်း သည်။
ဥ ပ မာ။ ။ ရွာ အ လယ်၊ ရပ် ကွက် အ လယ်၊ ရွာ ဦး၊ မြို့ အ ဝင်၊ ကား လမ်း မီး ရ ထား လမ်း မ ပေါ် သို့ မ ဟုတ် နီး သော နေ ရာ များ။
၂။ လူ နာ ဦး ရေ အား ခန့် မှန်း တွက် ချက် ခြင်း
မြို့ ကြီး များ တွင် ကု တင် ၅၀၀ ဆံ့ ဌာ န များ ကို တည် ဆောက် သင့် သည်
မြို့လတ် များ တွင် ကု တင် ၂၅၀ ဆံ့ ဌာ န များ ကို တည် ဆောက် သင့် သည်
မြို ငယ် များ တွင် ကု တင် ၇၅ ဆံ့ ဌာ န များ ကို တည် ဆေက် သင့် သည်
တစ် နေ့ လျှင် စု စု ပေါင်း Positive ဖြစ် သည့် အ ထဲ မှ ၊ သည်း ထန် မှု အ ဆင့် ၂ နှင့် ၃ လူ နာ များ ဖြစ် လာ နှုန်းေ ပါ် မူ တည် ၍၊ လက် ကျန် ကု တင် နေ ရာ အ ရေ အ တွက် များ ပေါ် မူ တည် ၍၊ စင် တာ အ သစ် များ လို အပ် လာ ပါ က ၊ ထပ် မံ တိုး ချဲ့ တည် ဆောက် သွား သင့် သည်။
၃။ ကို ဗစ် လူ နာ တစ် ဦး ချင်း အ တွက် နား နေ စ ရာ နေ ရာ၊ living space တည် ဆောက် ခြင်း
က) လူ နာ တစ် ဦး လျှင် အ နည်း ဆုံး ၈ ပေ ပတ် လည် နှင့် ၁၀ ပေ ပတ် လည် အ ကြား နေ ရာ အ ကျယ် အ ဝန်း တစ် ခု ရ ရှိ ရ မည်။
ခ) ထို့ ကြောင့် အ နည်း ဆုံး ၈ ပေ ပတ် လည် ၊ ၈ ပေ အ မြင့် ရှိ သော ပ လတ် စ တစ်၊ အ ကာ များ ဖြင့် အ ခန်း အ ကန့် များ တည် ဆောက် သင့် သည်။
အ ခန်း ကန့် ရ ခြင်း ၏ ရည် ရွယ် ချက် မှာ နှာ စေး ချောင်း ဆိုး ခြင်း၊ အ သက် ရှူ ထုတ် သော လေ ညစ် များ တစ် ဦး မှ တစ် ဦး ထံ သို့ ပျံ့ လွင့် မ ရောက် ရှိ နိုင် ရန် ဖြစ် သည်။
(အ ခန်း ကန့် စ ရာ အ ခက် အ ခဲ ရှိ လျှင် ကြေး နန်း ကြိုး တန်း ၍၊ ပ လတ် စ တစ် စ ၈ ပေ ပတ် လည် အ စ ကြီး ကို အဖျား ခေါက် ၍ ကြေး နန်း ကြိုး ပေါ် တင် ကာ အပ် နှင့် အပ် ချီ နှင့် ချုပ် ခြင်း သို့ မ ဟုတ် တိတ် ဖြင့် ကပ် ခြင်း၊ ဖ ယောင်း တိုင် မီး နှင့် ကပ် ခြင်း များ ဖြင့်၊ အ လျှင် အ မြန် အ လွယ် ကန့် နိုင် သည်။ ) ငွေ ကြေး ပို မို တတ် နိုင် လျှင် ၃ ထပ် သား ၅ ထပ် သား ပြား များ ကို အ ရှင် ဖြုတ် တပ်၊ ရွှေ့ ထောင် လုပ် ၍ ရ အောင် ဒီ ဇိုင်း ချိုး ၍ တည် ဆောက် သင့် သည် ။
ဂ) သ ဘာ ဝ အ လင်း ရောင် ရ ရန် နှင့် လျှပ် စစ် မီး တစ် ပွင့် လို အပ် သည်
ဃ) လေ ဝင် လေ ထွက် ကောင်း အောင် လေ ညစ် စုပ် ထုတ် ပန် ကာ၊ လေ သန့် သွင်း ပန် ကာ များ စီ စဉ် တပ် ဆင် နိုင် ပါ က တပ် ဆင် ပေး ပါ။
အ နည်း ဆုံး လေ ညစ် စုပ် ပန် ကာ များ တပ် ဆင် ပေး သင့် သည်
မှတ် ချက် ။ ။ ကို ဗစ် ပြန့်နှံ့ မှု ကာ ကွယ် ရေး ( Q center ) နှင့် ကု သ ရေး ဌာ န ၏ လူ နာ နား ခို ရာ နေ ရာ ငယ် တစ် ခု တွင် လေ ဝင် လေ ထွက် ကောင်း ရန် စီ မံ ပေး ရန် အ ရေး အ ကြီး ဆုံး ဖြစ် သည်။
အ ထူး မှတ် ချက်။ ။ ယ ခု ကဲ့ သို့ ဖြစ် နှုန်း အ လွန် မြင့် မား ချိန် တွင်၊ Q center များ အား ကယ် ဆယ် ကု သ ရေး ဌာ န များ အဖြစ် ပြောင်း လဲ သင့် သည်။ Positive နှင့် သံသ ယ လူ နာ များ၊သည်း ထန် မှု အ ဆင့် ၁ လူ နာ များ ကို Q center သို့ မ ပို့ တော့ ဘဲ၊ မိ မိ နေ အိမ် တွေ ပင် ထား သင့် သည်။ ( အ ပိုင်း ၁ တွင် ဖော် ပြ ခဲ့ ပြီး ဖြစ် သည်)
လေ စုပ်/မှုတ် ပန် ကာ များ ဖြင့် လေ ဝင် လေ ထွက် ကောင်း အောင် စီ မံ ခြင်း ၏ ရည် ရွယ် ချက် မှာ၊ လူ နာ အ ချင်း ချင်း ထပ် မံ ကူး စက် မှု နှင့် လူ နာ စောင့် နှင့်ကျန်း မာ ရေး ဝန် ထမ်း များ သို့ ကူး စက် မှု နှုန်း ကို လျော့ ချ ပေး ရာ ရောက် မည်။
လေ ဆိုး လေ ညစ် များ ကို စုတ် ထုတ် ရန် လေ စုပ် ပန် ကာ များ ကို ကြမ်း ပြင် နှင် ၁ ပေ အ ကွာ အ နိမ့် ပိုင်း တွင် တပ် ဆင် ပါ။
လေ သန့် မှုတ် သွင်း သော ပန် ကာ ကြီး များ ကို အ မြင့် ပိုင်း ၆ ပေ အ ထက် တွင် တပ် ဆင် ပါ။ သို့ မဟုတ် မျက် နှာ ကြက် တွင် တပ် ဆင် ပါ။
ပန် ကာ အ ရေ အ တွက်၊ ပန် ကာ အ ရွယ် အ စား ကို ခန်း မ အ ကျယ် အ ဝန်း လူ နာ ကု တင် အ ရေ အ တွက် ပေါ် မူ တည် ၍ တွက် ချက် သတ် မှတ် ပါ။
ဥ ပ မာ။ ။ ကု တင် နှစ် ခု စာ ၁၆ ပေ ဂ ပေ ပတ် လည် တိုင်း အ တွက်၊ လေ စုပ် ပန် ကာ နှင့် လေ သန့် မှုတ် သွင်း ပန် ကာ တစ် စုံ စီ စဉ် ပေး ခြင်း
မှတ် ချက်။ ။ ယျေ ဘု ယျ သ ဘော ကို မ သိ လျှင် ၊ အ တိ အ ကျ သိ လို လျှင် ၊ ငွေ ကြေး ဘတ် ဂျက် ပြည့် စုံ လျှင်၊ Tertiary center အ ဆင့် တည် ဆောက် မည် ဆို လျှင်၊ HVAC ပ ညာ ရှင် နှင့် တိုင် ပင် တပ် ဆင် ပါ။ ကျွန် တော် ဒီ ဇိုင်း စီ စဉ် ပေး ခဲ့ သောရန် ကုန် ဆေး ရုံ ကြိး အ တွင်း ရှိ ခေတ် မှီ ၅ ထပ် တိုး ချဲ့ ခွဲ စိတ် ကု သ ဆောင် အ ပေါ် ဆုံး ထပ် ရှိ၊ ခွဲ စိတ် ခန်း များ ထဲ တွင် ရှိ သော၊ လေ သန့် စက် စ နစ် များ၊ UCV = Ultra Clean Ventilation System များ ကို လေ့ လာ မှီ ငြမ်း ပါ။ အ နည်း ဆုံး အ နေ ဖြင့်၊ Tertiary Center ဝါ ဗ ဟို အ ဆင့်၊ ကယ် ဆယ် ကု သ ရေး ဌာ န များ ၏ အ သည်း အ သန် လူ နာ ခန်း များ တွင် Normal Standard Clean Air system ထည့် သွင်း တပ် ဆင် သင့် သည်။
င) လျှပ် စစ် မီး လျှပ် စစ် ပန် ကာ အ ဆင် မ ပြေ နိုင် သော ဒေ သ များ တွင်၊ လေ ဝင် လေ ထွက် ကောင်း မွန် စေ ရန် မြန် မာ့ နည်း မြန် မာ့ ဟန် ဖြင့် စီ စဉ် သင့် သည်။ ဥ ပ မာ။ ။ လေ ညာ၊လေ တင် အ ရပ် များ ကို သိ ရှိ နား လည် ပြီး၊ ကယ် ဆယ် ကု သ ရေး ဌာ န များ ၏ နံ ရံ များ၊ ပြု တင်း များ၊ တံ ခါး များ ကို မည် သည့် အ ရပ် တွင် ထား သင့် သည် များ ကို ဒီ ဇိုင်း စီ စဉ် တည် ဆောက် ခြင်း တပ် ဆင် ခြင်း၊
၎။ လူ နာ တစ် ဦး စီ အ တွက် ယျေ ဘု ယျ လို အပ် မည့် အ ပြင် အ ဆင် အ ထား အ သို များ
က)လူ နာ တစ် ဦး စီ တွင် နား နေ ရန် ကု တင် နေ ရာ၊ မှာ အ မြင့် ၂ ပေ ခွဲ၊ အ လျား ၆ ပေ အ နံ ၄ ပေ ရှိ သင့် ပြီး၊ လို အပ် လျှင် ပက် လက် မှ၊ ကျော မှီ ထိုင် ၍ ရ အောင် ၊ ခေါင်း ရင်း ကို မြှင့် နိုင် ရန် ပတ် တာ စ နစ် အ နည်း ဆုံး ပါ သင့် သည်။
နိုင်ငံ ခြား ဖြစ် တ ရုတ် ဖြစ် ဘီး ပါ သော လူ နာ ကု တင် ဖြစ် ပါ က ပို ကောင်း သည်။
ကျေး ရွာ အ ဆင့် မြို့နယ် အ ဆင့် ဖြစ် ပါ က ၊ အိပ် ရာ အ တွက် အ ဆင် မ ပြေ လျှင်၊လူ နာ ကိုယ် တိုင် မိ မိ အိပ် ရာ လိပ် ယူ ဆောင် လာ သင့် သည်။
ခ)
အောက် ဆီ ဂျင် ရှူ ရန်၊ အောက် ဆီ ဂျင် အိုး၊ သို့ မ ဟုတ် အောက် ဆီ ဂျင် စက် သို့ မ ဟုတ် အ သက် ရှူ စက်၊ ဆေး ချိတ် သည့် တိုင် စ သည့် ပ စ္စည်း ကိ ရိ ယာ ထား ရန် နေ ရာ ကို လူ နာ ၏ ဗယ် ဘက် ခြမ်း ခေါင်း ရင်း နေ ရာ တွင် ထား သင့် သည်။
ဂ)
မီး ပ လပ် ပေါက် ၃ ပေါက် ပါ သော ပ လပ် ခုံ တစ် စုံ ရှိ သင့် သည်။ အ ရေး ပေါ် မော် နီ တာ အ တွက် တစ် ပေါက်
အောက် ဆီ ဂျင် စက် သို့ မဟုတ် အ သက် အ လို အ လျောက် ရှူ စက် အ တွက် တစ် ပေါက်
အ ခြား သော လျှပ် စစ် ပ စ္စည်း များ အ တွက် တစ် ပေါက် အ နည်း ဆုံး လို အပ် မည်
ဃ)
အ စား အ သောက် တင် စား ရန် စား ပွဲ ခုံ ငယ် တစ် ခု သည် ၄ ပေ အ မြင့်၊ ၂ ပေ အ ကျယ် ၄ ပေ အ ရှည် ရှိ သင့် ပြီး ကု တင် အောက် သို့ ခြေ ရင်း ထိုး ထည့် လျှင် လူ နာ ကု တင် ပေါ်တွင် ထိုင် လျက် အ စား အ သောက် တင် စား နိုင် သော စား ပွဲ ဖြစ် လာ မည်။
င)
လူ နာ အ စောင့် သို့ မဟုတ် စောင့် ကြည့် ပြု စု သူ ထိုင် ရန် လဲ လျောင်း ရန် နေ ရာ တစ် ခု
အ တွက် စီ မံ ပေး ရန် လို အပ် မည်။ လူ နာ အ စောင့် ခုံ ကို မ လို အပ် လျှင် ကု တင် အောက် သို့ ထိုး ထည့် ထား နိုင် သည့် အ ရွယ် အ မြင့် ရှိ ရ မည်။ လူ နာ စောင့် ထိုင် ခုံ သည် လူ နာ ကု တင် ၏ လက် ယာ ဘက် ခြမ်း တွင် ရှိ သင့် သည်။
ဥပ မာ အ ရွယ် အ စား ။ ။ အ နည်း ဆုံး ၂ ပေ အ မြင့်၊ အရှည် ၅ ပေ၊ အ ကျယ် ၂ ပေ ရှိ သင့် သည်။
သို့ တည်း မ ဟုတ် ပက် လက် ကု လား ထိုင် နှင့် အ လား သဏ္ဍန် တူ သော ခုံ တစ် ခု ကို သုံး နိုင် သည်။
စ)
မြန် မာ့  နည်း မြန် မာ့ ဟန် ဖြစ် သည့် အ တွက်၊ အ သည်း အ သန် လူ နာ အား
ဆ ရာ ဝန် ၊ သူ နာ ပြုဆ ရာ မ များ နှင့် ကူ ညီ ပြု စု စောင့် ရှောက် သူ ကျန်း မာ ရေး ဝန် ထမ်း များ ၏ ညွှန် ကြား မှု အ တိုင်း ၊ လူ နာ အား အ နီး ကပ် ပူး ပေါင်း ပြု စု လို စိတ် ပြင်း ပြ သည် ရှိ သော အိမ် သား တစ် ဦး ကို ခွင့် ပြု သင့် သည်။ (Mask PPE အ ပြည့် အစုံ ဖြင့် ခွင့် ပြု ပေး သင့် သည် )
၅။ အ ခန်း များ အ ကန့် များ အ တွက် အ စီ အ စဉ် ဖြန့် ကျက် ထား ရှိ မှု ပုံ စံ
အ ခန်း အ ကန့် များ နှင့် ကု တင် များ ၏ နေ ရာ အ ထား အ သို၊ ပုံစံ မှာ၊ ခေါင်း ရင်း နှင့် ခေါင်း ရင်း ကပ် ၍ ကု တင် များ ၊ အ ခန်း အ ကန့် များ ကို စီ စဉ် နေ ရာ ချ ရ မည်။
သို့ မှ သာ လူ နာ အ ကန့် အ ခန်း နှစ် ခု ၏ ခေါင်း ရင်း နှစ် ခု ကြား တွင် အောက် ဆီ ဂျင် ပိုက် လိုင်း လျှပ် စစ် မီန်း မီး ကြိုး များ ကို ယာ ယီ ပြေး ဆွဲ တပ် ဆင် နိုင် မည် ဖြစ် ပြီး အ ခန်း အ ကန့်၂ ခု လုံး ကို မီး နှင့် အောက် ဆီဂျင် လိုင်း ပေး ဝေ ရာ တွင် အ ဆင် ပြေ ထိ ရောက် မည် ဖြစ် သည်။
၆။ အိမ် သာ နှင့် သန့် စင် ခန်း များ အ တွက် ယျေ ဘု ယျ အ ပြင် အ ဆင်
အိမ် သာ နှင့် သန့် စင် ခန်း များ ကို လူ နာ နှင့် လူ နာ စောင့် များ အ သုံး ပြု ရ လွယ် ကူ စေ ရန်၊ ပ စ္စည်း ကိရိ ယာ များ ထည့် သွင်း စဉ်းစား ပေး ရ မည်။ ဥ ပ မာ။ ။
အိမ် သာ နှင့် သန့် စင် ခန်း များ အ တွင်း လေ ဝင် လေ ထွက် ကောင်းေ အာင် ၊ လေ သန့် မှုတ် သွင်း ပန် ကာ၊ လေ ညစ် စုပ် ပန် ကာ များ လုံ လောက် စွာ ထည့် သွင်း ထား ခြင်း
ဘီး တပ် ကု လား ထိုင် ဖြင့် အ ဝင် အ ထွက် ပြု လုပ် နိုင် ရန် တွက် ချက် ချိန် သား ကိုက် စီ စဉ် တည် ဆောက် ပေး ထား ခြင်း
လူ နာ များ ဆွဲ ကိုင် ထူ မ နိုင် ရန် လက် ရမ်း များ လို အပ် နိုင် မည့် နေ ရာ များတွင် စဉ်း စား စီ စဉ် တပ် ဆင် ထား ပေး ခြင်း
၇။ စွန့်ပစ် ပ စ္စည်း များ လုံ ခြုံ စွာ ထိန်း သိမ်း နိုင် ရေး အ တွက် ယျေ ဘု ယျ အ စီ အ မံ။
ကို ဗစ် ၁၉ လူ နာ ပြု စု ကယ် ဆယ် ကု သ ရာ မှ ထွက် လာ သော စွန့်ပစ် ပ စ္စည်း များ ကို၊ ပတ် ဝန်း ကျင် ညစ် ညမ်း မှု နှင့် လူ သား များ ဘေး ဥ ပါဒ် မဖြစ် စေ ရန်၊ စ နစ် တ ကျ ၊ ထုပ် ပိုး ၊ပိုး သတ် ပြီး နောက်၊ မီး ရှို့ ဖျက် ဆီး စွန့် ပစ် နိုင် ရန်၊ incinerator မီး ရှို့ ဖျက် ဆီး စက် ငယ် များ ရှိ ရ မည်။
မြေ မြှပ် မြှူပ် နှံ ရန် သင့် သော၊ ပ စ္စည်း ပ စ္စ ယျ အ ရာ များ အား လုံး ကို လည်း မြေ မြှုပ် စွန့် ပစ် သည့် စ နစ် ကို လည်း ထည့် သွင်း စဉ်း စား ရ မည်။
ဥ ပ မာ။ ။ မြေ ကျင်း အ နက် အ ကျယ် အ မြင့် ၁၀ ပေ ပတ် ချာ လည် ကျင်း နက် များ တူး ၍ မြှုပ် နှံ ခြင်း၊ သ တိ ပေး အ မှတ် အ သား ဆိုင်း ပုဒ် များ ဆိုက် ထူ ခြင်း
ထို့ အပြင်
သေ ဆုံး သွား သော လူ နာ များ အား ထုပ် ပိုး စွန့် ထုတ် ရန် လမ်း ကြောင်း များ ကို လည်း စီ မံ ထား ရ မည်။ ဆို လို သည် မှာ အ ခြား လူ နာ များ လူ သေ အ လောင်း ကို တွေ့ မြင် ပြီး အ ထိတ် တ လန့် အ နှာက် အယှက် မ ဖြစ် ရန် လူ မြင် ကွယ် ရာ လူ သေ အ လောင်း သည် ယူ ပို့ ဆောင် သည့် လမ်း ကြောင်း များ ကို ဒီ ဇိုင်း ဆွဲ စီ စဉ် သင့် သည်။ ဥ ပ မာ။ ။ လိုက် ကာ များ ကာ ၍ ညင် သာ စွာ ဘီး တပ် ကု တင် ဖြင့် တွန်း ထုတ် သွား ခြင်း
ကယ် ဆယ် ကု သ မှု အောင် မြင် သ ဖြင် စိတ် ချ ရ သည် အ ခြေ အ နေ ကြောင့် ကယ် ဆယ် ကု သ ရေး ဌာ န မှ အောင် မြင် စွာ ထွက် ခွါ မည့် လူ နာ များ အား ဘီး တပ် ကု လား ထိုင် ဖြင့် လူ နာ များ အား လုံး မြင် သာ အောင် တွန်း ထွက် လျက်၊ ကျန် လူ နာ များ အား နှုတ် ဆက် အား ပေး မှု ဖြစ် စေ ခြင်း များ ကို လည်း လုပ် ဆောင် နိုင် ရန် များ ကို လည်း ထည့် သွင်း စဉ်း စား သင့် သည်။
အ ထက် ပါ အ ချက် ၇ ချက် ကို မှီ ငြမ်း အ ကောင် အ ထည် ဖော် ပါ က၊ မြန် မာ့ နည်း မြန် မာ့  ဟန် နှင့် ကိုက် ညီသော၊ စံ န မူ နာ ကယ် ဆယ် ကု သ ရေး ဌာ န ဖြစ် တည် လာ နိုင် ပါ သည်။ ထို သို့ ဖြစ် တည် လာ နိုင် ရန် အ တွက်၊ လုပ် ငန်း အ တွေ့ အ ကြုံ ရှိ သော အင် ဂျင် နီ ယာ၊ လက် သ မား ဆ ရာ၊ ပ ရိ ဘော ဂ ဆ ရာ များ၊ တတ် သိ ပ ညာ ရှင် များ ကို တန် ရာ တန် ကြေး ပေး အပ် ၍ သော် လည်း ကောင်း ၊ ဆု ကြေး များ ပေး အပ် စည်း ရုံး ၍၊ အ သုံး ပြု မှ သာ၊ အ ချိန် တို အ တွင်း အ မြန် တည် ဆောက် ဖန် တီး နိုင် မည် ဖြစ် သည်။
၈။ လို အပ် မည့် ကယ် ဆယ် ကု သ ရေး ဆိုင် ရာ အ ဓိ က ကျ သော ပ စ္စည်း ကိ ရိ ယာ များ
လို အပ် မည့် ကယ် ဆယ် ကု သ ရေး ဆိုင် ရာ အ ဓိ က ကျ သော ပ စ္စည်း ကိ ရိ ယာ များ မှာ အောက် ပါ အ တိုင်း ဖြစ် သည်။
၁) လက် ထိပ် တွင် အောက် ဆီ ဂျင် ရာ ခိုင် နှုန်း နှင့် တိုင်း သော ကိ ရိ ယာ (pulse oximeter)
သည်း ထန် မှု အ ဆင့် (၃) လူ နာ များ အ တွက် ဆို လျှင်၊ သွေး ထဲ ရှီ အောက် ဆီဂျင် ရာ ခိုင် နှုန်း ၊ ကိုယ် အ ပူ ချိန်၊ နှ လုံး ခုန် မှု များ၊ သွေး ပေါင် ချိန် များ ကို တိုင်း တာ ပေး နိုင် သည့် စက် ( Vital Sign Monitor ) များ ရှိ ရန် လို အပ် သည်။
၂) လေ ထု ထဲ မှ အောက် ဆီ ဂျင် ပ မာ ဏကို ၂၁ မှ ၉ ၀ အ ထက် မြှင့် တင် ပေး သည့် စက် oxygen concentrator ( လျှပ် စစ် မီး အ ဆင် ပြေ သော ဒေ သ များ အ တွက် )
၃) ကိုယ် တိုင် ဖြည့် အောက် ဆီ ဂျင် အိုး နှင့် အောက် ဆီ ဂျင် manual oxygen canister
၎) အ လို အ လျောက် အ သက် ကူ ရှူ စက် Ventilator ( www.alibaba.com ) တွင် G2G Government to Government တိုက် ရိုက် ဝယ် ယူ နိုင် သည်။( အောက် ဆီဂျင် ထိ ရောက် စွာ အ ဆုပ် အ တွင်း သို့ ဝင် ရန် ကူ ညီ ပေး သည့် စက် ဖြစ်သည်။ သာ မာန် နှာ ခေါင်း တွင် တေ့ ရှူ ခြင်း ထက် ထိ ရောက် စွာ အ သက် ကယ် ပေး သည့် စက် ဖြစ်သည်)
၅) လေ ပြွန် တွင်း ထည့် သော ပိုက် (Endotracheal Tube)( ventilator အ သက် ကူ ရှူ စက် နှင့် လူ နာ ၏ လေ ပြွန် အ ဆုပ် တို့ နှင့် ချိတ် ဆက် အ သက် ကူ ရှူ ရန် )
ယျေ ဘု ယျ အား ဖြင် ကု တင် ၇၅ ဆန့် ကယ် ဆယ် ကု သ ရေး ဌာ န တစ် ခု တွင်
ကု တင် ၅၀ သည် သည်း ထန် မှု အ ဆင့် (၂) လူ နာ များ အ တွက် ဖြစ် မည်
ကျန် ၂၅ ကု တင် သည် သည်း ထန် မှု အ ဆင့် ( ၃) လူ နာ များ အ တွက် ဖြစ် မည်။
နေ့ စဉ် ဖြစ် တည် လာ သော လူ နာ အ သစ် များ၊ သည်း ထန် မှု အ ဆင့် အ လိုက် လူ နာ များ ၏ ၏ လက် တွေ့ မြေ ပြင် အ ရေ အ တွက် ပေါ် မူ တည် ၍၊ (၂၀ စု ကြီး ကြပ် များ မှ သတင်း ပေး ပို့ လာ သော အ ချက် အ လက် များ ကို စစ် ဆေး တွက် ချက် ကြည့် သော အ ခါ ရ မည် )
ကယ် ဆယ် ကု သ ရေး ဌာ န ၏ ကု တင် အ ရေ အ တွက်၊ လို အပ် မည့် ကယ် ဆယ် ကု သ ရေး ပ စ္စည်း ကိ ရိ ယာ အ ရေ အ တွက်၊ ဆေး ဝါး နှင့် ဌာ န ၏ အ ရွယ် အ စား စ သည် တို့ ကို လို တိုး ပို လျှော့ ပြု လုပ် သင့် သည်။ သို့ မှ သာ လို အပ် ချက် များ အား လုံး ပြတ် လပ် မှု မ ရှိ စေ ရန် သိ ပ္ပံ နည်း ကျ တွက် ချက် ဆောင် ရွက် နိုင် မည်။
၉ ။ လို အပ် မည့် အ ဓိ က ဆေး ဝါး များ
၁။ Covifor ( Remdesivir ) Made in India နှင့် အ လား တူ ဆေး များ (ကို ဗစ် ပိုး ကို သတ် သည့် အ ကြော ဆေး ထိုး ဆေး ဖြစ် သည် ) ဆီး ချို သွေး တိုး ကိုယ် ခံ အား နည်း သည့် ရော ဂါ အ ခံ များ ရှိ သော သူ များ ၊ Covid positive ဖြစ် ဖြစ် ချင်း အ မြန် ဆုံး ထိုး သင့် သည့် ဆေး ဖြစ် သည်။ နောက် ကျ ထိုး လျှင် သိပ် အ ကျိုး မ ရှိ နိုင် ပါ။
၂။ Dexamethasone ( အ ဆုပ် ယောင် ယမ်း ခြင်း ကို လျှော့ ပေး သည့် အ တွက် အ သက် ရှူ ကြပ် မ သေ ဆုံး ရန် ကာ ကွယ် ပေး သည်)
၃။ Prednisolone ( Dexa မ ရ လျှင် အစား ထိုး သုံး ၍ ရ သော အ လား တူ ဆေး ဖြစ် သည် )
ပုံ တွင် ပြ ထား သည်။
အ မှတ် တံ ဆိပ် တူ စ ရာ မ လို၊ ပါ ဝင် သော ဆေး အ မည် သာ တူ ရန် လို သည်။
Dexamethasone နှင့် Prednisolone သည် အ ခြား သော ဆေး များ ဖြစ် သည့် Remdesivir, Enoxaparin တို့ ထက် ဈေး သက် သာ ပြီး၊ အ စွမ်း အ ထက် ဆုံး အ သက် ကယ် ဆေး အ ဖြစ် အ သုံး ပြု နိုင် သည်။ ထို့ ကြောင့် မြန် မာ နိုင် ငံ ရှိ လူ အ မျး စု နှင့် အ ထူး သင့် လျော် သည်။
၎။ သွေး ကြဲ ဆေး သောက် ဆေး Aspirin ( မြန် မာ လူ မျိုး အ များ စု သည် သွေး ပျစ် သွေး ခဲ သော အ ခြေ အ နေ များ မ ရှိ သော ကြောင့်၊ မြန် မာ ကို ဗစ် ၁၉ လူ နာ များ တွင် အ ဆုပ် တွင်း သွေး ခဲ မှု ရှိ မ ရှိ သေ ဆုံး ပြီး သော လူ နာ များ ကို ရင် ခွဲ စစ် ဆေး သု တေ သ န များ ပြု သင့် သည်။ သွေး စစ် ကြည့် ၍ D-dimer ဟု ခေါ် သော ခန္ဓာ ကိုယ် ၏ တစ် နေ ရာ ရာ တွင် သွေး ခဲ နေ ကြောင်း ကို သိပ္ပံ နည်း ကျ ညွှန် ပြ သည့် ပ မာ ဏ တက် နေ လျှင် သွေး ကြဲ ဆေး ကို ထည့် သောက် သင့် သည်။ ဖြစ် နိုင် လျှင် အောက် တွင် ဖော် ပြ ထား သော သွေး ကြဲ ဆေး ထိုး ဆေး များ ကို ထိုး နိုင် သည်။
၅။ သွေး ကြဲ ဆေး ထိုး ဆေး များ Enoxaparin, Tinzaparin
၆။ ပိုး သတ် ဆေး များ 3rd Generation Cephalosporins= cefixime, Augmentin, Clindamycin, Respiratory quinolones = Levofloxacin ( ကို ဗစ် ၁၉ ဗိုင်း ရပ်စ် ကြောင့် အ ဆုပ် လေ ပြွန် စ သည် တို့ ယောင် ယမ်း ချိန် တွင် ၊ ဘက် တီး ရီး ယား များ ဝင် တတ် သ ဖြင့် ဘက် တီး ရီး ယား များ ကို သေ စေ နိုင် သော ပိုး သတ် ဆေး များ ဖြင့် ကု သ ရန် လို အပ် ကောင်း လို အပ် မည်။ ဥ ပ မာ။ ။ သ လိပ် ဝါ နေ ခြင်း၊ အ ဖျား ကျ ပြီး ပြန် တက် လာ ခြင်း၊
၁၀။ အ ထက် ဖော် ပြ ပါ ကယ် ဆယ် ကု သ ရေး ဆိုင် ရာ အ ဓိ က ကျ သော ပ စ္စည်း ကိ ရိ ယာ များ ၊ ဆေး ဝါး များ ကို ကြား ပွဲ စား အ ဝယ် တော် မ ခံ ဘဲ၊ ဦး ဆောင် စီ စဉ် သည့် ပု ဂ္ဂိုလ် တစ် ဦး တစ် ဖွဲ့ တည်း မှ www.alibaba.com မှ တိုက် ရိုက် မှာ ယူ တင် သွင်း ယူ ဆောင် သင့် သည်။ အ စိုး ရ အ ဖွဲ့ အ စည်း မှ ဦး စီး စိ စဉ် သည် ရှိ သော် သက် ဆိုင် ရာ ပင် ရင်း များ နှင့် ဆက် သွယ် ၍၊ government to government ဝယ် ယူ တင် သွင်း သင့် သည်။
မှတ် ချက်။ ။ ယ ခု လို အ ရေး ကြီး သော အ ချိန် များ တွင် အ မြတ် အ စွန်း ကို စဉ်း စား သော လူ ပု ဂ္ဂိုလ် သို့ မ ဟုတ် အ ဖွဲ့ အစည်း သည် မြန် မာ တစ် မျိုး သား လုံး ၏ ဘုံ ရန် သူ ပင် ဖြစ် သည် ဟု ဆို ရ မည်။ အ မြတ် မ တင် လျှင်၊ ငွေ ပို သ ဖြင့် ဆေး ဝါး ပ စ္စည်း ကိ ရိ ယာ ပို မို ဝယ် ယူ နိုင် ပြီး၊ ပို မို အ သက် ကယ် တင် နိုင် မည် ဖြစ် သော ကြောင့် ပင်။
အ ပိုင်း ၂ ၏ နိ ဂုံး ချုပ် တွင် သိ မြင် စေ ချင် သော အ ချက် များ မှာ
အား လုံး တက် ညီ လက် ညီ ဖြင့် ပူး ပေါင်း ကြံ စည် ဆောင် ရွက် မည် ဆို လျင်
၁)အ ဆင့် အ တန်း တစ် ခု ရှိ သော၊ လူ ရို သေ ရှင် ရို သေ အ ဆင့် ရှိ သော၊ ကို ဗစ် ၁၉ ကယ် ဆယ် ကု သ ရေး ဌာ န များ ကို၊ သိ ပ္ပံ နည်း ကျ တိုး ချဲ့ တည် ဆောက် နိုင် မည်
၂) လို အပ် ချက် များ ဖြစ် သည့် ၊ ဆေး ဝါး ပ စ္စည်း ကိ ရိ ယာ များ လုံး ဝ ပြတ် လပ် မှု မ ရှိ အောင် သိ ပ္ပံ နည်း ကျ ကြို တင် တွက် ချက်စီ မံ မှာ ယူ ဖြည့် တင်း နိုင် မည် ဖြစ် ပြီး၊ စဉ် ဆက် မ ပြတ် ကယ် ဆယ် ကု သ ရေး လုပ် ငန်း များ ကို အ ကောင်း ဆုံး ဆောင် ရွက် သွား နိုင် မည်
၃)ကို ဗစ် ၁၉ လူ နာ များ ၏ အ သက် ကို ထိ ထိ ရောက် ရောက် ကယ် တင် အ ကျိုး ပြု နိုင် မည့် ကို ဗစ် ၁၉ ကယ် ဆယ် ကု သ ရေး ဌာ န များ ကို မျက် ဝါး ထင် ထင် လက် ဆုတ် လက် ကိုင် ဖြင့် ဂုဏ် ယူ ဝင့်  ကြွား စွာ ပြ သ နိုင် မည်။
၎)အ လှူ ရှင် များ၊ပံ့ ပိုး သူ များ နှင့် အ စိုး ရ မှ ခွင့် ပြု ပေး သော ဘတ် ဂျက် အ ထူး ကောင်း မွန် ပါ က၊ က မ္ဘာ့ အ ဆင့် မှီ သည် အ ထိ တည် ဆောက် လုပ် ဆောင် ပြ နိုင် မည် ဖြစ် ပါ သည်။
မြန် မာ နိုင် ငံ အ တွင်း မှီ တင်း နေ ထိုင် ကြ သော လူ သား များ အ ကျိုး အ တွက်၊ အ ထက် ဖော် ပြ ပါ ယျေ ဘု ယျ အ ကြံ ဉာဏ် များ ကို တိုက် ရိုက် ဖြစ် စေ မှီ ငြမ်း ဉာဏ် ကွန့် ၍ ဖြစ် စေ မည် သူ မ ဆို ရ ယူ အ သုံး ပြု နိုင် ကြ ပါ သည်။
ခင် မင် လေး စား လျက်
ဒေါက် တာ အောင် ခိုင် ဖြိုး
21 July 2021
အ ပိုင်း ၃ (implementation) ဆက် ရန် ရှိ သည်